【 နိုင်ငံတကာဆောင်းပါး 】အမေရိကန်နိုင်ငံခြားရေးမူဝါဒတွင် မျိုးတုန်းပျောက်ကွယ်မည့် အစီအစဉ်ရှိနေ

【 နိုင်ငံတကာဆောင်းပါး 】အမေရိကန်နိုင်ငံခြားရေးမူဝါဒတွင် မျိုးတုန်းပျောက်ကွယ်မည့် အစီအစဉ်ရှိနေ

၂၀၂၂ ခုနှစ် ဧပြီလတွင် အမေရိကန်အစိုးရတွင်း ရာသီဥတုပြောင်းလဲမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ (IPCC) က အသိတရားရှိသော လူ့အဖွဲ့အစည်း ကို သမိုင်းဝင်လှုပ်ရှားမှုလုပ်စေမည့် သတိပေးချက်ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ်ရောက်ချိန်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု ဆက်လက်မြင့်မားနေခြင်း မရပ်တန့်ပါက လူသားထုသည် ကမ္ဘာကြီးပူနွေးမှုကို ၁.၅ ဒီဂရီ ဆဲလ်စီးယပ်သို့ ကန့်သတ်ထားနိုင်မည်မဟုတ်ကြောင်း IPCC က တွေ့ရှိသည်။

ထို ၁.၅ ဒီဂရီ ဆဲလ်စီးယပ်ဆိုသည့် အတိုင်းအတာသည် ရာသီဥတုပြောင်းလဲမှု၏ အဆိုးဆုံးအပျက်အစီးများကို ရှောင်ရှားနိုင်ဆဲဖြစ်သည်။ ထိုအပျက်အစီးအများအားလုံးကို ရှောင်ရှားနိုင်မည် မဟုတ်သော်လည်း အဆိုးဆုံးကပ်ဘေးကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ IPCC က ရည်ညွှန်းသည့် ရွေးချယ်မှုမှာ တစ်ကမ္ဘာလုံးကျယ်ပြန့်သည့် အစီအစဉ် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှင့်မှုကို ၂၀၃၀ ခုနှစ်တွင် ထက်ဝက်လျှော့ချပြီး ၁.၅ ဒီဂရီ ဆဲလ်စီးယပ် အကန့်အသတ်များအတွင်း ဆက်လက်ရှိနေစေရန် အလားအလာပေးခြင်းနှင့် လူနေထိုင်ရန် ပိုမိုမသင့်တော်သည့် ကမ္ဘာက ဖွင့်ဆိုသည့် ၂၁ ရာစုဖြစ်သည်။

ထိုရွေးချယ်မှုသည် ကြီးကျယ်ခမ်းနားသောရွေးချယ်မှုဖြစ်ပြီး IPCC က လူ့ယဉ်ကျေးမှုအဖွဲ့အစည်းကပ်ဆိုးမှ ထွက်ပေါက်လမ်းသည်ကို ဖောက်နိုင်ကြောင်း ရှင်းရှင်းလင်းလင်းပြောကြား လိုက်ခြင်းဖြစ်သည်။ အပူချိန် ၁.၅ ဒီဂရီဆဲလ်စီးယပ်အတွင်းဆက်လက်ရှိနေရန် လိုအပ်သည့် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှင့်မှု လျှော့ချခြင်းသည် ၂၀၅၀ ခုနှစ်အထိ မျှော်မှန်းထားသော ကမ္ဘာ့စုစုပေါင်းထုတ်လုပ်မှုကို ၁ မှ ၂ ရာခိုင်နှုန်း ဖြတ်တောက်လိုက်မည် ဖြစ်သည်ဟု Guardian မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အယ်ဒီတာ ဒါမီယန် ကာရင်တန်၏ အကျဉ်းချုပ်တင်ပြချက် အရ သိရသည်။ သို့သော် IPCC က အဓိကပြောလိုသောအချက်မှာ ထိုအချိန်ဇယားသည် အလျှော့အတင်း မလုပ်နိုင်သော အချိန်ဇယားဖြစ်သည်။ လူသားထု၏ စဉ်းစားတွက်ချက်မရနိုင်သော အစိတ်အပိုင်းအတွက် နေထိုင်မရဖြစ်စေမည့် အခြေအနေမတိုင်မီ လ ၃၀ ခန့်သာ အချိန်ရတော့သည်ဟု ကာရင်တ် ရေးသားခဲ့သည်။

