【 နိုင်ငံတကာဆောင်းပါး 】နှစ်ပါင်း ၄၀ အတွင်း တရုတ်စီးပွားရေး ပြောင်းလဲလာပုံ

【 နိုင်ငံတကာဆောင်းပါး 】နှစ်ပါင်း ၄၀ အတွင်း တရုတ်စီးပွားရေး ပြောင်းလဲလာပုံ

၁၉၇၈ ခုနှစ်တွင် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မူဝါဒကိုစတင်ကျင့်သုံးလာခဲ့ပြီးနောက်၊ တရုတ်နိုင်ငံ၏ စီးပွားရေးတည်ဆောက်မှုပုံစံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်း ဟန်ချက်ညီလာခဲ့ပါတယ်။ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုဟာ အဓိက ကဏ္ဍသုံးခုရဲ့ တွန်းအားကြောင့်ဖြစ်ပြီး ဒုတိယတန်းစားစက်မှုလုပ်ငန်းများ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။

တရုတ်နိုင်ငံ၏ ဂျီဒီပီတွင် အခြေခံစက်မှုလုပ်ငန်းများရဲ့ ပါဝင်ပေးမှုဟာ ၁၉၇၈ ခုနှစ်တွင် ၂၇.၇ ရာခိုင်နှုန်း ရှိရာကနေ ၂၀၁၇ မှာတော့ ၇.၉ ရာခိုင်နှုန်း အထိ ကျဆင်းလာခဲ့ပါတယ်၊ ဝန်ဆောင်မှုလုပ်ငန်းရဲ့ ဂျီဒီပီတွင် ပါဝင်မှုဟာ ၂၀၁၇ ခုနှစ်တွင် ၅၁.၆ ရာခိုင်နှုန်းရှိခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် ၂၇ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

စက်မှုလုပ်ငန်းများ တည်ဆောက်မှုပုံဟာ ကြီးမားသော ဖြေလျှော့မှုများ ရှိလာခဲ့ပါတယ်။ စိုက်ပျိုးရေးဟာ တရုတ်စီးပွားရေး၏ အခြေခံဖြစ်သောကြောင့် ပိုပြီးခိုင်မာလာခဲ့ပါတယ်။ ဒီကဏ္ဍဟာ အလယ်အလတ်နှင့် အဆင့်မြင့်သော ကဏ္ဍအဖြစ်သို့ တိုးတက်လာခဲ့ပြီး အမျိုးသားစီးပွားရေးတွင် ဝန်ဆောင်မှု လုပ်ငန်းနဲ့အတူတူ အရေးကြီးသော ကဏ္ဍဖြစ်လာခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ၎င်းရဲ့ စီးပွားရေးကို ပို့ကုန်လွှမ်းမိုးသောစီးပွားရေးကနေ ပြည်တွင်းစားသုံးမှုအခြေခံသော စီးပွားရေးအဖြစ်သို့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄ ခုအတွင်း ပြောင်းလဲလာခဲ့ပါတယ်။ မူလကတော့ စားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် တရုတ်နိုင်ငံရဲ့ ဂျီဒီပီတိုးတက်မှုတွင် ပို့ကုန်ဟာ တည်ငြိမ်မှု မရှိခဲ့ပါဘူး။ ထိုအခြေအနေများဟာ တည်ငြိမ်ပြီး ချောမွေ့သောစီးပွားရေးတိုးတက်မှုအတွက် ကောင်းသောလက္ခဏာမဖြစ်ခဲ့ပါဘူး။

ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မူဝါဒဟာ ပြည်တွင်းစီးပွားရေးကို ဝယ်လိုအားကိုမြင့်တက်စေခဲ့ပါတယ်။ ၂၀၁၇ နောက်ဆုံးစားသုံးမှုအသုံးစရိတ်ဟာ ဂျီဒီပီ ၅၈.၈ ရာခိုင်နှုန်းကို ကိုယ်စားပြုခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် ၃၈.၃ ရာခိုင်နှုန်းသာ ကိုယ်စားပြုခဲ့ပါတယ်။

စုစုပေါင်းငွေကြေးဖွဲ့စည်းမှုကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ တွင် ၆၇ ရာခိုင်နှုန်း ရှိခဲ့ရာတွင် ၂၀၁၇ မှာတော့ ၃၂.၁ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပါတယ်။ အသားတင်ကုန်စည်နှင့် ဝန်ဆောင်မှု ပို့ကုန်ဟာ နိုင်ငံရဲ့ စုစုပေါင်းပို့ကုန်တွင် ၉.၁ ရာခိုင်နှုန်းအထိ ၂၀၁၇ တွင် ကိုယ်စားပြုခဲ့ပါတယ်။

