【 နိုင်ငံတကာဆောင်းပါး 】ဘေးကင်းလုံခြုံရေး၊ အရည်အသွေးမြင့်မားသောဖွံ့ဖြိုးတိုးတက်မှုသို့

【 နိုင်ငံတကာဆောင်းပါး 】ဘေးကင်းလုံခြုံရေး၊ အရည်အသွေးမြင့်မားသောဖွံ့ဖြိုးတိုးတက်မှုသို့

လွန်ခဲ့တဲ့ တစ်နှစ်ခန့်တွင် ၁၉ ကြိမ်မြောက် CPC ရဲ့ ဗဟိုကော်မတီဟာ ၅ ကြိမ်မြောက်သော အစည်းအဝေးကိုကျင်းပခဲ့ပြီး ၁၄ ခုမြောက် ၅ နှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) တွင် အကောက်အထည်ဖော်မည့် စီမံချက်များကို ရေးဆွဲခဲ့ပါတယ်။ ဒီစီမံချက်များဟာ ၂၀၃၅ ခုနှစ်အထိ အကောင်အထည်ဖော်ရန် ရည်မှန်းထားသော စီမံချက်များ ဖြစ်ပါတယ်။ လာမယ့် ၁၅ နှစ်အတွင်း အကောင်အထည်ဖော်မည့် စီမံချက်များတွင် အရေးကြီးသော စကားလုံးများကတော့ “အရည်အသွေးမြင့်မားသော” ဆိုတာဖြစ်ပြီး ဒါကို တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးဆုံးသော အနှစ်သာရအဖြစ် သတင်းမီဒီယာများနှင့် ပညာရှင်များက သတ်မှတ်ကြပါတယ်။

ဒါဟာ နိုင်ငံရဲ့ ဆိုရှယ်လစ်ခေတ်မီရေးတွင် အရေးပါရုံသာမက ဒါဟာ ကပ်ရောဂါရဲ့ဒဏ်ကိုခံခဲ့ရသော နိုင်ငံတကာစီးပွားရေးအတွက်လည်း အရေးကြီးသောအရာဖြစ်ပါတယ်။ CPC ရဲ့ သမိုင်းကို‌လေ့လာခဲ့သော ပညာရှင်များရဲ့ ပြောဆိုချက်အရ ဒီအသုံးအနှုန်းကို အသုံးပြုခြင်းဟာပါတီရဲ့ မူကိုဖော်ပြနေပြီး အမျိုးသားနှင့် ဒေသအတွင်းအဆင့်တို့ရဲ့မူကိုလည်း ဖော်ပြရာရောက်ကာ တရုတ်လူမှုအသိုင်းအဝိုင်းကို ထိရောက်ပြီး အောင်မြင်စွာ အုပ်ချုပ်ရေးအတွက်လည်း အရေးပါကြောင်းကို ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ၁၄ ခုမြောက် ၅ နှစ်စီမံကိန်း စတင်သောနှစ်ဟာ ရှီကျင့်ဖျင်ရဲ့ တရုတ်ပြည်သူများအကြား သူ့ရဲ့ ဆုံးဖြတ်ချက်များ လက်ဆက်ဖော်ထုတ်နေတာကို မြင်ရပြီး အထူးသဖြင့် ဒေသအတွင်းက ခေါင်းဆောင်များကို ဗဟိုအစိုးရရဲ့ ခေါင်းဆောင်မှုကို ပိုမိုနားလည်ရန်ဖြစ်ပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်းတွင်တည်ရှိသော ရှန်တုံပြည်နယ်နှင့် Yellow River ကို ၃ ရက်တာ သွားရောက်လည်ပတ်ချိန်တွင် အရည်အသွေးမြင့်သော ဖွံ့ဖြိုးတိုးတက်မှုအရေးကြီးကြောင်းကို ထပ်မံပြောကြားခဲ့ပါတယ်။ ဒါဟာ ပထမဆုံး အကြိမ်ပြောကြားခြင်းမဟုတ်ကြောင်းကို သိထားဖို့လိုအပ်ပါတယ်။ Yellow River ရဲ့ ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေးနှင့် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို ၂၀၁၉ ခုနှစ်ကတည်းက အဆင့်မြှင့်လာခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ၏ ခေတ်သစ်အတွက် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုဟာ အစိမ်းရောင်တိုးတက်မှုအပေါ် အခြေခံထားပါတယ်။ ဗဟိုအစိုးရဟာ ကဏ္ဍပေါင်းစုံတွင် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်မှန်းထားပြီး အစိုးရကလည်း စီးပွားရေးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်မှုအကြား မျှတမှုရှိရန် ကြိုးပမ်းနေပါတယ်။ တစ်ချိန်တည်းမှာပဲ “တောတောင်များနှင့် မြစ်များ စိမ်းလန်းမှုဟာ ငွေတောင်ရွှေတောင်များဖြစ်သည်” ဆိုတဲ့ အယူအဆကို အကောင် အထည်ဖော်ခြင်းလည်းဖြစ်ပါတယ်။ နယ်ပယ်အသီးသီးက အစိုးရဟာ အသစ်သော ဖွံ့ဖြိုးတိုးတက်မှုအတွေးအခေါ်ကို ကျင့်သုံးနေပြီး ခေတ်ဟောင်းက စီးပွားရေးတိုးချဲ့သော နည်းလမ်းကို စွန့်လွှတ်လိုက်ပြီး ထိုစနစ်ဟာ ပတ်ဝန်းကျင်ကို ထိခိုက်စေသော အရာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ Yellow River Basin ဟာ အခြားသော ဒေသများထက် စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရသော နေရာဖြစ်ပါတယ်။ တရားဝင်ထုတ်ပြန်ထားသော အချက်အလက်များအရ ဂေဟစနစ်နှင့် ရေသိုလှောင်ရေးတို့ဟာ မြစ်ရဲ့ အထက်ပိုင်းကို ပျက်စီးစေကြောင်း ဆိုပါတယ်။ အလယ်ပိုင်းတွင် မြေတိုက်စားခြင်း နှင့် ရေထုညစ်ညမ်းခြင်း၊ အောက်ပိုင်းမှာတော့ ဂေဟစနစ်ပျက်စီးဒဏ်ကို ခံစားနေရပြီး တချို့သောနေရာများတွင် စိမ့်မြေနစ်မြုပ်မှုများဖြစ်ပေါ်လာခဲ့ပါတယ်။ စက်မှုကုန်ထုတ်လုပ်မှုလုပ်ငန်း၊ မြို့ပြဘဝနှင့် စိုက်ပျိုးရေးလုပ်ငန်း၊ အကြီးစား နှင့် အသေးစားရေ နှင့် ရွံ့ရောသောကန်များကြောင့် Yellow River ဟာ ညစ်ညမ်းလာခဲ့ပါတယ်။ ထို့ကြောင့် တရုတ်၏ အဆင့်မြင့်သော ဖွံ့ဖြိုးတိုးတက်မှုတွင် Yellow Rive ကို ကာကွယ်ထားရန် လိုအပ်ပါတယ်။

