【 အားကစား 】 သွင်းဂိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမယ့် အာဆင်နယ် - မန်ယူ ပွဲ

【 အားကစား 】 သွင်းဂိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမယ့် အာဆင်နယ် - မန်ယူ ပွဲ

FA ဖလားပွဲအဖြစ် ယနေ့ည ၂ နာရီခွဲမှာ နည်းပြသစ် အမ်မရီ လက်ထဲ သွင်းဂိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အားပေးသူအကြိုက် အာဆင်နယ်အသင်းနဲ့ နည်းပြသစ် ဆိုးလ်ရှား လက်ထဲ တရိပ်ရိပ်ခြေစွမ်းတက်နေတဲ့  မန်ယူအသင်းတို့ အာဆင်နယ်အသင်းရဲ့ ကွင်းဖြစ်တဲ့ အီးမရိတ်စ်မှာ တွေ့ဆုံကစားကြမှာ ဖြစ်ပါတယ်။

အိမ်ကွင်း လက်ခံကစားမယ့် အာဆင်နယ်အသင်းကတော့ ဒီရာသီမှာ တိုက်စစ်မှူး အော်ဘာမီယန်း ခြေစွမ်းနဲ့အတူ လာကာဇက်တီ လည်း ခြေမှန်ပြန်ရလာတဲ့အတွက် တိုက်စစ်ပိုင်းက ပူပန်စရာမရှိပေမယ့် နောက်တန်းကတော့ သက်ကြီးကစားသမားတွေကို အခြေပြုထားတဲ့အတွက် ဒီရာသီမှာ ပလိုင်းပေါက်နဲ့ ဖားကောက်သလို ဖြစ်နေတဲ့ အသင်းပါ။ဒီရာသီမှာ အမ်မရီ ခေါ်ခဲ့တဲ့ ဂွမ်ဒိုဇူ၊ တော်ရဲရား တို့က နည်းပြဟောင်း အာစင်ဝင်းဂါး ရဲ့ နောက်ဆုံးရာသီမှာ ခေါ်ယူခဲ့တဲ့ အော်ဘာမီယန်း၊ မက်ခီတာရန်၊ လာကာဇက်တီ တို့နဲ့ အတွဲအစပ်မိခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ပွဲစဉ် ၂၃ ချယ်လ်ဆီးနဲ့ ပွဲမှာ ကစားရခက်တဲ့ လန်ဒန်ဒါဘီ ပြိုင်ဘက်ကို ၂ ဂိုးပြတ်နိုင်ပွဲနဲ့ အာဆင်နယ်အသင်း ခြေစွမ်းပြ အနိုင်ရခဲ့ပါတယ်။ယခုရာသီမှာ အမှတ်ပေးပွဲ ၂၃ ပွဲ ကစားပြီးချိန်အထိ အာဆင်နယ်အသင်း ၁၃ ပွဲနိုင် ၅ ပွဲသရေ၊ ၅ ပွဲရှုံးထားပြီး အိမ်ကွင်းပွဲစဉ်တွေမှာ မန်စီးတီးကို တစ်ပွဲသာရှုံးပြီး ၉ ပွဲနိုင် ၂ ပွဲသရေကျထားတဲ့အသင်းပါ။ပရီးမီးယားလိဂ် ထိပ်တန်း ၅ သင်းအနက် လီဗာပူးနဲ့ မန်စီးတီး ပြီးရင် အကောင်းဆုံး အိမ်ကွင်းရလဒ် ရထားတဲ့ အသင်းပါ။

မန်ယူအသင်းကတော့ နည်းပြသစ် ဆိုးလ်ရှား လက်ထဲမှာ နတ်ရေကန်ထဲ ပစ်ချလိုက်သလို နေ့ချင်းညချင်း ရလဒ်တွေကောင်းလာတဲ့ အသင်းဖြစ်ပေမယ့် အသင်းကြီးအဖြစ် စပါးအသင်းနဲ့သာ ကစားရသေးပါတယ်။ဒီမတိုင်ခင် ၇ ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ မန်ယူအသင်း အာဆင်နယ် ကွင်းမှာ ကစားတဲ့အခါ မန်ယူရဲ့ အရန်အင်အားက လိုချင်တဲ့ရလဒ် ထွက်လာပါ့မလားဆိုတာ စဉ်းစားတွက်ချက်ချင်စရာပါ။ဒီရာသီ မန်ယူ ကစားခဲ့တဲ့ အဝေးကွင်း ၁၂ ပွဲမှာ ၆ ပွဲနိုင် ၂ ပွဲသရေ၊ ၄ ပွဲရှုံးထားတဲ့ အသင်းပါ။မန်ယူအသင်းရဲ့ အဝေးကွင်းပွဲတွေမှာ ၁၂ ပွဲကို ၁၉ ဂိုးပေးထားရပြီး ထိပ်တန်းအသင်းတွေထဲ အများဆုံးစာရင်းထဲ ပါပါတယ်။ဒါပေမယ့် ဆိုးလ်ရှား လက်ထက်မှာ  ၇ ပွဲကို ၄ ဂိုးသာပေးရတဲ့ အထိ ခံစစ်ကစားပုံ တက်လာခဲ့တဲ့အတွက် မန်ယူအသင်း နောက်တန်းကို အာဆင်နယ် ထိုးဖောက်ဖို့ ခက်ပါလိမ့်မယ်။