IPCC ကအထက်ပါ သတိပေးချက်ထုတ်ပြန်ခဲ့သည်မှာ ၁၇ လကြာပြီဖြစ်သည်။ ၂၀၂၃ ခုနှစ်နွေရာသီသည် မှတ်တမ်းတင်ထားသမျှတွင် ကမ္ဘာ့အပူဆုံး ဇူလိုင်လနှင့် စိုစွတ်သောမီးသီးအပူချိန်များ (wet-bulb temperatures) ကို ဖေါ်ပြသည်။ wet-bulb temperatures အပူချိန်များဆိုသည်မှာ ခန္ဓာကိုယ်က ၎င်းဘာသာပင် အေးစက်အောင်လုပ်နိုင်ပြီး ကာလရှည်ကြာစွာ ထိတွေ့မှုကို ဖြတ်ကျော်နိုင်သည့် စွမ်းရည်ကို ပြင်ပအပူချိန်နှင့် စိုထိုင်းမှုက ကျော်လွန်သွားသည့် အပူချိန်များဖြစ်သည်။

ဟာဝိုင်အီမှ လာဟိုင်းနားသည် တစ်ခါက နိဗ္ဗာန်ဘုံ ဖြစ်ခဲ့သော်လည်း ရာစုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးအမေရိကန် တောမီးကြောင့်အပျက် အစီးများကို ခံစားလိုက်ရပြီး ယခုဆောင်းပါး ရေးသားနေသည့်အချိန်အထိ လူ ၁၁၅ ဦးသေဆုံးပြီးဖြစ်သည်။ မီးကျွမ်းနေသောမော်အိအပျက်အ စီးများကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းပြီး မည်သည့်အပြောင်းအလဲမျှ မလုပ်ပါက မိမိတို့လူမှုအသိုက်အဝန်းများကို သဘာဝကမည်သို့သက်ရောက်စေမည်ကို ပြသသည့် နိဒါန်းသာဖြစ်သည်။

သို့သော် ထိုသို့သောကိစ္စများ မဖြစ်ခဲ့သကဲ့သို့ အမေရိကန်နိုင်ငံခြားရေးမူဝါဒစဉ်းစားသုံးသပ်မှု ပြုလုပ်နေသည် သို့မဟုတ် အမေရိကန်နိုင်ငံခြား ရေး မူဝါဒသည် ကမ္ဘာပျက်စီးမှုနီးကပ်လာခြင်းကို လျှော့ချခြင်းထက် ပိုမိုကောင်းမွန်သောကိစ္စရှိသည့်သဘောမျိုး စဉ်းစားနေသည်။ ဆက်လက်ရှင်သန်ရေးအတွက် လိုအပ်ချက်များက ကာဗွန်ထုတ်လုပ်မှု လျှော့ချရေးအတွက် ယခင်မကြုံဖူးသည့် ကမ္ဘာ့ပူးပေါင်းဆောင်ရွက်မှုတောင်းဆိုနေချိန်တွင် အမေရိကန်နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူများကို ဖိစီးနေသည့် မေးခွန်းမှာ စစ်အေးတိုက်ပွဲ မည်မျှဆင်နွဲရမည်နည်းဆိုသည့် မေးခွန်းဖြစ်နေသည်။

စီးပွားရေးတိုးတက်မှုအတွက် လိုအပ်သောနည်းပညာများ တရုတ်ကိုမပေးဘဲထားခြင်းနှင့် ပေကျင်းကိုစစ်ရေးအရ ထိန်းချုပ်ခြင်းအတွက် နှစ်ပါတီအထက်လွှာတွင် ဘုံသဘောတူညီချက်ရှိနေသည်။ ၂၀၁၆ ခုနှစ်တွင် ရုရှားက ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို ကျူးကျော်ခြင်းသည် ဒီမိုကရက်တစ်ပါတီအတွင်း ရုရှားနှင့်ရေရှည် ထိပ်တိုက်တွေ့ရေး ထူးခြားသော မူဝါဒချမှတ်သည့် နယ်ပယ်တစ်ခု ပေါ်ပေါက်စေသည်။

