【 ပြည်တွင်း 】 မြန်မာဒုက္ခသည်များအတွက် ထိုင်းအစိုးရက လူသားချင်းစာနာမှုအကူအညီ စတင်ပေးအပ်

【 ပြည်တွင်း 】 မြန်မာဒုက္ခသည်များအတွက် ထိုင်းအစိုးရက လူသားချင်းစာနာမှုအကူအညီ စတင်ပေးအပ်

ရန်ကုန်၊ မတ် - ၂၅

မြန်မာဒုက္ခသည် နှစ်သောင်းကို ပေးအပ်မည့် ထောက်ပံ့ရေးပစ္စည်းများကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ကနေ မြန်မာဘက်ခြမ်း ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်ကို မတ်လ ၂၅ ရက်နေ့မှာ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

လူနှစ်သောင်းခန့်အတွက် ဆန်၊ ရိက္ခာခြောက်နှင့် ထောက်ပံ့ရေးပစ္စည်းများအပါအဝင် ကယ်ဆယ်ရေးအိတ် လေးထောင်ကျော်ကို မြဝတီခရိုင် မြန်မာကြက်ခြေနီအဖွဲ့ဆီ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံကြက်ခြေနီအသင်းများပေါင်းပြီး လူသားချင်းစာနာမှု အကူအညီများပေးအပ်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အတည်ပြုခဲ့ပြီးနောက် ထိုင်းဘက်က အကူအညီပေးရေးလုပ်ငန်းများ စတင်လာခြင်းဖြစ်ပါတယ်။

အဆိုပါအကူအညီများကို ကရင်ပြည်နယ်အတွင်း စတင်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ၏ စာရင်းများအရ ကရင်ပြည်နယ်မှာ စစ်ဘေးရှောင်ဒုက္ခသည် နှစ်သိန်းနီးပါးရှိကြောင်း သိရပါတယ်။

အောင်အောင်