တတိယအဆင့်ကနေ ပရီးမီးယားလိဂ်အသင်းတွေ စကစားရတဲ့ FA ဖလားမှာ  မန်ယူအသင်းက ရီဒင်းအသင်းကို အိမ်ကွင်းမှာ ၂ - ၀ နဲ့ နိုင်ပြီး  အာဆင်နယ်က ဘလက်ပူးလ်ကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နိုင်ကာ တတိယအဆင့်ကနေ တက်လာကြတာ ဖြစ်ပါတယ်။အဲ့ဒီပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမားတွေ  အနားပေးပြီး ဇန်နဝါရီ ၃၀ ရက် ပွဲအတွက် ပြင်ဆင်မှာဖြစ်လို့ ဖိဖိစီးစီးကစားကြဖို့ မသေချာပါဘူး။

ဒီနှစ်သင်း အာဆင်နယ်ကွင်း နောက်ဆုံးတွေ့ဆုံမှု ၅ ကြိမ်ကို ပြန်ကြည့်မယ်ဆိုရင် တစ်သင်း ၂ ပွဲစီနိုင်ထားပြီး ၁ ပွဲသရေကျထားတဲ့အတွက် ယခုပွဲမှာ အိမ်ရှင် အာဆင်နယ်ကို ပိုသဘောကျပါတယ်။နောက်ဆုံးတွေ့ဆုံမှုမှာလည်း မန်ယူကွင်းမှာ သရေကျထားခဲ့တဲ့အတွက် ဒီပွဲကို အာဆင်နယ်နဲ့ ဂိုးအများကို ပိုအကြိုက်တွေ့ပါတယ်။

 

ပွဲကြိုထွက်ပေါ်လာတဲ့ လူစာရင်းအရ အိမ်ရှင် အာဆင်နယ်အသင်းမှာ ဂိုး - ပီတာချက်၊ နောက်တန်း - လစ်ချ်စတိုင်နာ၊ ဆိုကရာတစ်၊ မူစတာဖီ၊ မွန်နာရီရယ်လ်၊ အလယ်တန်း -  ဂွမ်ဒိုဇူ၊ ဇာခါ၊ ဝီလ်ကော့၊ ရမ်ဆေး၊ အော်ဘာမီယန်း၊ နဲ့ ရှေ့တန်း - လာကာဇက်တီ တို့  ပွဲထွက်လာဖို့ များနေပြီး၊

မန်ယူအသင်းမှာ ရှေ့တန်း - လူကာကူ၊ ရပ်ရှ်ဖိုဒ့်၊ အလယ်တန်း - ဆန်းချက်ဇ်၊ မာတစ်၊ ပေါ့ဂ်ဘာ၊ ဟာရဲရား၊  နောက်တန်း - လုခ်ရှော၊ ဘိုင်လေ၊ လင်ဒီလော့ဖ်၊ အက်ရှ်လေယန်း၊  ဂိုး - ရိုမီယို တို့နဲ့ ပွဲထွက်လာဖို့ များနေပါတယ်။

ဒီပွဲကို ဘွတ်ကီဒိုင်တွေက အိမ်ရှင် အာဆင်နယ်ဘက်ကနေ သရေ ၁၅ ပြား အရှုံးပေးထားပြီး ဂိုးပေါင်းကို သုံးလုံး ၀၅ ပြား အနိုင်ပေးထားလို့ လက်ရှိခြေစွမ်းအရ အာဆင်နယ်အသင်းနဲ့ ဂိုးအများကို အားပေးရမှာ ဖြစ်ပါကြောင်း................။

KON (SPORT)
ဇန်နဝါရီ - ၂၅

( Zawgyi )

