【 အားကစား 】 မန်စီးတီးကွင်းမှာ လည်စင်းခံဖို့ လာတာမဟုတ်တဲ့ လီဗာပူးလ်နဲ့ နေကြမယ်

【 အားကစား 】 မန်စီးတီးကွင်းမှာ လည်စင်းခံဖို့ လာတာမဟုတ်တဲ့  လီဗာပူးလ်နဲ့ နေကြမယ်

ဒီရာသီမှာ တိုက်စစ်သန်သန်နဲ့ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲတွေ ကစားပြနေတဲ့ မန်စီးတီးအသင်းနဲ့ အိမ်ကွင်း အဝေးကွင်း မရှောင် နိုင်ပွဲတွေရယူပြီး ဒီရာသီရှုံးပွဲမရှိသေးတဲ့ လီဗာပူးလ်အသင်းတို့ရဲ့ အားပြိုင်ပွဲကို ယနေ့ ည ၂ နာရီခွဲမှာ ကြည့်ရမှာ ဖြစ်ပါတယ်။

မန်စီးတီးက ပရီးမီးယားလိဂ် အဆင့် ၃ နေရာ၊ လီဗာပူးလ်က အဆင့် ၁ နေရာမှာ ရှိနေပေမယ့် အမှတ်ကွာဟချက်က ၆ မှတ်/၇ မှတ်အထိ ကွာဟနေလို့ ဒီပွဲအရှုံးအနိုင်က အမှတ်ပေးအဆင့်နေရာ အပြောင်းအလဲဖြစ်စရာ မရှိပေမယ့် ထိပ်ဆုံးအသင်းတွေကြား အမှတ်ကွာဟချက်ကို ပိုကျဉ်းမြောင်းစေမလား၊ ပိုပြီး ကွာဟချက်ရှိမလား ဆိုတာကို မြင်ရမယ့်ပွဲလည်း ဖြစ်ပါတယ်။

ဒီပွဲမှာ ပထမဆုံးသတိထားရမှာက မန်စီးတီးအသင်းက မကြာခင်က ဆောက်သမ်တန်နဲ့ ကစားထားပြီး လီဗာပူးလ်ကတော့ အာဆင်နယ်နဲ့ ကစားထားရတဲ့ အသင်းပါ။ဆောက်သမ်တန်နဲ့ ကစားတဲ့ပွဲမှာ မန်စီးတီးက အလယ်တန်းမှာ ကွင်းလယ်အဖျက်ကစားတဲ့ ဖာနန်ဒင်ဟို ကို အထိုင်ထားကာ ဒေးဗစ်ဆေးလ်ဗား၊ ဘာနာဒိုဆေးလ်ဗားလ် အတွဲအဖက်နဲ့ လက်စတာကို ရှုံးခဲ့တဲ့ ကွင်းလယ်အထိုင်ကို ပြန်ပြင်ခဲ့တာကို တွေ့ရပါတယ်။လက်စတာပွဲမှာ ဂန်ဒိုဂန် နဲ့ ဒီဗရိုင်း အတွဲ အလုပ်မဖြစ်ခဲ့တာကို ဂွာဒီယိုလာ ပြန်ပြင်ခဲ့တာပါ။နောက်တန်းမှာလဲ ဒန်နီလို၊ လာပေါ်တေ၊ ဂျွန်စတုန်း၊ ဖေဘီယံဒပ်ဖ် အတွဲအစား ဇင်ချန်ကို၊ လာပေါ်တေ၊ ကွန်ပနီ၊ ဒန်နီလို နဲ့ နှစ်ယောက်တိတိ ပြောင်းခဲ့ပါတယ်။

