【 အားကစား 】 နိုင်ငံတကာ ချန်ပီယံများဖလားမှာ အားပြိုင်မယ့် ဂျူဗင်တပ်နဲ့ အင်တာ

【 အားကစား 】 နိုင်ငံတကာ ချန်ပီယံများဖလားမှာ အားပြိုင်မယ့် ဂျူဗင်တပ်နဲ့ အင်တာ

စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ချန်ပီယံများဖလား ပွဲစဉ်အဖြစ် ဂျူဗင်တပ်အသင်းနဲ့ အင်တာအသင်းတို့ ယနေ့ည ၆ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

အသင်း ၁၃ သင်း ပါဝင်ယှဉ်ပြိုင်နေတဲ့ နိုင်ငံတကာ ချန်ပီယံများဖလား ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းနဲ့ အင်တာအသင်းတို့ ဒုတိယမြောက် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်နဲ့ ဖီအိုရင်တီးနားအသင်းကို အနိုင်ရရှိထားပြီး ရီးရဲလ်အသင်းကို ပွဲကစားချိန်အတွင်း သရေကျခဲ့တဲ့ အာဆင်နယ်အသင်းက ဗိုလ်စွဲနိုင်ဖို့ အခွင့်အရေးများလျှက် ရှိပါတယ်။

အသင်းကို အကောင်းဆုံးပြင်ဆင် တည်ဆောက်ထားတဲ့ နည်းပြ ဆာရီ အနေနဲ့ ရမ်ဆေး၊ ပယ်လီဂရီနီ၊ ဒီလစ်၊ ဒီမီရယ်လ်၊ ရာဘီယော့၊ ဘူဖွန် တို့ကို ခေါ်ယူအားဖြည့်ထားပြီး ပထမဆုံးပွဲစဉ်မှာ စပါးအသင်းကို ၂-၃ နဲ့ ရှုံးနိမ့်ခဲ့ပြီး ကစားသမား ၈ ဦးအထိ လဲလှယ်ကစားခဲ့ပါတယ်။

အင်တာမီလန်အသင်းကို စတင်ကိုင်ကွယ်တဲ့ နည်းပြကွန်တီ က ပိုလီတာနို၊ ဆယ်စီဒို၊ အာဂူမီ၊ လာဇာရို၊ ဆန်ဆီ၊ ဂိုဒင်၊ ဘာရယ်လာ တို့ကို အားဖြည့်ခေါ်ယူထားပြီး အသင်းကို အကောင်းဆုံးပြင်ဆင် တည်ဆောက်လျှက်ရှိပါတယ်။အင်တာမီလန်အသင်းမှာ အဓိကတိုက်စစ်အတွဲဖြစ်တဲ့ မာတီနက် နဲ့ အီကာဒီ တို့ ယခုပွဲစဉ်မှာ ပါဝင်ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘဲ ရာသီကြိုခြေစမ်းပွဲအဖြစ် ကစားခဲ့တဲ့ လူဂါနိုအသင်းနဲ့ ပွဲစဉ်မှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။ ICC ပွဲဦးထွက် ပွဲစဉ်မှာ မန်ယူအသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ကစားသမား ၇ ဦးအထိ လဲလှယ်ကစားခဲ့ပါတယ်။

နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၄ ပွဲမှာ ဂျူဗင်တပ်အသင်းက ၁၁ ပွဲနိုင် ၃ ပွဲရှုံး ၇ ပွဲသရေ ရလဒ်ရရှိထားပါတယ်။

 

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက ဂျူုဗင်တပ်ဘက်မှ ၁ လုံး ၅၀ အနိုင် ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၉၀ အနိုင် ဖွင့်လှစ်ထားပါတယ်။

ICC ပြိုင်ပွဲဟာ အနိုင်အရှုံးထက် အသင်းတွေရဲ့ ရာသီကြိုပြင်ဆင်မှုတွေကို အကောင်းဆုံးစမ်းသပ် ကစားနေတာဖြစ်တဲ့အတွက် အနိုင်၊ အရှုံး ရလဒ်တွေက ထင်မှတ်မထားတာတွေ ဖြစ်ပေါ်နေပါတယ်။အခုပွဲစဉ်ဟာလည်း နည်းပြသစ် ၂ ဦးအတွက် ကစားကွက်နဲ့ လူအခင်းအကျင်းကို စမ်းသပ်မှာဖြစ်တဲ့အတွက် အရှုံးအနိုင် ခန့်မှန်းဖို့ ခက်ခဲတဲ့အတွက် အင်တာအသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း----။

KON (SPORT)
ဇူလိုင် - ၂၄

( Zawgyi )








KON (SPORT)
ဇူလိုင် - ၂၄