FA ဖလားပြဲအျဖစ္ ယေန႔ည ၂ နာရီခြဲမွာ နည္းျပသစ္ အမ္မရီ လက္ထဲ သြင္းဂိုးေတြ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္နဲ႔ အားေပးသူအႀကိဳက္ အာဆင္နယ္အသင္းနဲ႔ နည္းျပသစ္ ဆိုးလ္ရွား လက္ထဲ တရိပ္ရိပ္ေျခစြမ္းတက္ေနတဲ့  မန္ယူအသင္းတို႔ အာဆင္နယ္အသင္းရဲ႕ ကြင္းျဖစ္တဲ့ အီးမရိတ္စ္မွာ ေတြ႕ဆုံကစားၾကမွာ ျဖစ္ပါတယ္။

အိမ္ကြင္း လက္ခံကစားမယ့္ အာဆင္နယ္အသင္းကေတာ့ ဒီရာသီမွာ တိုက္စစ္မႉး ေအာ္ဘာမီယန္း ေျခစြမ္းနဲ႔အတူ လာကာဇက္တီ လည္း ေျခမွန္ျပန္ရလာတဲ့အတြက္ တိုက္စစ္ပိုင္းက ပူပန္စရာမရွိေပမယ့္ ေနာက္တန္းကေတာ့ သက္ႀကီးကစားသမားေတြကို အေျချပဳထားတဲ့အတြက္ ဒီရာသီမွာ ပလိုင္းေပါက္နဲ႔ ဖားေကာက္သလို ျဖစ္ေနတဲ့ အသင္းပါ။ဒီရာသီမွာ အမ္မရီ ေခၚခဲ့တဲ့ ဂြမ္ဒိုဇူ၊ ေတာ္ရဲရား တို႔က နည္းျပေဟာင္း အာစင္ဝင္းဂါး ရဲ႕ ေနာက္ဆုံးရာသီမွာ ေခၚယူခဲ့တဲ့ ေအာ္ဘာမီယန္း၊ မက္ခီတာရန္၊ လာကာဇက္တီ တို႔နဲ႔ အတြဲအစပ္မိခဲ့တဲ့အတြက္ ၿပီးခဲ့တဲ့ ပြဲစဥ္ ၂၃ ခ်ယ္လ္ဆီးနဲ႔ ပြဲမွာ ကစားရခက္တဲ့ လန္ဒန္ဒါဘီ ၿပိဳင္ဘက္ကို ၂ ဂိုးျပတ္ႏိုင္ပြဲနဲ႔ အာဆင္နယ္အသင္း ေျခစြမ္းျပ အႏိုင္ရခဲ့ပါတယ္။ယခုရာသီမွာ အမွတ္ေပးပြဲ ၂၃ ပြဲ ကစားၿပီးခ်ိန္အထိ အာဆင္နယ္အသင္း ၁၃ ပြဲႏိုင္ ၅ ပြဲသေရ၊ ၅ ပြဲရႈံးထားၿပီး အိမ္ကြင္းပြဲစဥ္ေတြမွာ မန္စီးတီးကို တစ္ပြဲသာရႈံးၿပီး ၉ ပြဲႏိုင္ ၂ ပြဲသေရက်ထားတဲ့အသင္းပါ။ပရီးမီးယားလိဂ္ ထိပ္တန္း ၅ သင္းအနက္ လီဗာပူးနဲ႔ မန္စီးတီး ၿပီးရင္ အေကာင္းဆုံး အိမ္ကြင္းရလဒ္ ရထားတဲ့ အသင္းပါ။

မန္ယူအသင္းကေတာ့ နည္းျပသစ္ ဆိုးလ္ရွား လက္ထဲမွာ နတ္ေရကန္ထဲ ပစ္ခ်လိုက္သလို ေန႔ခ်င္းညခ်င္း ရလဒ္ေတြေကာင္းလာတဲ့ အသင္းျဖစ္ေပမယ့္ အသင္းႀကီးအျဖစ္ စပါးအသင္းနဲ႔သာ ကစားရေသးပါတယ္။ဒီမတိုင္ခင္ ၇ ပြဲဆက္တိုက္ အႏိုင္ရခဲ့တဲ့ မန္ယူအသင္း အာဆင္နယ္ ကြင္းမွာ ကစားတဲ့အခါ မန္ယူရဲ႕ အရန္အင္အားက လိုခ်င္တဲ့ရလဒ္ ထြက္လာပါ့မလားဆိုတာ စဥ္းစားတြက္ခ်က္ခ်င္စရာပါ။ဒီရာသီ မန္ယူ ကစားခဲ့တဲ့ အေဝးကြင္း ၁၂ ပြဲမွာ ၆ ပြဲႏိုင္ ၂ ပြဲသေရ၊ ၄ ပြဲရႈံးထားတဲ့ အသင္းပါ။မန္ယူအသင္းရဲ႕ အေဝးကြင္းပြဲေတြမွာ ၁၂ ပြဲကို ၁၉ ဂိုးေပးထားရၿပီး ထိပ္တန္းအသင္းေတြထဲ အမ်ားဆုံးစာရင္းထဲ ပါပါတယ္။ဒါေပမယ့္ ဆိုးလ္ရွား လက္ထက္မွာ  ၇ ပြဲကို ၄ ဂိုးသာေပးရတဲ့ အထိ ခံစစ္ကစားပုံ တက္လာခဲ့တဲ့အတြက္ မန္ယူအသင္း ေနာက္တန္းကို အာဆင္နယ္ ထိုးေဖာက္ဖို႔ ခက္ပါလိမ့္မယ္။