အိမ်ရှင် မန်စီးတီးအသင်းဟာ ဒီရာသီမှာ ပွဲစဉ် ၁၆ မှာ ချယ်လ်ဆီးကို ၂ ဂိုးပြတ် မရှုံးခင်အထိ ဂိုးပြတ်နိုင်ပွဲတွေနဲ့ မန်စီးတီး အားပေးသူတွေကို ရာနှုန်းပြည့် လုပ်ကျွေးနေတဲ့ အသင်းပါ။ဒါပေမယ့် ၂ ပွဲဆက်တိုက် အသင်းလေးတွေကို ရှုံးနိမ့်ပြီးချိန်မှာတော့ မန်စီးတီး ချန်ပီယံပြေးလမ်းကနေ ထွက်သွားပြီလားလို့ ထင်ရလောက်အောင် မန်စီးတီးခြေက ကျဆင်းခဲ့ပါတယ်။လတ်တလော မန်စီးတီး နောက်ဆုံးကစားတဲ့ အိမ်ကွင်း ပွဲစဉ် ၅ ပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ရှုံးခဲ့တဲ့ပွဲကလွဲလို့ ကျန် ၄ ပွဲဖြစ်တဲ့ အဲဗာတန်၊ ဟော့ဖန်ဟိမ်း၊ ဘုန်းမောက်၊ မန်ယူ စတဲ့ အသင်းတွေကို အနည်းဆုံး ၂ ဂိုးပြတ် အနိုင်ကစားထားတဲ့ အသင်းပါ။မန်စီးတီးရဲ့ ယခုရာသီအမှတ်ပေးပွဲ ၂၀ ပွဲကို ပြန်ကြည့်ရင် ၁၅ ပွဲနိုင် ၂ ပွဲသရေ ၃ ပွဲရှုံးထားပြီး အိမ်ကွင်း ၁၀ ပွဲမှာ ၉ ပွဲနိုင်ထားပါတယ်။အိမ်ကွင်း ရဂိုး ၃၅ ဂိုးသွင်းကာ ၉ ဂိုးပေးထားရပါ တယ်။

လီဗာပူးလ်အသင်း ပြိုင်ပွဲစုံ အဝေးကွင်း ၅ ပွဲ ကစားခဲ့ရာမှာ တစ်ပွဲသာရှုံးပြီး ရှုံးတဲ့အသင်းကလည်း PSG ကို ချန်ပီယံလိဂ်မှာ ၂-၁ နဲ့ ရှုံးထားတာပါ။ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း ၁၀ ပွဲမှာ ၈ ပွဲနိုင် ၂ သရေကျထားပြီး ရဂိုး ၂၁ ဂိုးရှိပြီး ပေးဂိုး ၅ ဂိုးသာ ရှိနေတာကိုလည်း သတိပြုထားဖို့ လိုပါတယ်။လီဗာပူးလ်ကတော့  ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို  ပွဲစဉ် ၂၀ မှာ အာဆင်နယ်ကို ၅-၁ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ဒုတိယနေရာက စပါးကို တစ်ပွဲလျော့ ၆ မှတ်ဖြတ်ကာ ဦးဆောင်နေပါတယ်။လီဗာပူးလ်အနေနဲ့ အစောပိုင်းက တိုက်စစ်မှူး ဆာလက်ချ် ခြေမမှန်လို့ ဂိုးရနည်းမှုဟာ ဆောင်းရာသီအမှီ ဆာလက်ချ် ခြေမှန်ပြန်ရတာနဲ့အတူ လီဗာပူးလ် တိုက်စစ်က ယခင်ရာသီလိုဘဲ ဖာမီနို၊ မာနေး တို့နဲ့ တိုက်စစ်အတွဲပြန်မိခဲ့လို့ ယခုချိန်မှာ တိုက်စစ်အကောင်းဆုံး အသင်းတွေထဲ ပါဝင်နေပါတယ်။လက်ရှိအခြေအနေမှာ လီဗာပူးလ်အသင်း တိုက်စစ်က မန်စီးတီးပြီးရင် အကောင်းဆုံးဖြစ်နေသလို ကစားပြီးတဲ့ ပွဲစဉ် ၂၀ ပွဲမှာ သွင်းဂိုးက ၄၈ ဂိုးရှိပြီး ပေးဂိုး ၈ ဂိုးသာရှိလို့ တိုက်စစ် ဒုတိယအကောင်းဆုံး ခံစစ်အကောင်းဆုံး အသင်းဖြစ်နေပါတယ်။   

ဒီနှစ်သင်း မန်စီးတီးကွင်း တွေ့ဆုံမှု နောက်ဆုံး ၅ ကြိမ်စလုံးမှာ ၂ ပွဲစီနိုင်ကာ တစ်ပွဲသရေကျထားပြီး နောက်ဆုံးတွေ့ဆုံမှု နှစ်ကြိမ်စလုံးမှာ လီဗာပူးလ်က ၁-၂ နဲ့ချည်းသာ အနိုင်ရခဲ့ထားတာ ရှိပါတယ်။

 

ပွဲကြိုထွက်ပေါ်လာတဲ့ လူစာရင်းအရ မန်စီးတီးအသင်းကတော့ ဂိုး - အီဒါဆန်၊ နောက်တန်း - ကိုင်လီဝေါ်လ်ကာ၊ ဂျွန်စတုန်း၊ လာပေါ်တီ၊ ဒန်နီလို၊ အလယ်တန်း - ဘာနာဒိုဆေးလ်ဗား၊ ဖာနန်ဒင်ဟို၊ ဒေးဗစ်ဆေးလ်ဗား၊ ရှေ့တန်း - စတာလင်၊ အဂူရို၊ ဆာနေး တို့နဲ့ ပွဲထွက်လာဖို့များနေပြီး၊