တရုတ်နိုင်ငံ၏ အဆင့်မြင့်သော ဖွံ့ဖြိုးတိုးတက်မှုဟာ ဘေးကင်းလုံခြုံသော တိုးတက်မှုတစ်ခုတည်းနဲ့ မလုံလောက်သေးပါဘူး။ ၂၀၁၄ ခုနှစ်တွင် သမ္မတရှီကျင့်ဖျင်က အဆိုပြုခဲ့သော စားနပ်ရိက္ခာဖူလုံရေးဟာ တရုတ်နိုင်ငံအတွက်သာ အရေးကြီးသော ကိစ္စဖြစ်ရုံသာမက လူသားများအားလုံးအတွက် အရေးကြီးသော ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂရဲ့ Zero Hunger ရည်မှန်းချက်ရှိသော်လည်း လက်ရှိအချိန်အထိ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ နိုင်ငံတကာတွင် ကိုဗစ်-၁၉ ကြောင့် စားနပ်ရိက္ခာပို့ဆောင်မှုတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုဆိုးရွားစေပြီး နိုင်ငံတကာစားနပ်ရိက္ခာလုံလောက်ရေးဟာ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ရှီကျင့်ဖျင်ဟာ Yellow River မြစ်ဝကျွန်းပေါ်ဒေသကိုသွားရောက်လည်ပတ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ဂေဟစနစ်ကာကွယ်ရေးနဲ့ပတ်သက်ပြီး အလေးထားမှုကို ပြသနေပါတယ်။ ဆာလင်းအယ်ကာလီကိုအသုံပြုပြီး အမျိုးသားစားနပ်ရိက္ခာလုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်သင့်ကြောင်းနှင့်တရုတ်နိုင်ငံကို ဆန်အိုးအဖြစ်သို့ ပြောင်းလဲရန် ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ မျိုးစေ့နဲ့ပတ်သက်ပြီး သုတေသနလုပ်ငန်းကို တိုးချဲ့လုပ်ဆောင်ရန် လိုအပ်နေပြီး သိပ္ပံနည်းကျသုတေသနရလဒ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် နည်းပညာနှင့် အရေးကြီးသော ဆန်းသစ်တီထွင်မှုများတွင်လည်း အောင်မြင်မှုဖော်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီအသစ်သော ဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်ဟာ စီမံခန့်ခွဲရေးတွင်လည်း ပြောင်းလဲမှုဖော်ဆောင်ရန် တိုက်တွန်းထားပါတယ်၊ အထူးသဖြင့် ဒေသအဆင့်တွင်ဖြစ်ပါတယ်။ အထွေထွေအားဖြင့် ဒေသခံများ တွေးခေါ် သလိုတွေးခေါ်ခြင်းနှင့် လက်တွေ့အကောင်အထည်ဖော်ခြင်းဟာ အလွန်လိုအပ်နေဆဲဖြစ်ပါတယ်။ တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အစောပိုင်းတွင် ဒေသဆိုင်ရာ တာဝန်ရှိသူများဟာ လျင်မြန်စွာ အကောင်အထည်ဖော်ရေးနှင့် မျှတစွာ အကောင်အထည်ဖော်ရေးကို ဦးစားပေးခဲ့ပါတယ်။ သို့သော်လည်း လက်ရှိ အဆင့်အသစ်မှာတော့ သူတို့ဟာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကာကွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေး၊ ဒေသနှင့် အမျိုးသားအဆင့်တို့တွင် မျှတစွာ အကောင်အထည်ဖော်ရမည်ဖြစ်ပါတယ်။

Naing

Ref: CMG | From speedy to safe, high-quality: China's development switches gears