ရီပတ်ဗလစ်ကန်ပါတီအတွင်း ရုရှားနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှု အချို့ရှိနေသော်လည်း ဒေါ် နယ်ထရမ့်ကို သစ္စာခံမှု နောက်ဆက်တွဲ သို့မဟုတ်  တရုတ်နှင့် စစ်အေးတိုက်ပွဲအရှိန်မြှင့်ရန် လိုလားမှုရှိနေသည်။ မဟာအင်အားကြီး အားပြိုင်မှုဟုခေါ်သည့် ထိုသေနင်္ဂဗျူဟာ ၂ ခုလုံးအတွက် လုံခြုံရေး ယန္တရားသည် အဆင်သင့် ရှိနေပြီးဖြစ်သည်။ မိမိတို့၏ သမ္မတရွေးကောက်ပွဲရာသီရောက်ရှိလာသောကြောင့် IPCC အစီရင် ခံစာကို မေ့ထားလိုက်ကြသည်။ မိမိတို့သည် အနာဂတ်မျိုးဆက်များက ခွင့်မလွှတ်မည့် နိုင်ငံခြားရေးမူဝါဒ ဆွေးနွေးမှုများ ပြုလုပ်နေသည်။

ယှဉ်ပြိုင်ခြင်းနှင့် ရာသီဥတုအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းခြင်းအကြား ပင်ကိုယ်အပေးအယူမရှိဟု မဟာအင်အားကြီး အားပြိုင်မှုမူဘောင်ကို လိုလားက ထုံးစံအားဖြင့်ပြောကြသည်။ ထရမ့်အစိုးရ၏ ၂၀၁၈ ခုနှစ် ကာကွယ်ရေး သေနင်္ဂဗျူဟာ အခြေခံတည်ဆောက်ထားသည့် ဘိုင်ဒင်အစိုးရ၏ ၂၀၂၂ ခုနှစ် အမျိုးသားလုံခြုံရေး သေနင်္ဂဗျူဟာက ယှဉ်ပြိုင်သောခေတ်တွင် ဘုံစိန်ခေါ်မှုများကို ကိုင်တွယ်ရန် ပြိုင်ဘက်အင်အားကြီးများနှင့် ပူးပေါင်းဆောင်ရွက်ရေးကိုကတိပြုသည်။ မိမိတို့၏ဘုံ နိုင်ငံတကာ ပြဿနာများအကြားတွင် ရာသီဥတုပြောင်းလဲမှုကို အကြီးမားဆုံးနှင့်ဆက်လက်ရပ်တည်ရေးကို ခြိမ်းခြောက်နေသည့် ပြဿနာအဖြစ် ထိုသေနင်္ဂဗျူဟာက ဖေါ်ပြသည်။ ထိုစကာလုံးများသည် စိတ်ဝင်စားစရာကောင်းသည်။

ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေး အသာစီးရမှုကို အမေရိကန်ဆုံးရှုံးခြင်းနှင့်ပတ်သက်ပြီး အမေရိကန်များ သို့မဟုတ် အခြားမည်သူအတွက်မဆို သေရေးရှင်ရေးမဟုတ်ပေ။ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးသည် (ပေကျင်းအတွက်မဟုတ်လျှင်ပင်) ဝါရှင်တန်အတွက် မဟာအင်အားကြီးယှဉ်ပြိုင်မှုတွင် အရင်းအနှီးဖြစ်သည်။ အမေရိကန်များနှင့် လူတိုင်းအတွက် သေချာပေါက် သေရေးရှင်ရေးအဖြစ်ဆုံးသော တစ်စုံတစ်ခုမှာ ကမ္ဘာတွင် နေထိုင်နိုင်မှုလျှော့ကျလာခြင်းဖြစ်သည်။ သေနင်္ဂဗျူဟာကို အခြေခံနားလည်မှုများသည် သေရေးရှင်ရေး အန္တရာယ်ကို ကိုင်တွယ်ရေးကို ဦးစားပေးမည်ဖြစ်သည်

မဟာအင်အားကြီးနိုင်ငံများရင်ဆိုင်နေရသည့် အပြန်အလှန် စိန်ခေါ်မှုများကို အားပြိုင်မှုမှ ဖယ်ထုတ်ထားရန် စာရွက်ပေါ်တွင် လွယ်သည်။ သို့သော်လက်တွေ့တွင် ဖြစ်နိုင်ခြေနည်းသည်။ ဇူလိုင်လတွင် အမေရိကန် ရာသီဥတုဆိုင်ရာ အထူးသံတမန် ဂျွန်ကယ်ရီ ပေကျင်းသို့သွားရောက်ပြီး ရာသီဥတုဆွေးနွေးပွဲများ ပြန်လည်စတင်သည်။ စီးပွားရေးနှင့် စစ်ရေးတိုးတက်မှုအတွက် အဓိက အစိတ်အပိုင်းဖြစ်သော ဆီမီးကွန်ဒတ်တာ တစ်ပိုင်းလျှပ်ကူးများ တရုတ်နိုင်ငံကို ဘိုင်ဒင်ကကန့်သတ်လိုက်ပြီးနောက် ထိုသို့ သွားရောက်ခြင်းဖြစ်သည်။ ကယ်ရီက တရုတ် အနေဖြင့် ကာဗွန်ထုတ်လွှတ်မှု အဆုံးသတ်ရေးကို အရှိန်မြှင့် လုပ်ဆောင်စေလိုသည်။

