【 အားကစား 】ရှုံးကြွေး ပြန်ဆပ်မယ့် စပါးလူသာခြေသာတဲ့ မန်စီးတီးကို နိုင်ပါ့မလား

 【 အားကစား 】ရှုံးကြွေး ပြန်ဆပ်မယ့် စပါးလူသာခြေသာတဲ့ မန်စီးတီးကို နိုင်ပါ့မလား

 ချန်ပီယံလိဂ် အုပ်စုအဆင့်မှာပရီးမီးယားလိဂ် အထက်အောက်အဆင့်အသင်း နှစ်သင်းချန်ပီယံလိဂ် မှာလာဆုံတဲ့ အတွက် ဒီပွဲက တစ်ယောက်ခြေကိုတစ်ယောက်သိနေတဲ့ အတွက် ထိန်းကစားပြီးအမှားစောင့် က စားမှာ ဖြစ်လို့ တိုက်စစ်ဖွင့်ကစားဖို့ မသေချာတဲ့ ပွဲတစ်ခုဖြစ်လာမှာသေချာနေပါတယ်။

ပြီးခဲ့တဲ့ရာသီနဲ့ ယခုရာသီမှာစပါးကိုအနိုင်ယူထားခဲ့တဲ့ မန်စီးတီးအသင်းအနေနဲ့ ပထမအကျော့တုန်းက ဝ-၁ နဲ့ အဝေးကွင်းမှာအနိုင်ယူထားခဲ့လို့ ယခုပွဲမှာအိမ်ရှင်အဖြစ်ကစားမယ့် စပါးအသင်းက ပြိုင်ဘက် မန် စီးတီး အသင်းကိုအနိုင်ရဖို့ နည်းဗျူဟာကျကျ ချည်းကပ်လာမှာသေချာနေ ပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းက တိုက်စစ်ပိုင်းမှာရော ၊ကွင်းလယ်မှာရော၊ ဂိုးနဲ့ နောက်တန်းမှာပါ အစစသာနေတဲ့ အတွက် စပါးရဲ့ တိုက်စစ်နဲ့ ကွင်းလယ်ကအလုပ်ဖြစ်ပါ့မလားဆိုတာဆန်းစစ်ခြင်စရာပါ။

ပထမဆုံးမန်စီးတီးနောက်တန်းနဲ့ စပါးနောက်တန်းကိုယှဉ်ကြည့်မယ်ဆိုရင် ဒီရာသီပွဲစဉ် ၃၁ ပွဲအထိ မန်စီးတီးက ၂၁ ဂိုးသာပေးထား ရပြီး စပါးအသင်းက ၃၄ ဂိုးထိပေးထားရပါတယ်။ စပါးရှေ့တန်းကဂိုး ၆၀ သာ သွင်းနိုင်ချိန်မှာမန်စီးတီးအသင်းက ၈၃ ဂိုးထိသွင်းထားနိုင် တာကိုတွေ့ ရပါတယ်။ဒါဟာ မန်စီးတီးဘက်က တိုက် စစ်ပိုင်းနဲ့ နောက်တန်းအပိုင်းမှာသာလွန်တဲ့ အချက်တွေပါ။

ဒီရာသီစပါးအိမ်ကွင်းရလဒ်တွေပိုင်းကိုပြန်ကြည့်မယ်ဆိုရင် အိမ်ကွင်း ၁၅ ပွဲမှာ ၁၀ ပွဲနိုင် ၁ ပွဲသရေ ၄ ပွဲရှုံးထားခဲ့ပါတယ်။မန်စီးတီးကတော့ အဝေးကွင်း ၁၅ ပွဲမှာ ၁၀ ပွဲနိုင် ၂ ပွဲသရေ ၃ ပွဲရှုံးထားပါတယ်။ ချန်ပီယံ လိဂ် မှာစပါးအသင်းရဲ့ အိမ်ကွင်းရလဒ်တွေကို ပြန်ကြည့်ရင် ၄ ပွဲမှာဘာစီလိုနာအသင်းကို ၂-၄ နဲ့ရှုံးခဲ့ပြီး ဒေါ့ မွန်၊အင်တာ ၊ PSV အသင်းတွေကိုအနိုင်ရခဲ့ပါတယ်။မန်စီးတီးကတော့ ချန်ပီယံလိဂ် အဝေးကွင်း ၄ ပွဲမှာလိုင် ယွန် တစ်သင်းကိုသာသရေကျပြီးရှော်လ်ကေး၊ရှက်တာဒိုးနက်၊ ဟော့ဖန်ဟိမ်းအသင်းတွေကို အနိုင်ကစား ခဲ့ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့အသင်းတွေကို ပြန်ကြည့်ရင် အဝေးကွင်းပွဲစဉ်တွေမှာ လီဗာပူးလ်၊ဆောက်သမ် တန်အသင်းတွေကိုရှုံးပြီးပွဲစဉ် ၃၁ အဖြစ် အိမ်ကွင်းမှာခရစ္စတယ်ပဲလေ့စ်အသင်းကိုစပါးကအနိုင်ယူထားပါ တယ်။ မန်စီးတီးကတော့ ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ FA ပွဲမှာ ဂိုးသမားအပါအဝင် နောက်တန်း၊ရှေ့တန်းတွေကို ယခုပွဲ အတွက် အပြောင်းအလဲတွေလုပ်ခဲ့တာကိုတွေ့ရပါတယ်။

