【နိုင်ငံတကာဆောင်းပါး】အမေရိကန်ဒီမိုကရေစီဘာကြောင့် နောက်ကျကျန်ခဲ့သနည်း

【နိုင်ငံတကာဆောင်းပါး】အမေရိကန်ဒီမိုကရေစီဘာကြောင့် နောက်ကျကျန်ခဲ့သနည်း

အမေရိကန်အကျပ်အတည်း၏ အကြောင်းရင်းများမှာ အာဏာရှင်တစ်ယောက်နှင့် ထိုအာဏာရှင်ကို ကိုးကွယ်သောကြောင့်မဟုတ်ပေ။ ထိုအကြောင်းရင်းများသည် ထိုထက် ပိုမိုအမြစ်တွယ်နေသည်။ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း အမေရိကသည် ကြီးမားသော စီးပွားရေးနှင့် လူဦးရေဖွဲ့စည်မှု အပြောင်းအလဲကို ရင်ဆိုင်ရသည်။ စက်မှုပြုပြင်ပြောင်းလဲခြင်း၊ များစွာပိုမိုကြီးမားလာပြီး ပိုမိုမြို့ပြဆန်ကာ ပိုမိုကွဲပြား စုံလင်လာသည်။ သို့သော် မိမိတို့ နိုင်ငံရေးအင်စတီကျူးရှင်းများသည် လှုပ်ရှားပြောင်းလဲမှုမရှိဖြစ်နေသည်။ ယနေ့အမေရိကန်ဒီမိုကရေစီသည် ထိုကွဲပြားခြားနားမှု၏ မတည်မငြိမ်ဖြစ်စေသော အကျိုးဆက်များနှင့် နေထိုင်နေရသည်။

လက်တွေ့တွင် ပြဿနာသည် မိမိတို့လွန်စွာလေးစားသည့် တစ်စုံတစ်ခုဖြစ်သည့် အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရှိနေသည်။ လူများစုအာဏာရှင်စနစ်ကို ကာကွယ်ရန် ဒီမိုကရက်တစ်မတိုင်မီက ရေးဆွဲခဲ့သည့် အမေရိကတည်ထောင်သည့် ထိုစာရွက်စာတမ်းသည် ဆန့်ကျင်ဘက် ပြဿနာကို ထုတ်ဖေါ်ပေးသည်။ ရွေးကောက်ခံလူများစုများသည် မကြာခဏ အာဏာမရကြဘဲ ၎င်းတို့နိုင်သောအခါ ၎င်းတို့သည် မကြာခဏဆိုသလို မအုပ်ချုပ်နိုင်ပေ။ အခြားမည်သည့် သမ္မတဒီမိုကရေစီများနှင့်မတူဘဲ အမေရိကန် ခေါင်းဆောင်များသည် လူထုမဲရှုံးစေကာမူ သမ္မတဖြစ် လာသည်။

အမေရိကန် အထက်လွှတ်တော်သည် လူဦးရေမည်မျှရှိသည်ဖြစ်စေ ပြည်နယ်တစ်ခုစီကိုတူညီသော ကိုယ်စားပြုမှုပေးပြီး လူဦးရေနည်းသောပြည်နယ်များကို သိသိသာသာ အလွန်အကျွံ ကိုယ်စားပြုနေပြီး တစ်နိုင်ငံလုံးလူထုမဲတွင်ရှုံးသော ပါတီတစ်ခုက မကြာခဏထိန်းချုပ်ထားကြသည်။ ထို့နောက် အထက်လွှတ်တော်၏ မဲခွဲမှု နှောင့်နှေးကြန့်ကြာအောင် မိန့်ခွန်းရှည်များပြောသည့် စည်းမျဉ်းများကြောင့် လူများစုများသည် ပုံမှန်ဥပဒေများကို အတည်မပြုနိုင်ကြပေ။ နောက်ဆုံးတွင် ဗဟိုတရားရုံးဖွဲ့စည်းပုံကို သမ္မတနှင့် အထက်လွှတ်တော်က ဆုံးဖြတ်သည်။

အထက်လွှတ်တော်သည် ၂၁ ရာစုတွင် ရွေးကောက်ပွဲလူများစုများကို ကိုယ်စားပြုခြင်းမရှိသောကြောင့် တရားရုံးသည် အများပြည်သူအများစု၏ အမြင်ကို မကြာခဏဆိုသလို ကိုယ်စားပြုခြင်းမရှိပေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပါတီဘက်လိုက်သော လူနည်းစုအတွက် မတန်တဆ အကျိုးကျေးဇူးများပေးထားရုံသာမက အမေရိကန် ဒီမိုကရေစီကိုလည်း အန္တရာယ်ကျရောက်စေသည်။ ဒေါ်နယ်ထရမ့် လက်အောက်တွင် ရီပတ်ဗလစ်ကန်ပါတီသည် အစွန်းရောက် ဒီမိုကရေစီဆန့်ကျင်ရေး အင်အားစုအဖြစ် ပြောင်းလဲသွားခြင်းနှင့်အတူ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည်အာဏာရှင်လူနည်းစုကို ကာကွယ်အာဏာပေးထားသည်။

အမေရိကသည် တစ်ချိန်က ဒီမိုကရေစီ ဖွဲ့စည်းပုံများအတွက် စံနှုန်းများသယ်ဆောင်သည့် နိုင်ငံဖြစ်သည်။ သို့သော် ယနေ့တွင် အမေရိကသည် အခြားမည်သည့် တည်ငြိမ်ပြီး ဒီမိုကရေစီထက်မဆို လူနည်းစုအုပ်ချုပ်ရေး ဒဏ်ကိုခံရနိုင်သည်။ရှေ့ဆောင်လမ်းပြမြစ်ဘဲ အမေရိကသည် ဒီမိုကရေတစ် နောက်ကျနေသည်။ ထိုအခြေအနေသည် မည်သို့ဖြစ်လာသနည်း။

Linko

Ref:How American Democracy Fell So Far Behind - The Atlantic