အလုပ်သမားသပိတ်အကြမ်းဖက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကိစ္စအား တိုင်းအစိုးရဝင်ရောက် ဖြေရှင်းပေးရန်တောင်းဆို

အလုပ်သမားသပိတ် အကြမ်းဖက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ကိစ္စအား တိုင်းအစိုးရဝင်ရောက် ဖြေရှင်းပေး ရန်တောင်းဆို

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ Hong Ri ပိုက်ဆံအိတ်စက်ရုံတွင် အလုပ်သမား သပိတ်အကြမ်း ဖက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသည့်ကိစ္စအား တိုင်းအစိုးရမှ ဝင်ရောက်ဖြေရှင်းပေးရန် ယနေ့ ဇူလိုင်လ ၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid ဟိုတယ်မှာသတင်း စာရှင်းလင်းပွဲပြု လုပ်တောင်း ဆိုခဲ့ကြပါ တယ်။

 Hong Ri စက်ရုံအလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုကျော်သက်လွင်က အလုပ်ရှင်နှင့်အလုပ်သမား နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုမှုကို အလုပ်ရှင်မှ လိုက်နာဆောင်ရွက်ပေးခြင်းမရှိတဲ့ အတွက် စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့် လှစ် ဆန္ဒပြခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ဇွန်လ ၂၈ ရက် ည ၁၂ နာရီအချိန်ခန့်တွင် လူ ၂၀ ခန့်ရောက်ရှိလာပြီး စက်ရုံအတွင်းသို့ ၁၅ ဦးခန့်ဝင်သွားကြောင်း၊စက်ရုံအတွင်း ဝင်ရောက်သွားသူများ ပြန်ထွက် လာချိန်တွင် ဆန္ဒပြ အလုပ်သမားများအား ရန်စပြီး ဓား၊တုတ်၊လေးခွ များဖြင့် ပစ်ခတ်ရိုက်နှက် ခဲ့တဲ့အတွက် လူ ၂၀ ဦး ဒဏ်ရာရရှိ ခဲ့ပြီး ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“ဒီလိုမတရားမှုတွေ ခံနေရတာကို ဥပဒေကိုချိုးဖောက်နေတဲ့ အလုပ်ရှင် ၊မြန်မာနိုင်ငံက အလုပ်ရှင် တော်တော် များများကို ဥပဒေအရ အရေးုယူဆောင်ရွက်ပေးဖို့ လုပ်ဆောင်ရခြင်းဖြစ်တယ်”လို့ ကိုကျော်သက်လွင်က ဆိုပါတယ်။ မြန်မာနိုင်ငံကုန်ထုတ်စက်မှုလက်မှုလုပ်ငန်း အလုပ်သမားများ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကိုရဲသူရက လက်ရှိအချိန်တွင် အကြမ်းဖက်ဖြိုခွင်းခံရသည့် ကိစ္စရပ်အား လှိုင်သာယာမြို့နယ် ရဲစခန်းတွင် အမှုဖွင့်လှစ် ထားကြောင်း၊ ရန်ကုန်တိုင်းအစိုးရအနေဖြင့် ယခုဖြစ်စဉ်အား တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)  
ရန်ကုန်၊ ဇူလိုင် ၁ 

(  Zawgyi  )

 လႈိင္သာယာၿမိဳ႕နယ္၊ ေ႐ႊလင္ပန္းစက္မႈဇုန္ရွိ Hong Ri ပိုက္ဆံအိတ္စက္႐ုံတြင္ အလုပ္သမား သပိတ္အၾကမ္း ဖက္ခံရမႈေၾကာင့္ ထိခိုက္ဒဏ္ရာ ရရွိသည့္ကိစၥအား တိုင္းအစိုးရမွ ဝင္ေရာက္ေျဖရွင္းေပးရန္ ယေန႔ ဇူလိုင္လ ၁ ရက္ နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕ ဗိုလ္တေထာင္ဘုရားလမ္းရွိ Orchid ဟိုတယ္မွာသတင္း စာရွင္းလင္းပြဲျပဳ လုပ္ေတာင္း ဆိုခဲ့ၾကပါ တယ္။

 Hong Ri စက္႐ုံအလုပ္သမားတစ္ဦးျဖစ္တဲ့ ကိုေက်ာ္သက္လြင္က အလုပ္ရွင္ႏွင့္အလုပ္သမား ႏွစ္ဦးသေဘာတူ စာခ်ဳပ္ခ်ဳပ္ဆိုမႈကို အလုပ္ရွင္မွ လိုက္နာေဆာင္႐ြက္ေပးျခင္းမရွိတဲ့ အတြက္ စက္႐ုံေရွ႕တြင္ သပိတ္စခန္းဖြင့္ လွစ္ ဆႏၵျပခဲ့ေၾကာင္း၊ ၂၀၁၉ ခုႏွစ္ ဇြန္လ ၂၈ ရက္ ည ၁၂ နာရီအခ်ိန္ခန႔္တြင္ လူ ၂၀ ခန႔္ေရာက္ရွိလာၿပီး စက္႐ုံအတြင္းသို႔ ၁၅ ဦးခန႔္ဝင္သြားေၾကာင္း၊စက္႐ုံအတြင္း ဝင္ေရာက္သြားသူမ်ား ျပန္ထြက္ လာခ်ိန္တြင္ ဆႏၵျပ အလုပ္သမားမ်ားအား ရန္စၿပီး ဓား၊တုတ္၊ေလးခြ မ်ားျဖင့္ ပစ္ခတ္႐ိုက္ႏွက္ ခဲ့တဲ့အတြက္ လူ ၂၀ ဦး ဒဏ္ရာရရွိ ခဲ့ၿပီး ၆ ဦး အျပင္းအထန္ ဒဏ္ရာရရွိခဲ့တယ္လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

“ဒီလိုမတရားမႈေတြ ခံေနရတာကို ဥပေဒကိုခ်ိဳးေဖာက္ေနတဲ့ အလုပ္ရွင္ ၊ျမန္မာႏိုင္ငံက အလုပ္ရွင္ ေတာ္ေတာ္ မ်ားမ်ားကို ဥပေဒအရ အေရးုယူေဆာင္႐ြက္ေပးဖို႔ လုပ္ေဆာင္ရျခင္းျဖစ္တယ္”လို႔ ကိုေက်ာ္သက္လြင္က ဆိုပါတယ္။ ျမန္မာႏိုင္ငံကုန္ထုတ္စက္မႈလက္မႈလုပ္ငန္း အလုပ္သမားမ်ား အဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္ ကိုရဲသူရက လက္ရွိအခ်ိန္တြင္ အၾကမ္းဖက္ၿဖိဳခြင္းခံရသည့္ ကိစၥရပ္အား လႈိင္သာယာၿမိဳ႕နယ္ ရဲစခန္းတြင္ အမႈဖြင့္လွစ္ ထားေၾကာင္း၊ ရန္ကုန္တိုင္းအစိုးရအေနျဖင့္ ယခုျဖစ္စဥ္အား တာဝန္ယူေျဖရွင္းေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)  
ရန္ကုန္၊ ဇူလိုင္ ၁