ယခုဘဏ္ဍာနှစ် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှု ကန်ဒေါ်လာ ၁၄ ဘီလျံကျော် ထိရှိခဲ့

ယခုဘဏ္ဍာနှစ် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှု ကန်ဒေါ်လာ ၁၄ ဘီလျံကျော် ထိရှိခဲ့

နိုင်ငံတကာနှင့် ကုန်သွယ်ရာတွင် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှု ပမာဏမှာ  ယခုဘဏ္ဍာရေး နှစ်အတွင်း ဆယ်လေးဘီလျံကျော်ရှိလာခဲ့ကာ ထိုပမာဏမှာ ပုံမှန်ကုန်သွယ်မှုပမာဏ၏ ရာခိုင်နူန်း ခုနှစ်ဆယ် ကျော်ထိရှိခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည့် ဇွန်လအတွင်း ထုတ်ပြန် သည့် ဘဏ္ဍာနှစ် အလိုက် ပုံမှန်/ နယ်စပ်  ပို့ ကုန်၊ သွင်းကုန်၊ ကုန် သွယ်မှုပမာဏ အခြေအနေ စာရင်းအရ သိရပါတယ်။

ဧပြီလအတွင်း  ပြည်ပနိုင်ငံများနှင့် ပင်လယ်ရေကြောင်းမှ ကုန်သွယ်ရာတွင် အမေရိကန်ဒေါ်လာ နှစ်ဘီလျံ ခန့် (၁၉၀၈ ဒသမ ၄၁၆ သန်း) ကုန်သွယ်ခဲ့ပြီး ထိုပမာဏထဲတွင် ပို့ကုန် ကန်ဒေါ်လာ၆၄၉ ဒသမ ၉၁၈ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၁၂၅၈  ဒသမ ၄၉၈ သန်း ရှိခဲ့ပြီး ကုန်သွယ်မှု လိုငွေ  ကန်ဒေါ်လာ ၆၀၈ ဒသမ ၅၈  သန်းဖြစ်ပေါ်ခဲ့ပါတယ်။

အဆိုပါ ခုနှစ်လတာကာလအတွင်း  ပင်လယ်ရေကြောင်း မှ ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှု ပမာဏမှာ ပို့ကုန်အမေရိကန် ဒေါ်လာ ၅၃၅၆ ဒသမ ၆၃၀ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၈၇၇၈ ဒသမ ၇၀၄ သန်း တင်သွင်းခဲ့ကာ ခုနှစ်လတာအတွင်း ရေကြောင်းမှ ကုန်သွယ်မှု ကန်ဒေါ်လာ ၁၄၁၃၅  ဒသမ ၃၃၄ သန်းရှိခဲ့ကြောင်း သိရပါတယ်။    

စီးပွား/ ကူးသန်းဝန်ကြီးဌာနက ထုတ်ပြန် သည့် ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုပမာဏ အခြေအနေစာရင်း ဇယားအရ ၂၀၁၈ အောက်တိုဘာမှ ၂၀၁၉  ဧပြီလအအထိ ၇  လတာ ကာလအတွင်း မြန်မာနိုင်ငံနှင့်  ပြည်ပနိုင်ငံများအကြား ကုန်သွယ် သည့် ပမာဏမှာ ပို့ကုန်အမေရိကန် ဒေါ်လာ ၉၈၁၂ ဒသမ ၁၁၈ သန်း နှင့် သွင်းကုန်အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၀၄၇၉ ဒသမ ၄၅၃ သန်း၊ စုစုပေါင်း ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၀၂၉၁  ဒသမ ၅၇၁  သန်း ဖိုးကုန်သွယ်ခဲ့ကာ ကုန်သွယ်မှု လိုငွေ ကန်ဒေါ်လာ ၆၆၇ ဒသမ ၃၃၅ သန်း ဖြစ်ပေါ် ခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ ဇွန် ၃၀

(  Zawgyi  )