သို့သော် စီးပွားရေး ပညာရှင် ဒီးန်ဘေကာ ရှင်းပြသည့်အတိုင်း  မိမိတို့သည် ကမ္ဘာကို ဆိုးဆိုးရွားရွားညစ်ညမ်းအောင် လုပ်ထားသောကြောင့် ပေကျင်းအနေဖြင့် တရုတ်ပြည်သူများ လူနေမှုအဆင့်အတန်း တိုးတက်ရေး အခွင့်အလမ်းကို ပယ်ချရမည်ဆိုသည့် ပြောဆိုချက်သည် တရုတ်မှ မည်သူ့ကိုမျှ ဆွဲဆောင်စည်းရုံးနိုင်မည့် အလားအလာမရှိပေ။ ပေကျင်း ကမ္ဘာ့စီးပွားရေး အစိတ်စိတ်အမွှာမွှာဖြစ်နေသည်ကို မြင်တွေ့ သတိထားနေရပါက  တရုတ်နိုင်ငံသည် လက်ရှိလမ်းကြောင်းထက် မြန်မြန်ဆန်ဆန်အစိမ်းပြောင်းလဲမှုလုပ်ရန် တွန်းအားပေးမည်မဟုတ်ကြောင်းပင်တဂွန် အရာရှိဟောင်း ဗန်ဂျက်ဆင်က သူ၏သတင်းစာစောင် Un-Diplomatic တွင်ရေးသားခဲ့သည်။

ထိုသို့လုပ်ရန် စွမ်းအင်အမီအခိုကင်းမှု လိုအပ်သောကြောင့်ဖြစ်ပြီး စွမ်းအင်အမှီအခိုကင်းခြင်းသည် ပေကျင်း ၏ အဓိက ရည်မှန်းချက်ဖြစ်သည်။ တိုးတက်လာသော ပြိုင်ဘက်ကို ဖိနှိပ်ရန် ကြိုးစားခြင်းသည် ထိုပြိုင်ဘက်ကို ခေါင်းမာအောင်လုပ်ခြင်း အထူးသဖြင့် ဘုံအကျိုးစီးပွား ပြဿနာများတွင် ခေါင်းမာခြင်းဖြစ်စေတတ်သော သဘောရှိသည်ဟု တွေ့လာရသည်။

အကြမ်းဖက်တိုက်ဖျက်ရေးစစ်ပွဲ အစောပိုင်းအဆင့်အတွင်း ဂျော့ဒဗယူ ဘုရှ် အစိုးရသည် တစ်ရာခိုင်နှုန်း သဘောတရားဟုခေါ်သည့် သဘော တရားအရ အဖျက်စွမ်းအားကြီးမားသော စစ်ရေးအရေးယူမှုများ လုပ်ခွင့်ရယူထားသည်။ ထိုသဘောတရားမှာ အကြမ်းဖက်သမားများ ဖျက်အားပြင်းလက်နက်ရသွားနိုင်ခြေ တစ်ရာခိုင်နှုန်းရှိလျှင်ပင် မကြာမီဖြစ်လာမည့် သေချာရေရာမှုဖြစ်သည်ဟု ယူဆသည့် သဘောတရားဖြစ်သည်။ သို့သော် ရာသီဥတုကပ်ဆိုးနှင့်ပတ်သက်လျှင် မိမိတို့တွင် အမှန်တကယ်သေချာရေရာမှု ရှိသည်။ လူသားထု အများစု နေထိုင်ရန် မဖြစ်သော အနာဂတ်အတွက် မိမိတို့လိုအပ်သည်မှာ ယခုလုပ်နေသည့်အတိုင်းဆက်လက် လုပ်ကိုင်နေရန်သာဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရပါက အကျိုးဆက်များကို ကြိုတင်မြင်နိုင်သည်။ ရွှေ့ပြောင်းအခြေချသူများ စီးဆင်းမှုသည် ၂၀၁၀ ခုနှစ်များက အမေရိကန် ပြည်ထောင်စုနှင့်ဥရောပနိုင်ငံရေးကို လှုပ်ခတ်စေခဲ့သည့် ရွှေ့ပြောင်းအခြေချမှု များစွာပိုမိုကျယ်ပြန့်မည်ဖြစ်သည်။ သို့သော် အခြားသက်ရောက်မှုများကို စဉ်းစားပုံဖေါ်မရသေးပေ။ ၁၇၈၃ ခု နှစ်က အိုက်စလန်မှ မီးတောင်ပေါက်ကွဲမှုတွင် မှုတ်ထုတ်လိုက်သော ပြာများသည် ပြင်သစ်တော်လှန်ရေးအတွက် တစ်စိတ်တစ်ပိုင်းတာဝန်ရှိသည်။