ထို့အပြင် ၂၁ ရာစုအစတွင် စီမံကိန်းကြီး သုံးခုကို စတင်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုကနေရရှိသော အသီးအပွင့်များကို တရုတ်နိုင်ငံတစ်ခုလုံး ခံစားရန်ဆောင်ရွက်ခဲ့ပါတယ်။ ထိုထဲတွင် အနောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ တရုတ်နိုင်ငံအရှေ့ မြောက်ပိုင်း ပြန်လည်ရှင်သန်လာစေရေး နှင့် စက်မှုလုပ်ငန်းဟောင်းများနှင့် နိုင်ငံ၏ အလယ်ပိုင်းဒေသ ပြန်လည်ရှင်သန်ရေးတို့ပါဝင်ပါတယ်။

ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒတို့ဟာ နောက်ထပ်ခြေလှမ်းသစ်ကို စတင်နိုင်ခဲ့‌ပြီး BRI စီမံကိန်း အပါအဝင်၊ Yangtze River နှင့် ပေကျင်း-တယန်ကျင်း-ဟေဘေဒေဖွံ့ဖြိုးတိုးတက်ရေးတို့ကို စတင်နိုင်ခဲ့ပြီး ဒါတွေ အားလုံးဟာ တရုတ်၏ နိုင်ငံတကာကို ၄င်း၏ ဖွံ့ဖြိုးတိုးတက်မှုကို မျှဝေလိုသော ဆန္ဒကိုလည်း ပြသခြင်းဖြစ်ပါတယ်။

တရုတ်နိုင်ငံ၏ မြို့ပြကလည်း ၂၀၁၇ တွင် ၅၈.၅၂ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ပြီး ၁၉၇၈ တွင် ၁၇.၉၂ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။၂၀၁၇ ခုနှစ် တရုတ်နိုင်ငံတွင် မြို့ပြတွင် အတည်နေထိုင်သော လူဦးရေ ၈၁၀ သန်း ရှိခဲ့ပြီး ၁၉၇၈ တွင် ၆၄၀ သန်းသာ ရှိခဲ့ရာ တစ်နှစ်ကို တိုးတက်မှုနှုန်း ၁၆.၄၄ သန်းဖြင့် တိုးတက်လာခဲ့ပါတယ်။

တရုတ်နိုင်ငံ၏ မြို့အရေအတွက်ကလည်း နှစ်ပေါင်း ၄၀ အတွင်း ၆၆၁ မြို့အထိ ၃ ဆ မြင့်တက်လာခဲ့ပါတယ်။ ၂၀၁၈ အောက်တိုဘာလတွင် ထုတ်ပြန်ထားသော အချက်အလက်များအရ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်ကိုင်သော မိသားစုပေါင်း ၇၁.၃၇ သန်း အထိ ရှိလာခဲ့ပြီး ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၃၀.၆၇ သန်းရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံက ကုမ္ပဏီပေါင်း ၁၁၅ ကုမ္ပဏီဟာ Fortune Global 500 တွင်ပါဝင်ခဲ့ပါတယ်။ ဒီကနေ့ ပုဂ္ဂလိက ကုမ္ပဏီများဟာ တရုတ်နိုင်ငံ၏ စီးပွားရေးတွင် အလွန်အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံ၏ ဂျီဒီပီ ၆၀ ရာခိုင်နှုန်းနှင့် အခွန်ထက်ဝက်ကျော်ခန့်ကို ကိုယ်စားပြုနေပြီး နည်းပညာဆန်းသစ်တီထွင်မှုနှင့် ကုန်ပစ္စည်းအသစ်ထုတ်လုပ်မှုတွင် အခွန် ၇၀ ရာခိုင်နှုန်း ၊ မြို့ပြအလုပ်အကိုင် ၈၀ ရာခိုင်နှုန်းနှင့် အလုပ်အကိုင်ရရှိမှု ၉၀ ရာခိုင်နှုန်းကို ဖော်ဆောင်ပေးပါတယ်။

Naing

Ref:CMG|Historic changes in China's economic structure in past 40 years