လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယ ကုန်းတွင်းသို့ ဝင်ရောက်သည့် အချိန်မှသာ ပိုမိုအားကောင်းလာနိုင်

လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယ ကုန်းတွင်းသို့ ဝင်ရောက်သည့် အချိန်မှသာ ပိုမိုအားကောင်းလာနိုင်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယ ကုန်းတွင်းသို့ ဝင်ရောက်သည့် အချိန်မှသာ ပိုမိုအားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်တယ်လို့ မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က Opinion Leaders Media ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

“လောလောဆယ် အားကအကောင်းကြီးတော့ မဟုတ်သေးဘူး။သင်္ချာမော်ဒန်ပြု ပုံစံတွေရဲ့ တွက်ထုတ်ချက်အရ အိန္ဒိယ ကုန်းထဲကို ဝင်တဲ့အချိန်မှ အားကောင်းလာနိုင်တဲ့ အနေအထားမျိုးလေးတွေ တွေ့ရတယ်” လို့ ဆိုပါတယ်။

မိုးလေဝသ တိုင်းတာရေးစက်များ၏ တွက်ချက်မှုအရ ဇူလိုင်လ ၂ ရက် (သို့မဟုတ်) ၃ ရက်နေ့တွင် မုန်တိုင်းငယ် ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။“တချို့တွေမှာ ၂ ရက်နေ့လောက် မုန်တိုင်းငယ် ဖြစ်လာနိုင်တယ်လို့ ပြတယ်” လို့ ဆိုပါတယ်။

လက်ရှိဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မိုးသက်လေပြင်းများ ကျရောက်နိုင်တဲ့အတွက် မြန်မာ့ကမ်းရိုးတန်းတလျှောက်၊ မြစ်ချောင်းအနီး နေထိုင်သူများနဲ့ တောင်ကုန်းတောင်တန်းဒေသ နေထိုင်သူများ အထူးသတိပြု နေထိုင်ကြရန် လိုအပ်တယ်လို့လည်း ဆိုပါတယ်။

“ဒီရက်ပိုင်းတွေမှာ မုတ်သုန်လေ အားကောင်းရာကနေ အားအလွန်ကောင်းတဲ့ အနေအထားတွေ ရှိတယ်။ကမ်းရိုးတန်းတလျှောက်လုံးမှာတော့ ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီးတော့မှ ရေပြင် မြေပြင် လေဟာ ၁ နာရီကို မိုင် ၄၀ အထိ တိုက်နိုင်တဲ့ အနေအထားရှိတယ်။ကမ်းရိုးတန်းတလျှောက်မှာ နေရာကွက် မိုးကြီးတာတို့ ဒေသအလိုက် မိုးကြီးတာတို့တွေ ရှိတယ်။
မြစ်ငယ်ချောင်းငယ်တွေမှာ ရေပြည့်လျှံမှု သတိပြုဖို့လိုတယ်။တောင်ကုန်းတောင်တန်း ဒေသတွေမှာ မြေပြိုမှုတွေ သတိပြုဖို့လိုတယ်” လို့ ပြောကြားခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇူလိုင် - ၁

( Zawgyi )

ဘဂၤလားပင္လယ္ေအာ္တြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္းသည္ အိႏၵိယ ကုန္းတြင္းသို႔ ဝင္ေရာက္သည့္ အခ်ိန္မွသာ ပိုမိုအားေကာင္းလာႏိုင္ၿပီး မုန္တိုင္းငယ္အျဖစ္သို႔ ေရာက္ရွိလာႏိုင္တယ္လို႔ မိုး/ဇလ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦး က Opinion Leaders Media ရဲ႕ ေမးျမန္းမႈကို ေျဖၾကားခဲ့ပါတယ္။

“ေလာေလာဆယ္ အားကအေကာင္းႀကီးေတာ့ မဟုတ္ေသးဘူး။သခ်ၤာေမာ္ဒန္ျပဳ ပုံစံေတြရဲ႕ တြက္ထုတ္ခ်က္အရ အိႏၵိယ ကုန္းထဲကို ဝင္တဲ့အခ်ိန္မွ အားေကာင္းလာႏိုင္တဲ့ အေနအထားမ်ိဳးေလးေတြ ေတြ႕ရတယ္” လို႔ ဆိုပါတယ္။

မိုးေလဝသ တိုင္းတာေရးစက္မ်ား၏ တြက္ခ်က္မႈအရ ဇူလိုင္လ ၂ ရက္ (သို႔မဟုတ္) ၃ ရက္ေန႔တြင္ မုန္တိုင္းငယ္ ျဖစ္ေပၚလာႏိုင္တယ္လို႔ ဆိုပါတယ္။“တခ်ိဳ႕ေတြမွာ ၂ ရက္ေန႔ေလာက္ မုန္တိုင္းငယ္ ျဖစ္လာႏိုင္တယ္လို႔ ျပတယ္” လို႔ ဆိုပါတယ္။

လက္ရွိျဖစ္ေပၚေနသည့္ ေလဖိအားနည္းရပ္ဝန္း အရွိန္ေၾကာင့္ မိုးသက္ေလျပင္းမ်ား က်ေရာက္ႏိုင္တဲ့အတြက္ ျမန္မာ့ကမ္း႐ိုးတန္းတေလွ်ာက္၊ ျမစ္ေခ်ာင္းအနီး ေနထိုင္သူမ်ားနဲ႔ ေတာင္ကုန္းေတာင္တန္းေဒသ ေနထိုင္သူမ်ား အထူးသတိျပဳ ေနထိုင္ၾကရန္ လိုအပ္တယ္လို႔လည္း ဆိုပါတယ္။

“ဒီရက္ပိုင္းေတြမွာ မုတ္သုန္ေလ အားေကာင္းရာကေန အားအလြန္ေကာင္းတဲ့ အေနအထားေတြ ရွိတယ္။ကမ္း႐ိုးတန္းတေလွ်ာက္လုံးမွာေတာ့ ရံဖန္ရံခါ မိုးသက္ေလျပင္းက်ၿပီးေတာ့မွ ေရျပင္ ေျမျပင္ ေလဟာ ၁ နာရီကို မိုင္ ၄၀ အထိ တိုက္ႏိုင္တဲ့ အေနအထားရွိတယ္။ကမ္း႐ိုးတန္းတေလွ်ာက္မွာ ေနရာကြက္ မိုးႀကီးတာတို႔ ေဒသအလိုက္ မိုးႀကီးတာတို႔ေတြ ရွိတယ္။
ျမစ္ငယ္ေခ်ာင္းငယ္ေတြမွာ ေရျပည့္လွ်ံမႈ သတိျပဳဖို႔လိုတယ္။ေတာင္ကုန္းေတာင္တန္း ေဒသေတြမွာ ေျမၿပိဳမႈေတြ သတိျပဳဖို႔လိုတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဇူလိုင္ - ၁