 ႏိုင္ငံတကာႏွင့္ ကုန္သြယ္ရာတြင္ ပင္လယ္ေရေၾကာင္းမွ ကုန္သြယ္မႈ ပမာဏမွာ  ယခုဘ႑ာေရး ႏွစ္အတြင္း ဆယ္ေလးဘီလ်ံေက်ာ္ရွိလာခဲ့ကာ ထိုပမာဏမွာ ပုံမွန္ကုန္သြယ္မႈပမာဏ၏ ရာခိုင္ႏူန္း ခုႏွစ္ဆယ္ ေက်ာ္ထိရွိခဲ့ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္သည့္ ဇြန္လအတြင္း ထုတ္ျပန္ သည့္ ဘ႑ာႏွစ္ အလိုက္ ပုံမွန္/ နယ္စပ္  ပို႔ ကုန္၊ သြင္းကုန္၊ ကုန္ သြယ္မႈပမာဏ အေျခအေန စာရင္းအရ သိရပါတယ္။

ဧၿပီလအတြင္း  ျပည္ပႏိုင္ငံမ်ားႏွင့္ ပင္လယ္ေရေၾကာင္းမွ ကုန္သြယ္ရာတြင္ အေမရိကန္ေဒၚလာ ႏွစ္ဘီလ်ံ ခန႔္ (၁၉၀၈ ဒသမ ၄၁၆ သန္း) ကုန္သြယ္ခဲ့ၿပီး ထိုပမာဏထဲတြင္ ပို႔ကုန္ ကန္ေဒၚလာ၆၄၉ ဒသမ ၉၁၈ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၁၂၅၈  ဒသမ ၄၉၈ သန္း ရွိခဲ့ၿပီး ကုန္သြယ္မႈ လိုေငြ  ကန္ေဒၚလာ ၆၀၈ ဒသမ ၅၈  သန္းျဖစ္ေပၚခဲ့ပါတယ္။

အဆိုပါ ခုႏွစ္လတာကာလအတြင္း  ပင္လယ္ေရေၾကာင္း မွ ျပည္ပႏိုင္ငံမ်ားႏွင့္ ကုန္သြယ္မႈ ပမာဏမွာ ပို႔ကုန္အေမရိကန္ ေဒၚလာ ၅၃၅၆ ဒသမ ၆၃၀ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၈၇၇၈ ဒသမ ၇၀၄ သန္း တင္သြင္းခဲ့ကာ ခုႏွစ္လတာအတြင္း ေရေၾကာင္းမွ ကုန္သြယ္မႈ ကန္ေဒၚလာ ၁၄၁၃၅  ဒသမ ၃၃၄ သန္းရွိခဲ့ေၾကာင္း သိရပါတယ္။    

စီးပြား/ ကူးသန္းဝန္ႀကီးဌာနက ထုတ္ျပန္ သည့္ ဘ႑ာႏွစ္အလိုက္ ပုံမွန္/နယ္စပ္ (ႏိုင္ငံအလိုက္) ပို႔ကုန္၊ သြင္းကုန္၊ ကုန္သြယ္မႈပမာဏ အေျခအေနစာရင္း ဇယားအရ ၂၀၁၈ ေအာက္တိုဘာမွ ၂၀၁၉  ဧၿပီလအအထိ ၇  လတာ ကာလအတြင္း ျမန္မာႏိုင္ငံႏွင့္  ျပည္ပႏိုင္ငံမ်ားအၾကား ကုန္သြယ္ သည့္ ပမာဏမွာ ပို႔ကုန္အေမရိကန္ ေဒၚလာ ၉၈၁၂ ဒသမ ၁၁၈ သန္း ႏွင့္ သြင္းကုန္အေမရိကန္ ေဒၚလာ သန္းေပါင္း ၁၀၄၇၉ ဒသမ ၄၅၃ သန္း၊ စုစုေပါင္း ကုန္သြယ္မႈ အေမရိကန္ေဒၚလာ ၂၀၂၉၁  ဒသမ ၅၇၁  သန္း ဖိုးကုန္သြယ္ခဲ့ကာ ကုန္သြယ္မႈ လိုေငြ ကန္ေဒၚလာ ၆၆၇ ဒသမ ၃၃၅ သန္း ျဖစ္ေပၚ ခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ ဇြန္ ၃၀