【နိုင်ငံတကာဆောင်းပါး】စစ်၏ကုန်ကျစရိတ်သည် ဒေါ်လာသက်သက်မကပေ

【နိုင်ငံတကာဆောင်းပါး】စစ်၏ကုန်ကျစရိတ်သည် ဒေါ်လာသက်သက်မကပေ

ထိုအချက်ကို ကွန်ဂရက်ကသိရန်လိုပြီး ထိုအတိုင်းလုပ်ဆောင်ရမည်။

မှားသည့်ဘက်သို့ ဦးတည်သည်ဖြစ်စေ မှန်သည့်ဘက်သို့ဦးတည်သည်ဖြစ်စေ စက်တင်ဘာလသည် အရေးပါသောလဖြစ်သည်။

အရှေ့အလယ်ပိုင်းမှ စစ်ဆင်ရေးများကို ဥပဒေအရခွင့်ပြုသော ခေတ်မမီတော့သည့် စစ်အင်အားအသုံးပြုခွင့်ပေးခြင်း (AUMFs) ဖျက်သိမ်းရန် ကွန်ဂရက်တွင် မကြာမီ မဲခွဲမည်ဖြစ်သည်။

မိမိတို့သည် စက်တင်ဘာ ၁၁ ရက်နေ့ကိုသုံးသပ်နေချိန်တွင် AUMFs များကို ပြင်ဆင်ရန်ဖြစ်လာခြင်းသည် သင့်တော်သည်။ ထိုဖြစ်ရပ်သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က အမေရိကန်ပြည်ထောင်စုကို ပိုမိုကျယ်ပြန့်သော အရှေ့အလယ်ပိုင်းတွင် စစ်ပွဲဝင်ရန် အမေရိကန်ပြည်ထောင်စုကို တွန်းပို့သည့် ဖြစ်ရပ်ဖြစ်သည်။

လွန်ခဲ့သောဆယ်စုနှစ် ၂ ခုအတွင်း အီရတ်နှင့်အာဖဂန်အပါအဝင် ပဋိပက္ခများတွင် အမေရိကန်ပါဝင်ပတ်သက်မှု စိတ်ဖြင့်မှန်းဆမရသည့် မြင့်မားသောသေဆုံးမှုများဖြစ်စေသည်။

ကမ္ဘာ့အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး စစ်၏ကုန်ကျစရိတ်သည် စစ်ဆင်ရေးများသက်သက်အတွက်ပင် ဒေါ်လာ ၅.၈ ထရီလီယံရောက်လာသည်။ ထိုကိန်းဂဏန်းသည် အပေါ်ယံမြင်သာသည့် ကိန်းဂဏန်းသာဖြစ်သည်။

ထိုကိန်းဂဏန်းသည် စစ်ပွဲဆင်ခြင်း၏တိုက်ရိုက်ကုန်ကျစရိတ်မဖြစ်နိုင်ပေ။ ဆယ်စုနှစ်ပေါင်းများစွာ စစ်ဖြစ်ပြီးနောက် မိမိတို့လူမှုအသိုက်အဝန်းများ၏ အခြေခံတည်ဆောက်ပုံကို မျိုးဆက်ပေါင်းများစွာ ထိခိုက်စေသောကုန်ကျစရိတ်ဖြစ်သည်။

စစ်မှုထမ်းဟောင်းရေးရာဌာနသည် ၎င်းတို့စစ်ပွဲများနှင့်ပတ်သက်သည့် လိုအပ်ချက်များနှင့် ၉/၁၁ အလွန် စစ်ပြန်သစ်လှိုင်းကိုတွေ့ခဲ့ပြီးစစ်ပြန်အသုံးစရိတ်သည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ၄ ဆတိုးလာပြီး ဒေါ်လာ ၃၂၅ ဘီလီယံကို ၂၀၂၄ ခုနှစ်အတွက် တောင်းခံသည်။ ထိုအသုံးစရိတ်သည် ယခင်နှစ်က ဒေါ်လာ ၂၅ ဘီလီယံတိုးလာသည်။

၉/၁၁ အလွန်ကာလ စစ်ပြန်များကို စောင့်ရှောက်ရသည့် ကုန်ကျစရိတ်သည် ၂၀၅၀ ခုနှစ်တွင် အံ့သြစရာ ကောင်းသော ဒေါ်လာ ၂.၅ ထရီလီယံအထိ ရောက်မည်ဟု ခန့်မှန်းရသည်။

လက်ရှိအချိန်အထိ ၉/၁၁ ကာလလွန် စစ်ပြန်များ၏ ၄၀ ရာခိုင်နှုန်းကျော်တွင် မသန်းစွမ်းမှုပုံစံအချို့ရှိနေပြီး ဒေါ်လာများ နှင့်/သို့မဟုတ် ဒဏ်ရာများအတွက် ဝန်ဆောင်မှုများရရှိကြသည်။