လေထုအတွင်းထုတ်လွှတ်လိုက်သည့် ဆာလ်ဖာ ဒိုင်အောက်ဆိုက်တန်ချိန်သန်း ၁၂၀ သည် အလွန်ပြင်းထန်သော ရာသီဥတုကိုဖြစ်စေသည်။မိုးသီးများသည်  မွေးမြူထားသော တိရစ္ဆာန်များကို ထိမှန်ပါက သေစေနိုင်လောက်အောင်ကြီးမားသည်။ ရာသီဥတုသည်ဆိုးရွားလွန်းသော ကြောင့် သီးနှံများ မရိတ်သိမ်းနိုင်တော့ဘဲ နောင် ၅ နှစ်ကြာသောအခါ ပြင်သစ်လူမှု ပဋိညာဉ်သည်လက်တွေ့မကျတော့ပေ။ ထိုသို့သော အခြေအနေများ ရှိနေသော်လည်း အမေရိကန် နိုင်ငံခြားရေးမူဝါဒ အသိုက်အဝန်းများသည် ရာသီဥတုပြိုလဲခြင်းသည် တရုတ်ဉာဏ်ရည်တု တိုးတက်မှုက တရုတ်ကို ဝါရှင်တန်ထက် စစ်ရေးအားသာချက်မေးမည့် အလားအလာလောက် အရေးပါသော ကိစ္စမဟုတ်ဟုသုံးသပ်သည်။

ပုံမှန်အခြေအနေတွင် ဘုံဦးတည်ချက်တစ်ခုတွင် နိုင်ငံများကို ညီညွတ်အောင်လုပ်ရန် အတော်အတန် ခက်ခဲသည်။ ဤနေရာတွင် အရေးကြီးသောကိစ္စမှာ အရင်းရှင်စနစ်လိုအပ်ချက်များနှင့် မကိုက်ညီသည့် ကိစ္စတစ်ခုတွင် ညီညွတ်စေရေးဖြစ်သည်။ အရင်းရှင်စနစ်သည် ကမ္ဘာကို လူနေထိုင်မရတော့လုနီးပါးဖြစ်စေသည်။ ရာသီဥတုပူးပေါင်းဆောင်ရွက်မှုအကျိုးအတွက် မဟာအင်အားကြီး နိုင်ငံများ၏ ရက်စက်မှုကို မိမိတို့လျစ်လျူရှုမထားနိုင်ပေ။ ပစ္စုပ္ပန်နှင့်အနာဂတ် ရက်စက်ကြမ်းကြုတ်မှုများကို ဖြေရှင်းမရဖြစ်စေသည့် မဟာအင်အားကြီး အားပြိုင်မှုကဲ့သို့သော သေနင်္ဂဗျူဟာများကို မိမိတို့စွန့်လွှတ်ရမည်ဖြစ်သည်။ လူအစုလိုက်ပြုံလိုက် သေဆုံးမှု သို့မဟုတ် ယဉ်ကျေးမှု လူ့အဖွဲ့အစည်း ပြိုလဲသွားခြင်းကိုလမ်းလွှဲရေးသည် အမေရိကန် မဟာသေနင်္ဂဗျူဟာ၏ အဓိကမူဖြစ်သင့်သည်။ နှစ်ဘက်လုံးနှင့် လုံခြုံရေး ယန္တရားများက ပိုမိုလိုလားသည့်အတိုင်းထိုသို့မလုပ်ခြင်းသည် မျိုးတုန်းပျောက်ကွယ်မှုသို့ သွားနေသည့် အစီအစဉ်ဖြစ်သည်။ IPCC ၏ ပြက္ခဒိန်တွင် လနည်းငယ်သာ ကျန်တော့သည်။

Linko

Ref:US Foreign Policy Has an Extinction Agenda|The Nation