“ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့” အခမ်းအနား ရန်ကုန်မြို့မှာ ကျင်းပ

“ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့” အခမ်းအနား ရန်ကုန်မြို့မှာ ကျင်းပ

၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်တွင် ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကို ဒီကနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ရှိ မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။

ဒီကနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကိုတော့ (Journalism and Elections in time of Disinformation) ဆိုတဲ့ “လုပ်ကြံသတင်းခေတ်အတွင်းမှ သတင်းအတတ်ပညာနှင့် ရွေးကောက်ပွဲများ” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံ အခြေစိုက် ယူနက်စ်စကိုအဖွဲ့တို့က ပူးပေါင်းကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ယနေ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားသို့ ပေးပို့တဲ့ နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ သဝဏ်လွှာ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဝဏ်လွှာ အပါအဝင် သတင်းမီဒီယာ အဖွဲ့အစည်း အသီးသီး၏ သဝဏ်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဖတ်ကြားပေးခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Mr.Antonio Guterres ၏ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ သတင်းဗီဒီယိုဖိုင်ကိုလည်း ဖွင့်လှစ်ပြသခဲ့ပါတယ်။

 

အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း နှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ အပါအဝင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဌ  ဦးအုန်းကြိုင် (ဟံသာဝတီ ဦးအုန်းကြိုင်)၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမြ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ သတင်းမီဒီယာသမားများ၊ နိုင်ငံခြားသံတမန်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။

ပြေသိမ်း
ရန်ကုန်၊ မေ - ၃

( Zawgyi )

၂၀၁၉ ခုႏွစ္၊ ေမလ ၃ ရက္တြင္ က်ေရာက္တဲ့ ကမာၻ႔သတင္းလြတ္လပ္ခြင့္ေန႔ အခမ္းအနားကို ဒီကေန႔ နံနက္ပိုင္းအခ်ိန္က ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမမွာ က်င္းပခဲ့ပါတယ္။

ဒီကေန႔မွာ က်ေရာက္တဲ့ ကမာၻ႔သတင္းလြတ္လပ္ခြင့္ေန႔ကိုေတာ့ (Journalism and Elections in time of Disinformation) ဆိုတဲ့ “လုပ္ႀကံသတင္းေခတ္အတြင္းမွ သတင္းအတတ္ပညာႏွင့္ ေ႐ြးေကာက္ပြဲမ်ား” ေခါင္းစဥ္ျဖင့္ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီႏွင့္ ျမန္မာႏိုင္ငံ အေျခစိုက္ ယူနက္စ္စကိုအဖြဲ႕တို႔က ပူးေပါင္းက်င္းပ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ယေန႔ ကမာၻ႔သတင္းလြတ္လပ္ခြင့္ေန႔ အခမ္းအနားသို႔ ေပးပို႔တဲ့ ႏိုင္ငံေတာ္သမၼတ၏ သဝဏ္လႊာ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၏ သဝဏ္လႊာ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ သဝဏ္လႊာ အပါအဝင္ သတင္းမီဒီယာ အဖြဲ႕အစည္း အသီးသီး၏ သဝဏ္လႊာမ်ားကို သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက ဖတ္ၾကားေပးခဲ့ၿပီး ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Mr.Antonio Guterres ၏ ကမာၻ႔သတင္းလြတ္လပ္ခြင့္ေန႔ သတင္းဗီဒီယိုဖိုင္ကိုလည္း ဖြင့္လွစ္ျပသခဲ့ပါတယ္။

အဆိုပါအခမ္းအနားသို႔ ျပန္ၾကားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဖျမင့္၊ ဒုတိယဝန္ႀကီး ဦးေအာင္လွထြန္း ႏွင့္ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ သက္ပုံ အပါအဝင္ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီ ဥကၠဌ  ဦးအုန္းႀကိဳင္ (ဟံသာဝတီ ဦးအုန္းႀကိဳင္)၊ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး၊ ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ ဥကၠဌ ဦးဝင္းျမ၊ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ သတင္းမီဒီယာသမားမ်ား၊ ႏိုင္ငံျခားသံတမန္မ်ားႏွင့္ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ား တက္ေရာက္ခဲ့ၾကပါတယ္။

ေျပသိမ္း
ရန္ကုန္၊ ေမ - ၃