လီဗာပူးလ်ဘက်က ဂိုး - အလီဆန်၊ နောက်တန်း - အလက်ဇန်ဒါး အာနိုး၊ ဗန်ဒစ်ချ်၊ လိုဗရန်၊ ရော်ဘတ်ဆန်၊ အလယ်တန်း - ဝန်ဒယ်လ်ဂျယ်လ်၊ ဟန်ဒါဆန်၊ ဖာဘင်ဟို၊ ရှေ့တန်း - မာနေး၊ ဆာလက်ချ်၊ ဖာမီနို တို့နဲ့ ပွဲထွက်လာဖွယ် ရှိနေပါတယ်။

ယခုပွဲကို ဘွတ်ကီဒိုင်တွေက အိမ်ရှင် မန်စီးတီးဘက်ကနေ သရေ ပြား ၉၀ အရှုံးထိ ပေးထားပြီး နှစ်သင်းပေါင်း သုံးဂိုးကို ၁၅ ပြား အနိုင်ပေးထားပါတယ်။

ဘွတ်ကီဖွင့်ဈေးအရ ပြား ၆၀ အရှုံးကနေ ပြား ၉၀ အရှုံးထိ ဈေးတက်လာတာကို တွေ့ရပေမယ့် မန်စီးတီးအသင်းရဲ့ အားနည်းချက်ဖြစ်တဲ့ ဖိကစားရင်း ကောင်တာကျွံတာကို အခုထိ မကုစားနိုင်သေးလို့  ဒီပွဲမှာ တန်ပြန်တိုက်စစ်မြန်တဲ့ လီဗာပူးလ်နဲ့  ဂိုးအပေါ်နေတာက အဆင်ပြေဖို့များပါကြောင်း……။

KON (SPORT)
ဇန်နဝါရီ - ၃

( Zawgyi )

ဒီရာသီမွာ တိုက္စစ္သန္သန္နဲ႔ အိမ္ကြင္းမွာ ဂိုးျပတ္ႏိုင္ပြဲေတြ ကစားျပေနတဲ့ မန္စီးတီးအသင္းနဲ႔ အိမ္ကြင္း အေဝးကြင္း မေရွာင္ ႏိုင္ပြဲေတြရယူၿပီး ဒီရာသီရႈံးပြဲမရွိေသးတဲ့ လီဗာပူးလ္အသင္းတို႔ရဲ႕ အားၿပိဳင္ပြဲကို ယေန႔ ည ၂ နာရီခြဲမွာ ၾကည့္ရမွာ ျဖစ္ပါတယ္။

မန္စီးတီးက ပရီးမီးယားလိဂ္ အဆင့္ ၃ ေနရာ၊ လီဗာပူးလ္က အဆင့္ ၁ ေနရာမွာ ရွိေနေပမယ့္ အမွတ္ကြာဟခ်က္က ၆ မွတ္/၇ မွတ္အထိ ကြာဟေနလို႔ ဒီပြဲအရႈံးအႏိုင္က အမွတ္ေပးအဆင့္ေနရာ အေျပာင္းအလဲျဖစ္စရာ မရွိေပမယ့္ ထိပ္ဆုံးအသင္းေတြၾကား အမွတ္ကြာဟခ်က္ကို ပိုက်ဥ္းေျမာင္းေစမလား၊ ပိုၿပီး ကြာဟခ်က္ရွိမလား ဆိုတာကို ျမင္ရမယ့္ပြဲလည္း ျဖစ္ပါတယ္။

ဒီပြဲမွာ ပထမဆုံးသတိထားရမွာက မန္စီးတီးအသင္းက မၾကာခင္က ေဆာက္သမ္တန္နဲ႔ ကစားထားၿပီး လီဗာပူးလ္ကေတာ့ အာဆင္နယ္နဲ႔ ကစားထားရတဲ့ အသင္းပါ။ေဆာက္သမ္တန္နဲ႔ ကစားတဲ့ပြဲမွာ မန္စီးတီးက အလယ္တန္းမွာ ကြင္းလယ္အဖ်က္ကစားတဲ့ ဖာနန္ဒင္ဟို ကို အထိုင္ထားကာ ေဒးဗစ္ေဆးလ္ဗား၊ ဘာနာဒိုေဆးလ္ဗားလ္ အတြဲအဖက္နဲ႔ လက္စတာကို ရႈံးခဲ့တဲ့ ကြင္းလယ္အထိုင္ကို ျပန္ျပင္ခဲ့တာကို ေတြ႕ရပါတယ္။လက္စတာပြဲမွာ ဂန္ဒိုဂန္ နဲ႔ ဒီဗ႐ိုင္း အတြဲ အလုပ္မျဖစ္ခဲ့တာကို ဂြာဒီယိုလာ ျပန္ျပင္ခဲ့တာပါ။ေနာက္တန္းမွာလဲ ဒန္နီလို၊ လာေပၚေတ၊ ဂြၽန္စတုန္း၊ ေဖဘီယံဒပ္ဖ္ အတြဲအစား ဇင္ခ်န္ကို၊ လာေပၚေတ၊ ကြန္ပနီ၊ ဒန္နီလို နဲ႔ ႏွစ္ေယာက္တိတိ ေျပာင္းခဲ့ပါတယ္။

