【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့တိုးတက်ကြွယ်ဝမှုကို အားဖြည့်ပေးသည့် တရုတ်စီးပွားရေးချဲ့ထွင်မှု

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့တိုးတက်ကြွယ်ဝမှုကို အားဖြည့်ပေးသည့် တရုတ်စီးပွားရေးချဲ့ထွင်မှု

၂၀၂၃ ခုနှစ်တွင် တရုတ်၏ စီးပွားရေးတိုးတက်မှုသည် ဆက်လက်အရှိန်အဟုန်မြင့်လာပြီး ကမ္ဘာ လုံးဆိုင်ရာ စီးပွားရေးအခင်းအကျင်းတွင် အံ့အားသင့်ဖွယ် ချဲ့ထွင်မှုနှင့် တည်ငြိမ်မှုရှိသော နှစ်တစ်နှစ်ကို ကိုယ်စားပြုလျက်ရှိသည်။
 
စီးပွားရေးတိုးတက်မှု နမူနာသည် နိုင်ငံတကာရေးရာများတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရုံသာမက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအားသာချက်ကိုလည်း ဖြစ်စေခဲ့သည်။
 
တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုရှိသော အဓိကနယ်ပယ်မှာ ထုတ်လုပ်ရေးကဏ္ဍဖြစ် သည်။ထုတ်လုပ်ရေးကဏ္ဍသည် ၂၀၂၃ ခုနှစ်တွင် ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ အထူးသဖြင့် အာဆီယံနိုင်ငံများအတွက် အားဖြည့်ရာတွင် အရေးပါခဲ့သည်။
 
နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်တွင် ဆက်လက်ကြီးထွားခဲ့ပြီး ယွမ် ၆.၄၁ ထရီလီယံအထိ ရောက်ရှိခဲ့သည်။အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် လေးနှစ်ဆက်တိုက် ရပ်တည်ခဲ့သည်။တရုတ်နိုင်ငံ၏ ပို့ကုန်ဈေးကွက် ချဲ့ထွင်မှုမှာ ၀.၆ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး အထူးသဖြင့် အာဖရိကနှင့် လက်တင်အမေရိကကဲ့သို့သော ဖွံ့ဖြိုးဆဲဒေသများအတွက် အထူးသဖြင့် အကျိုးရစေခဲ့သည်။
 
တရုတ်ကုမ္ပဏီများသည် ခါးပတ်နှင့် လမ်း အစီအစဉ်ပါ မိတ်ဖက်နိုင်ငံများတွင် ဒေါ်လာ ၃၁.၈ ဘီလီယံ တန်ဖိုးရှိသည့် ဘဏ္ဍာရေးမဟုတ်သော တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများကို ပြုလုပ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အတွက် တရုတ်၏ လေးနက်သော ကတိကဝတ်ကို သက်သေပြနေခြင်းဖြစ်သည်။အစီအစဉ်မှ ဖော်ဆောင်ပေးသော စီးပွားရေးအကျိုးကျေးဇူးများကြောင့် ကုန်သွယ်မှုနှင့် ချိတ်ဆက်မှုကို မြင့်တက်စေရုံသာမက ဒေသတွင်း စီးပွားရေးတိုးတက်မှုကိုလည်း အထောက်အပံ့ဖြစ်စေခဲ့သည်။
 
နည်းပညာကဏ္ဍတွင် ကြီးမားသော တိုးတက်မှုများရှိခဲ့ပြီး မူပိုင်ခွင့်မှတ်ပုံတင်ခြင်းတွင် ၁၅.၄ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။စားသုံးသူ သုံးစွဲမှုတွင် ၇.၂ ရာခိုင်နှုန်း တိုးလာခြင်းသည် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများအတွက် ကြီးမားသော တရုတ်ဈေးကွက်ကို တံခါးဖွင့်ပေးလိုက်ခြင်းလည်းဖြစ်သည်။
 