စိတ်ဒဏ်ရာအလွန် စိတ်ဖိစီးမှုရောဂါ (PTSD) နှင့် ဦးနှောက်ဒဏ်ရာသည် ထိုစစ်ပွဲများကိုဖွင့်ဆိုသည့် ဒဏ်ရာများဖြစ်ပြီး တုန်လှုပ်စရာကောင်းလောက်အောင် မြင့်မားသည့် ကိုယ်ကိုကိုယ် သေကြောင်းကြံစည်မှုများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုများနှင့် အိမ်ခြေမဲ့မှုများကို ဖြစ်စေသည်။

ခန့်မှန်းတွက်ချက်မှုများအရ ကမ္ဘာ့အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပြန်များ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှုသည် တိုက်ပွဲတွင်ကျဆုံးသည့် အရေအတွက်ထက် ၄ ဆ ပိုမိုများပြားကြောင်း ပြသနေသည်။

ရုပ်ပိုင်းဒဏ်ရာရခြင်းသည် ခြေတုလက်တုများ၊ ဝန်ဆောင်မှုပေးသည့် တိရစ္ဆာန်များနှင့် နေထိုင်အဆင်ပြေစေရန်အတွက် ပြင်ဆင်ပေးရသည့် အိမ်များစသည့်  ၎င်းတို့၏ သီးခြားစိန်ခေါ်မှုများနှင့် တွဲပါလာသည်။

တစ်ချိန်တည်းတွင် ၎င်းတို့အလုပ်တွင် အဆိပ်အတောက်နှင့် အဆိပ်အတောက်မီးရှို့ဖျက်ဆီးသည့် ကျင်းများနှင့် ထိတွေ့ရသော စစ်ပြန်များသည် ကင်ဆာနှင့် ၎င်းတို့ခံစားရမည်ဟု စိတ်ကူးပင် မယဉ်ခဲ့သော ဝေဒနာများကို ခံစားရသည်။

အထက်ပါတို့အနက် မည်သည်ကမျှ တပ်မှထွက်သည့်အကူးအပြောင်းကာလကို လွယ်ကူစေခြင်း မရှိပေ။

အမေရိကန်တို့လုပ်နေကျ ထုံးစံအတိုင်း စစ်ပြန်များကို စောင့်ရှောက်ရန်နှင့် ၎င်းတို့လိုအပ်ချက်များကို ဖြည့်ဆည်းရန် မိမိတို့သည် စိန်ခေါ်မှုများကို ရင်ဆိုင်ကြသည်။

တပ်မှထွက်ပြီးနောက် အောင်မြင်ရန် ၎င်းတို့လိုအပ်သည်များရရှိစေရန် တစ်နိုင်ငံလုံးမှ စစ်ပြန်အဖွဲ့အစည်းများက ၎င်းတို့၏ အကောင်းဆုံးကိုလုပ်ဆောင်ကြသည်။

သို့သော်ထိုမြင်မြတ်သည့်လုပ်ငန်းသည် ကွန်ဂရက်ရောဂါလက္ခဏာများကို ကိုင်တွယ်ဖြေရှင်းရသည်။ ကွန်ဂရက်ရောဂါဆိုသည်မှာ စစ်ပွဲနှင့်ပတ်သက်သည့် ပြတ်သားတာဝန်ရှိသော ဆုံးဖြတ်ချက်ချရန် ကွန်ဂရက်က စိတ်အားထက်သန်မှု မရှိခြင်းပင်ဖြစ်သည်။

AUMFs များကို ကွန်ဂရက်က စစ်ကြေညာခြင်းအစား စစ်ရေးအရေးယူမှုခွင့်ပြုရန် သုံးသည်။

ရည်ရွယ်ချက်ကောင်းသော်ဖြစ်နိုင်သော်လည်း အလွန်အကျွံကျယ်ကျယ်ပြန့်ပြန့်ညံ့ဖျင်းစွာ ရေးသားထားသော AUMFs များသည် စနစ်တကျကြီးကြပ်မှုမရှိပါက ပဋိပက္ခသံသရာကို ပိုမိုဆိုးရွားသွားစေသည့် ကိရိယာများ ဖြစ်သွားတတ်သည်။

AUMFs များကို ဖျက်သိမ်းရန်ဖြစ်လာခြင်းသည် အဓိက ဥပမာဖြစ်သည်။

၁၉၅၇၊ ၁၉၉၁ နှင့် ၂၀၀၂ AUMFs တစ်ခုစီသည် အရှေ့အလယ်ပိုင်းတွင် ထိတွေ့ဆက်ဆံမှုပုံစံအချို့ကို ခွင့်ပြုသည်။ ပထမနှင့် ဒုတိယ အီရတ်စစ်ပွဲများတွင် လုံခြုံရေးအကူအညီများနှင့် စစ်ဆင်ရေးများခွင့်ပြုခြင်းဖြင့် ကွန်မြူနစ်ဝါ၏ တိုက်ဖျက်ခြင်းဖြစ်သည်။