အိမ္ရွင္ မန္စီးတီးအသင္းဟာ ဒီရာသီမွာ ပြဲစဥ္ ၁၆ မွာ ခ်ယ္လ္ဆီးကို ၂ ဂိုးျပတ္ မရႈံးခင္အထိ ဂိုးျပတ္ႏိုင္ပြဲေတြနဲ႔ မန္စီးတီး အားေပးသူေတြကို ရာႏႈန္းျပည့္ လုပ္ေကြၽးေနတဲ့ အသင္းပါ။ဒါေပမယ့္ ၂ ပြဲဆက္တိုက္ အသင္းေလးေတြကို ရႈံးနိမ့္ၿပီးခ်ိန္မွာေတာ့ မန္စီးတီး ခ်န္ပီယံေျပးလမ္းကေန ထြက္သြားၿပီလားလို႔ ထင္ရေလာက္ေအာင္ မန္စီးတီးေျခက က်ဆင္းခဲ့ပါတယ္။လတ္တေလာ မန္စီးတီး ေနာက္ဆုံးကစားတဲ့ အိမ္ကြင္း ပြဲစဥ္ ၅ ပြဲမွာ ခရစၥတယ္ပဲေလ့စ္အသင္းကို ရႈံးခဲ့တဲ့ပြဲကလြဲလို႔ က်န္ ၄ ပြဲျဖစ္တဲ့ အဲဗာတန္၊ ေဟာ့ဖန္ဟိမ္း၊ ဘုန္းေမာက္၊ မန္ယူ စတဲ့ အသင္းေတြကို အနည္းဆုံး ၂ ဂိုးျပတ္ အႏိုင္ကစားထားတဲ့ အသင္းပါ။မန္စီးတီးရဲ႕ ယခုရာသီအမွတ္ေပးပြဲ ၂၀ ပြဲကို ျပန္ၾကည့္ရင္ ၁၅ ပြဲႏိုင္ ၂ ပြဲသေရ ၃ ပြဲရႈံးထားၿပီး အိမ္ကြင္း ၁၀ ပြဲမွာ ၉ ပြဲႏိုင္ထားပါတယ္။အိမ္ကြင္း ရဂိုး ၃၅ ဂိုးသြင္းကာ ၉ ဂိုးေပးထားရပါ တယ္။

လီဗာပူးလ္အသင္း ၿပိဳင္ပြဲစုံ အေဝးကြင္း ၅ ပြဲ ကစားခဲ့ရာမွာ တစ္ပြဲသာရႈံးၿပီး ရႈံးတဲ့အသင္းကလည္း PSG ကို ခ်န္ပီယံလိဂ္မွာ ၂-၁ နဲ႔ ရႈံးထားတာပါ။ဒီရာသီ ပရီးမီးယားလိဂ္ အေဝးကြင္း ၁၀ ပြဲမွာ ၈ ပြဲႏိုင္ ၂ သေရက်ထားၿပီး ရဂိုး ၂၁ ဂိုးရွိၿပီး ေပးဂိုး ၅ ဂိုးသာ ရွိေနတာကိုလည္း သတိျပဳထားဖို႔ လိုပါတယ္။လီဗာပူးလ္ကေတာ့  ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ထိပ္ဆုံးေနရာကို  ပြဲစဥ္ ၂၀ မွာ အာဆင္နယ္ကို ၅-၁ ဂိုးျပတ္နဲ႔ အႏိုင္ယူၿပီး ဒုတိယေနရာက စပါးကို တစ္ပြဲေလ်ာ့ ၆ မွတ္ျဖတ္ကာ ဦးေဆာင္ေနပါတယ္။လီဗာပူးလ္အေနနဲ႔ အေစာပိုင္းက တိုက္စစ္မႉး ဆာလက္ခ်္ ေျခမမွန္လို႔ ဂိုးရနည္းမႈဟာ ေဆာင္းရာသီအမွီ ဆာလက္ခ်္ ေျခမွန္ျပန္ရတာနဲ႔အတူ လီဗာပူးလ္ တိုက္စစ္က ယခင္ရာသီလိုဘဲ ဖာမီႏို၊ မာေနး တို႔နဲ႔ တိုက္စစ္အတြဲျပန္မိခဲ့လို႔ ယခုခ်ိန္မွာ တိုက္စစ္အေကာင္းဆုံး အသင္းေတြထဲ ပါဝင္ေနပါတယ္။လက္ရွိအေျခအေနမွာ လီဗာပူးလ္အသင္း တိုက္စစ္က မန္စီးတီးၿပီးရင္ အေကာင္းဆုံးျဖစ္ေနသလို ကစားၿပီးတဲ့ ပြဲစဥ္ ၂၀ ပြဲမွာ သြင္းဂိုးက ၄၈ ဂိုးရွိၿပီး ေပးဂိုး ၈ ဂိုးသာရွိလို႔ တိုက္စစ္ ဒုတိယအေကာင္းဆုံး ခံစစ္အေကာင္းဆုံး အသင္းျဖစ္ေနပါတယ္။   

