UNCACအကောင်အထည်ဖော်ဆောင်မှု ပြန်လည် သုံးသပ်ရေး လုပ်ငန်းစဉ် ဒုတိယ စက်ဝန်းတွင် မြန်မာနိုင်ငံ၏ Country Report ထုတ်ပြန်နိုင်ရေးတွေ့ ဆုံဆွေးနွေးပွဲပြုလုပ်

  UNCACအကောင်အထည်ဖော်ဆောင်မှု ပြန်လည် သုံးသပ်ရေး လုပ်ငန်းစဉ် ဒုတိယ စက်ဝန်းတွင် မြန်မာနိုင်ငံ၏ Country Report ထုတ်ပြန်နိုင်ရေးတွေ့ ဆုံဆွေးနွေးပွဲပြုလုပ်

ကုလသမဂ္ဂအဂတိတိုက်ဖျက်ရေးကွန်ဗင်းရှင်UNCACအကောင်အထည်ဖော်ဆောင်မှုပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်ဒုတိယစက်ဝန်းတွင်မြန်မာနိုင်ငံ၏Country Reportထုတ်ပြန်နိုင်ရေး အတွက်ညှိ့နှိုင်းဆွေးနွေးပြုလုပ်ရေးအတွက်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းနေပြည်တော်၊ Grand Amara Hotelတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကုလသမဂ္ဂအဂတိတိုက်ဖျက်ရေးကွန်ဗင်းရှင်UNCACအကောင်အထည်ဖော်ဆောင်မှုပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်ဒုတိယစက်ဝန်းတွင်ကွန်ဗင်းရှင်၏အခန်း(၂)Preventive Measuresနှင့် အခန်း (၅) Asset Recoveryတို့အပေါ်မြန်မာနိုင်ငံ၏ဆောင်ရွက်မှုအားအီရတ်နှင့်ဥဇဘက် ကစ္စတန် နိုင်ငံ တို့မှပြန်လည် သုံးသပ်မှုပြုလုပ် မည်ဖြစ်ကြောင်းပြန်လည် သုံးသပ်ရေး လုပ်ငန်းစဉ် ဒုတိယ စက်ဝန်း၏နောက်ဆုံး အဆင့်ဖြစ်သော နိုင်ငံသုံးသပ်ချက်အစီရင်ခံစာ(Country Report)ထုတ်ပြန်နိုင်ရေးအတွက်(Des k Review) ဖြေကြားချက် များအပေါ်ပြန်လည် ညှိ့နှိုင်းဆွေးနွေးမှုများပြုလုပ်မည့်(Country Visit)အစည်း အဝေးဖြစ်ကြောင်းသိရှိရပါတယ်။

ယင်းအခမ်းအနားသို့မြန်မာနိုင်ငံအဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌဦးအောင်ကြည်တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ရာ၊ယခုUNCACအကောင်အထည်ဖော်မှုသုံးသပ်ခြင်းဒုတိယစက်ဝန်းတွင်ကွန်ဗင်ရှင်းပါတာဆီးကာကွယ်ရေးဆောင်ရွက်မှုများနှင့်ပိုင်ဆိုင်ပစ္စည်းများပြန်လည်ရယူခြင်းသတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ကွန်ဗင်းရှင်းပြဌာန်းချက်အပေါ်လိုက်နာလုပ်ဆောင်ခြင်းကိုသုံးသပ်ကျရန်ဖြစ်သည်ဟုနားလည်ပါကြောင်း၊အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်းနှင့်ပတ်သက်၍အသိပညာပေးရေးအစီအစဉ်များဟောပြောပို့ချခြင်းအစီအစဉ်များ၊အသိပညာပေးရုပ်မြင်သံကြားဇတ်လမ်းတိုများ၊သတင်းထုတ်ပြန်မှုများစသည်တို့ကိုပြည်သူများထံရောက်သည်အထိလုပ်ဆောင်လျက်ရှိပါကြောင်း၊အဂတိလိုက်စားကော်မရှင်သည်၂၀၁၈ခုနှစ်တွင်ကျင့်ဝတ်ထုတ်ပြန်ဆောင်ရွက်ခဲ့ပါကြောင်း၊အထူးသဖြင့်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးမဟာဗျူဟာစီမံကိန်း၊(၂၀၁၈-၂၀၂၁)ကိုချမှတ်ပြီးနှစ်အလိုက်စီမံချက် များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက်နိုင်ငံတော်အစိုးရ၏Political Willအဖြစ်ဆောင်ရွက်ခြင်းကိုယခုအခါပြည်ထောင်စုဝန်ကြီး ဌာနများတွင် အဂတိ လိုက်စားမှု တာဆီး ကာကွယ်ရေးအဖွဲ့ များစတင်ဖွဲ့စည်းဆောင်ရွက်နေခြင်း ကသက်သေပြုလျက်ရှိသည်ကိုကျေနပ်ဖွယ်မြင်တွေ့ကြရမည်ဖြစ်ပါကြောင်း၊မြန်မာနိုင်ငံသည်အဂတိတိုက်ဖျက်ရေးလုပ်ငန်းများအားအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်ပြည်တွင်းသာမကနိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့များ၊ဒေသဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့များနှင့်ပူးပေါင်း၍အဂတိလိုက်စားမှုလျော့နည်းပပျောက်ရေးအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲသို့မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကောမရှင်အဖွဲ့ဝင်များ၊လွှတ်တော်ကိုယ်စားလှယ်များ၊ပြည်ထောင်စုဝန်ကြီးဌာနများမှကိုယ်စားလှယ်များ၊UNODC၊ အီရတ်နိုင်ငံနှင့်ဥ ဇဘက် ကစ္စ တန် နိုင်ငံမှကိုယ်စားလှယ်များတက်ရောက်ကြောင်းသိရှိရပါတယ်။

PTG
နေပြည်တော်၊မေ-၆

(  Zawgyi  )





PTG
နေပြည်တော်၊မေ-၆