တတိယအဆင့္ကေန ပရီးမီးယားလိဂ္အသင္းေတြ စကစားရတဲ့ FA ဖလားမွာ  မန္ယူအသင္းက ရီဒင္းအသင္းကို အိမ္ကြင္းမွာ ၂ - ၀ နဲ႔ ႏိုင္ၿပီး  အာဆင္နယ္က ဘလက္ပူးလ္ကို အေဝးကြင္းမွာ ၃ ဂိုးျပတ္ႏိုင္ကာ တတိယအဆင့္ကေန တက္လာၾကတာ ျဖစ္ပါတယ္။အဲ့ဒီပြဲမွာ ႏွစ္သင္းစလုံးက အဓိက ကစားသမားေတြ  အနားေပးၿပီး ဇန္နဝါရီ ၃၀ ရက္ ပြဲအတြက္ ျပင္ဆင္မွာျဖစ္လို႔ ဖိဖိစီးစီးကစားၾကဖို႔ မေသခ်ာပါဘူး။

ဒီႏွစ္သင္း အာဆင္နယ္ကြင္း ေနာက္ဆုံးေတြ႕ဆုံမႈ ၅ ႀကိမ္ကို ျပန္ၾကည့္မယ္ဆိုရင္ တစ္သင္း ၂ ပြဲစီႏိုင္ထားၿပီး ၁ ပြဲသေရက်ထားတဲ့အတြက္ ယခုပြဲမွာ အိမ္ရွင္ အာဆင္နယ္ကို ပိုသေဘာက်ပါတယ္။ေနာက္ဆုံးေတြ႕ဆုံမႈမွာလည္း မန္ယူကြင္းမွာ သေရက်ထားခဲ့တဲ့အတြက္ ဒီပြဲကို အာဆင္နယ္နဲ႔ ဂိုးအမ်ားကို ပိုအႀကိဳက္ေတြ႕ပါတယ္။

ပြဲႀကိဳထြက္ေပၚလာတဲ့ လူစာရင္းအရ အိမ္ရွင္ အာဆင္နယ္အသင္းမွာ ဂိုး - ပီတာခ်က္၊ ေနာက္တန္း - လစ္ခ်္စတိုင္နာ၊ ဆိုကရာတစ္၊ မူစတာဖီ၊ မြန္နာရီရယ္လ္၊ အလယ္တန္း -  ဂြမ္ဒိုဇူ၊ ဇာခါ၊ ဝီလ္ေကာ့၊ ရမ္ေဆး၊ ေအာ္ဘာမီယန္း၊ နဲ႔ ေရွ႕တန္း - လာကာဇက္တီ တို႔  ပြဲထြက္လာဖို႔ မ်ားေနၿပီး၊

မန္ယူအသင္းမွာ ေရွ႕တန္း - လူကာကူ၊ ရပ္ရွ္ဖိုဒ့္၊ အလယ္တန္း - ဆန္းခ်က္ဇ္၊ မာတစ္၊ ေပါ့ဂ္ဘာ၊ ဟာရဲရား၊  ေနာက္တန္း - လုခ္ေရွာ၊ ဘိုင္ေလ၊ လင္ဒီေလာ့ဖ္၊ အက္ရွ္ေလယန္း၊  ဂိုး - ႐ိုမီယို တို႔နဲ႔ ပြဲထြက္လာဖို႔ မ်ားေနပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက အိမ္ရွင္ အာဆင္နယ္ဘက္ကေန သေရ ၁၅ ျပား အရႈံးေပးထားၿပီး ဂိုးေပါင္းကို သုံးလုံး ၀၅ ျပား အႏိုင္ေပးထားလို႔ လက္ရွိေျခစြမ္းအရ အာဆင္နယ္အသင္းနဲ႔ ဂိုးအမ်ားကို အားေပးရမွာ ျဖစ္ပါေၾကာင္း................။

KON (SPORT)
ဇန္နဝါရီ - ၂၅