ဒီႏွစ္သင္း မန္စီးတီးကြင္း ေတြ႕ဆုံမႈ ေနာက္ဆုံး ၅ ႀကိမ္စလုံးမွာ ၂ ပြဲစီႏိုင္ကာ တစ္ပြဲသေရက်ထားၿပီး ေနာက္ဆုံးေတြ႕ဆုံမႈ ႏွစ္ႀကိမ္စလုံးမွာ လီဗာပူးလ္က ၁-၂ နဲ႔ခ်ည္းသာ အႏိုင္ရခဲ့ထားတာ ရွိပါတယ္။

ပြဲႀကိဳထြက္ေပၚလာတဲ့ လူစာရင္းအရ မန္စီးတီးအသင္းကေတာ့ ဂိုး - အီဒါဆန္၊ ေနာက္တန္း - ကိုင္လီေဝၚလ္ကာ၊ ဂြၽန္စတုန္း၊ လာေပၚတီ၊ ဒန္နီလို၊ အလယ္တန္း - ဘာနာဒိုေဆးလ္ဗား၊ ဖာနန္ဒင္ဟို၊ ေဒးဗစ္ေဆးလ္ဗား၊ ေရွ႕တန္း - စတာလင္၊ အဂူ႐ို၊ ဆာေနး တို႔နဲ႔ ပြဲထြက္လာဖို႔မ်ားေနၿပီး၊

လီဗာပူးလ္ဘက္က ဂိုး - အလီဆန္၊ ေနာက္တန္း - အလက္ဇန္ဒါး အာႏိုး၊ ဗန္ဒစ္ခ်္၊ လိုဗရန္၊ ေရာ္ဘတ္ဆန္၊ အလယ္တန္း - ဝန္ဒယ္လ္ဂ်ယ္လ္၊ ဟန္ဒါဆန္၊ ဖာဘင္ဟို၊ ေရွ႕တန္း - မာေနး၊ ဆာလက္ခ်္၊ ဖာမီႏို တို႔နဲ႔ ပြဲထြက္လာဖြယ္ ရွိေနပါတယ္။

ယခုပြဲကို ဘြတ္ကီဒိုင္ေတြက အိမ္ရွင္ မန္စီးတီးဘက္ကေန သေရ ျပား ၉၀ အရႈံးထိ ေပးထားၿပီး ႏွစ္သင္းေပါင္း သုံးဂိုးကို ၁၅ ျပား အႏိုင္ေပးထားပါတယ္။

ဘြတ္ကီဖြင့္ေဈးအရ ျပား ၆၀ အရႈံးကေန ျပား ၉၀ အရႈံးထိ ေဈးတက္လာတာကို ေတြ႕ရေပမယ့္ မန္စီးတီးအသင္းရဲ႕ အားနည္းခ်က္ျဖစ္တဲ့ ဖိကစားရင္း ေကာင္တာကြၽံတာကို အခုထိ မကုစားႏိုင္ေသးလို႔  ဒီပြဲမွာ တန္ျပန္တိုက္စစ္ျမန္တဲ့ လီဗာပူးလ္နဲ႔  ဂိုးအေပၚေနတာက အဆင္ေျပဖို႔မ်ားပါေၾကာင္း……။

KON (SPORT)
ဇန္နဝါရီ - ၃