ထို AUMFs များအနက် မည်သည်မျှ မည်သည့်လက်ရှိ စစ်ဆင်ရေးမဆိုအတွက် တစ်ခုတည်းသော အခွင့်အာဏာများ မဟုတ်ကြသော်လည်း ၎င်းတို့သည် ကွန်ဂရက်တွင် မဲမခွဲပဲ အလွဲသုံးစားလုပ်ရန်ဖြစ်နိုင်စေသည့် ပဋိပက္ခ၏ နောက်ဖေးတံခါးဖြစ်သည်။

သမ္မတနှင့်စစ်ခေါင်းဆောင်အများအပြားသည် ခွင့်ပြုခြင်းများ၏ မူလရည်မှန်းချက်ပြင်ပမှ လုပ်ရပ်များအတွက် ဆင်ခြေပေးရန် လွတ်လပ်သော AUMFs များသုံးရေး ဘက်သို့တိမ်းညွတ်ကြသည်။

ထိုစစ်ဆင်ရေးများသည် ၂၀၁၇ ခုနှစ်က နိုက်ဂျားတွင် အထူးစစ်ဆင်ရေးတပ်များ အပြင်းအထန်တိုက်ခိုက်ခံရခြင်းကဲ့သို့ ဆိုးရွားသော အကျိုးဆက်များကိုဖြစ်စေသည်။

AUMFs များကို ဆက်လက်ထားရှိခြင်းသည် အဓိကအမျိုးသား အကျိုးစီးပွားကို မခြိမ်းခြောက်သော ရန်သူများကိုတိုက်ရန် တစ်ကမ္ဘာလုံးတပ်များ ပိုမိုရေရှည်ဖြန့်ကျက်ခြင်းကို တံခါးဖွင့်ပေးခြင်းသာဖြစ်သည်။

ကံဆိုးသည်မှာ ကွန်ဂရက်က ထိုသို့ဖြစ်စေခြင်းဖြစ်သည်။ မည်သို့ဆိုစေ AUMFs များကို ထို့ကြောင့် မဲခွဲခဲ့သည်။ ဟုတ်ပါသလား။

လက်ရှိ AUMFs များ သင့်တော်နေသေးခြင်း ရှိ/မရှိ သို့မဟုတ် တပ်များကို စစ်ပွဲသို့စေလွတ်ရန်လိုမလို စူးစမ်းလေ့လာခြင်း၏ ခက်ခဲသော အလုပ်နှင့် ဝန်ထုပ်ဝန်ပိုးကို မိမိတို့အသုံးချသည်။

ပြတ်သားသောအဖြေမှာ သန်းပေါင်းများစွာတို့သည် စစ်ပွဲ၏ မမြင်နိုင်သောကုန်ကျစရိတ်များကို ကျခံနေရပြီး အမျိုးသားအမျိုးသမီးထောင်ပေါင်းများစွာသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရင်း အသက်ဆုံးရှုံး ကြသည်။

စာရေးသူသည် ကြည်းတပ်နှင့်ရေတပ်တွင် ၂၂ နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။

သူငယ်ချင်းများ စစ်မြေပြင်တွင် သေဆုံးသွားသည်ကို မြင်ရပြီး ၎င်းတို့အမိနိုင်ငံ ပြန်ရောက်သောအခါ ရုန်းကန်ရသည်ကိုလည်း မြင်တွေ့ခဲ့သည်။

စာရေးသူသည် မိမိ၏ကျန်းမာရေးပြဿနာများကို မိမိဘာသာဖြေရှင်ပြီး နေ့စဉ် ကိုယ့်ကိုကိုယ် သတ်သေသွားသည့် စစ်ပြန်များဇာတ်လမ်းအများအပြားကို ဖတ်နေရသည်။

တာဝန်ထမ်းဆောင်ခဲ့သော မိမိတို့သည် ကိန်းဂဏန်းများနှင့် စာရင်းများသာဖြစ်နေသည်။ မိမိတို့သည် မိမိတို့ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်များ၏ အကျိုးဆက်များကို ခံစားရသော လှံဖျားသာဖြစ်သည်။

ကွန်ဂရက်က လုပ်ကိုင်နိုင်မှုအနည်းဆုံးမှာ စစ်ပွဲကိစ္စများကို ဆွေးနွေးခြင်းနှင့် မဲခွဲခြင်းဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ မိမိတို့ ကတိသစ္စာကို လေးစားခြင်းဖြစ်သည်။

ထိုအချိန်တွင် ကွန်ဂရက်သည် ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ မျက်စိစုံမှိတ် ခွင့်ပြုချက်ကို အားမကိုးပဲ ထို ကိစ္စကို ကိုင်တွယ်နိုင်သည်။

ကွန်ဂရက်အဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်ဝတ္တရားကို ပြန်ယူရန်နှင့် ၁၉၅၇၊ ၁၉၉၁ နှင့် ၂၀၀၂ AUMFs များကို ဖွင့်ထားသော တံခါးများကို ပိတ်ခြင်းဖြင့် ၎င်းကို ဖျက်သိမ်းရန် စာရေးသူ တောင်းဆိုသည်။

Linko

Ref: The cost of war is more than dollars. Congress needs to remember that and act accordingly|The Hill