ဒီပွဲမှာနှစ်သင်းစလုံးခြေအတက်ဘက်ရောက်နေပေမယ့် ကွင်းလယ်ပိုင်းတည်ငြိမ်မှု၊အချိန်တန်ရင် ဂိုးရနေတဲ့ မန်စီးတီးရဲ့ တြေည်ငြိမ်မှု ကို စပါးအသင်းဘယ်လောက်ထိတောင့်ခံနိုင်မလဲ ဆိုတာစောင့်ကြည့်ရ မယ့်ပွဲပါ။ ပွဲကြိုထွက်ပေါ်လာတဲ့ လူစာရင်းအရပွဲကြို လူစာရင်း အရ စပါးအသင်းကဂိုး-ဟူဂိုလိုရစ်၊နောက်တန်း-ထရစ်ပီယာ၊ဒန်နီရို့စ်၊ အန်ဒါဝီရယ်လ်၊ဗန်တွန်ဂန် ၊အလယ်တန်း- ဟယ်ရီဝင်ခ့်၊ဆစ်ဆိုကို၊ ဒယ်လီအယ်လီ၊အဲရစ် ဆင်၊ ဆွန်ဟောင်မင် ၊ ရှေ့တန်း-ဟယ်ရီကိန်းတို့နဲ့ ပွဲထွက်လာဖို့များပြီး မန်စီးတီးအသင်းမှာဂိုး- အက်ဒါဆန်၊ နောက်တန်း- ဒန်နီလို၊ လာပေါ်တီ၊ မန်ဒီ၊ အော်တာမန်ဒီ၊ အလယ်တန်း-  ဂန်ဒိုဂန်၊ ဒီဘရိုင်း၊ ဖာနန်ဒင်ဟို၊ ရှေ့ တန်း-  ဘာနာဒိုဆေးလ်ဗား၊ ဂါဘရီရယ်လ်ဂျီးဆပ်စ် ၊ စတာလင်တို့ ပါဝင် လာဖို့ ရှိပါတယ်။      

ဒီပွဲမှာတိုက်စစ်ခြင်း ၊ကွင်းလယ်ခြင်း၊ခံစစ်ခြင်းစတဲ့နေရာစုံမှာ သိပ်မကွာကြပေမယ့် ဟယ်ရီကိန်း၊ အယ်လီ၊ ဆွန်ဟောင်မင်တို့တွဲဖက်မိနေတဲ့ တိုက်စစ်ကြောင့် မန်စီးတီးအသင်းအခက်တွေ့ဖွယ်ရှိနေပါတယ်။ ဒီနှစ် သင်းယခုနှစ်အတွင်းတွေ့ဆုံမှုကို ပြန်ကြည့်မယ်ဆိုရင် မန်စီးတီးက စပါးအသင်းကို အဝေးကွင်းမှာ  ဝ-၁ နဲ့ နိုင်ထားတာရှိတဲ့ အတွက် မန်စီးတီးအတွက် ဒီပွဲကအခက်တွေ့စရာရှိလာနိုင် ပါတယ်။

ဒီပွဲကိုဘွတ်ကီဒိုင်တွေကမန်စီးတီးဘက်ကနေတစ်လုံး ၅၅ ပြားအနိုင်ကြေးဖွင့်ထားပြီး ဂိုးပေါင်းကတော့ နှစ်သင်းပေါင်းသုံးလုံး၂၅ ပြား အနိုင်ကြေးပေါက်နေ တဲ့အတွက်  ပထမအကျော့အနိုင်ကစားထားတဲ့ မန်စီးတီးနဲ့ ဂိုးအောက်ကိုပိုအကြိုက်တွေ့မိပါကြောင်း။

KON(SPORT)

(  Zawgyi  )









KON(SPORT)