သဘာဝပတ်ဝန်းကျင် အထောက်အကူပြု အစီအစဉ်များတွင် ဂျီဒီပီ တစ်ယူနစ်လျှင် ကာဗွန်ထုတ်လွှတ်မှုကို ၁၈ ရာခိုင်နှုန်း လျှော့ချရန် ကတိပြုခဲ့ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့စံနှုန်းတစ်ခု သတ်မှတ်နိုင်ခဲ့သည်။ထိုကတိကဝတ်သည် တရုတ်၏ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပြဿနာကို ဖြေရှင်းခြင်းအပေါ် မြှုပ်နှံထားမှုကို ပြသရုံသာမက အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အလားတူမူဝါဒများကိုလည်း ဥပမာပြပေးလျက်ရှိသည်။
 
တရုတ်နိုင်ငံ၏ ၂၀၂၃ ခုနှစ်အတွင်း စီးပွားရေးအောင်မြင်မှုများသည် အထင်အရှားဖြစ်ပြီး မဟာဗျူဟာမြောက်အမြင်နှင့် ကမ္ဘာ့စီးပွားရေးတွင် အပြုသဘောဆောင်သော တွန်းအားတစ်ခုဖြစ်လာနိုင်သည့် စွမ်းရည်ကို ပြသလျက်ရှိသည်။တရုတ်၏ ဖွံ့ဖြိုးလာသော ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ပို့ကုန်ဈေးကွက်ချဲ့ထွင်ခြင်း၊ ခါးပတ်နှင့် လမ်း အစီအစဉ်အောက်မှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာကဏ္ဍ၊ စားသုံးသူ စျေးကွက်ဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများနှင့် ယဉ်ကျေးမှုဖလှယ်မှုခြင်းများမှ ဖွံ့ဖြိုးဆဲနိုင်ငံများရရှိလာသော အကျိုးအမြတ်များသည် တရုတ်မှ စီးပွားရေးနည်းဗျူဟာများ၏ အားလုံးပါဝင်ပြီး အပြုသဘောဆောင်သော လွှမ်းမိုးမှုကို ပြသလျက်ရှိသည်။
 
၂၀၂၄ ခုနှစ်သို့ ရောက်လာချိန်တွင် တရုတ်၏ စီးပွားရေးနှင့် ဈေးကွက်အပေါ် ကမ္ဘာကြီး၏ မျှော်မှန်းချက်သည်လည်း မြင့်မားလာလျက်ရှိသည်။ဆက်လက်ကြီးထွားမှုနှင့် တီထွင်ဆန်းသစ်မှုများဖြင့် တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုအဖြစ် ဆက်လက်ပေါ်ထွန်းလာမည်ကို မျှော်လင့်လျက်ရှိ သည်။
 
လေ့လာဆန်းစစ်သူများနှင့် ရင်းနှီးမြှုပ်နှံသူများသည် တရုတ်အနေဖြင့် ကုန်ထုတ်လုပ်မှု လွှမ်းမိုးခြင်း၊ နည်းပညာတီထွင်ဆန်းသစ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်အစီအစဉ်များကို မည်သို့ထိန်းသိမ်းမည်ကို စိတ်ဝင်တစားစောင့်ကြည့်လျက်ရှိသည်။ထို့အပြင် တရုတ်၏ စားသုံးသူဈေးကွက်သည် မည်သို့မြင့်တက်လာမည်နှင့် ခါးပတ်နှင့်ာလမ်း အစီအစဉ်သည်လည်း ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ကုန်သွယ်မှုကဏ္ဍအပေါ် မည်သို့သက်ရောက်မည်တို့ကိုလည်း စိတ်ဝင်စားမှုများ မြင့်တက်လာလျက်ရှိသည်။
 
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးများအားကောင်းကာ အပြန်အလှန်ကြွယ်ဝမှုကို အကောင်အထည်ဖော်နိုင်ရေးနှင့် အကျိုးသက်ရောက်မှုအားကောင်းသော စီးပွားရေးတိုးတက်မှု တစ်နှစ်တာကို ဆက်လက်တည်ဆောက်ရေးတို့တွင် တရုတ်၏ ရှေ့ဆက်လုပ်ဆောင်မည့် ခြေလှမ်းများကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။
 
စိုးနိုင်ထွန်း
Ref - CMG | China's 2023 economy expansion boosts global growth and prosperity