【 နိုင်ငံတကာဆောင်းပါး 】 အနောက်နိုင်ငံများကမြင်သော ခါးပတ်နှင့်လမ်း အစီအစဉ်

【 နိုင်ငံတကာဆောင်းပါး 】 အနောက်နိုင်ငံများကမြင်သော ခါးပတ်နှင့်လမ်း အစီအစဉ်

တရုတ်ဟာ ခါးပတ်နှင့်လမ်း အစီအစဉ်အရ အီတလီနဲ့ ပူးပေါင်းဆောင်ရွက်နေတာဟာ တရုတ်အတွက် အနောက်နိုင်ငံအသိုက်အဝန်းကို ဝင်ရောက်လာမယ့် မြင်းစစ်သည်ဖြစ်တယ်လို့ အနောက်နိုင်ငံများက မီဒီယာတွေက ဖော်ပြကြပါတယ်။

ဒါကတော့ အနောက်နိုင်ငံတွေအနေနဲ့ ကမ္ဘာကြီးတစ်ခုလုံး ချိတ်ဆက်ခြင်းဖြစ်တဲ့ ဂလိုဘယ်လိုက်ဇေးရှင်းမှာ ရှေ့ဆက်သွားချင်သလား၊ နောက်ပြန်ဆုတ်ချင်သလားဆိုတဲ့ မေးခွန်းနဲ့ သက်ဆိုင်နေပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီနဲ့ တွေ့ဆုံခဲ့ပြီး စီးပွားရေးဆက်ဆံမှု နက်ရှိုင်းစေဖို့နဲ့ တရုတ်ကြောင့်ဖြစ်လာတဲ့ စိန်ခေါ်မှုတွေ ဖြေရှင်းရာမှာ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုခဲ့ကြပါတယ်။

အီတလီနဲ့ အနောက်နိုင်ငံများအနေဖြင့် ခါးပတ်နှင့်လမ်း အစီအစဉ်ကို လက်သင့်မခံပါက ဂလိုဘယ်လိုက်ဇေးရှင်းလမ်းကြောင်းမှာ အနောက်နိုင်ငံများဟာ နောက်ကျကျန်ခဲ့မှာဖြစ်ပါတယ်။

မတ်လ ၂၀၁၉ ခုနှစ်တုန်းက တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အီတလီကို အလည်အပတ်သွားရောက်ခဲ့ပြီး ခါးပတ်နှင့်လမ်း အစီအစဉ်အတွက် နားလည်မှုသဝဏ်လွှာ လက်မှတ်ရေးထိုးခဲ့ကာ အီတလီဟာ ခါးပတ်နှင့်လမ်း အစီအစဉ်ကို ဝင်ရောက်လာတဲ့ တစ်ခုတည်းသော ဂျီ ၇ နိုင်ငံ ဖြစ်လာပါတယ်။ဒီနားလည်မှုသဘောတူညီချက်ဟာ မတ်လ ၂၀၂၄ ခုနှစ်အထိ အကျုံးဝင်ပါတယ်။

လက်ရှိအခြေအနေအရ အမေရိကန်ဟာ တရုတ်ကို ပင်မပြိုင်ဖက်လို့ သဘောထားပြီး မူဝါဒကွဲလွဲမှုတွေကို အရေးစိုက်နေတာကြောင့် အီတလီအနေနဲ့ သဘောတူညီချက်ကို ထပ်မံသက်တမ်းတိုးမလားဆိုတဲ့အပေါ် စိုးရိမ်မှုတွေ ဖြစ်ပေါ်နေရပြီး အီတလီရော ဥရောပသမဂ္ဂရောဟာ တုံ့ဆိုင်းနေဟန်ရှိပါတယ်။  

ခါးပတ်နှင့်လမ်း အစီအစဉ်ဟာ နိုင်ငံနှစ်နိုင်ငံ၊ ယဉ်ကျေးမှုနှစ်ခုအတွက် ပူးပေါင်းဆောင်ရွက်ရေး အဆင့်မြှင့်တင်နိုင်မယ့် လမ်းကြောင်းဖြစ်ပါတယ်။သို့သော်လည်း အနောက်နိုင်ငံများကတော့ ဒါကို ဥရောပကို ချဲ့ထွင်ပြီး ထိန်းချုပ်မယ့် လက်နက်လို့ မြင်နေကြပါတယ်။

တရုတ်အတွက်တော့ ရှေးခေတ် ပိုးလမ်းမကြီး ပြန်လည်မွေးဖွားရေးက ပိုအရေးပါပါတယ်။ ၂၁ ရာစုမှာ ဥရောပနဲ့ အာရှကြား ဆက်သွယ်ရေးလမ်းကြောင်း အသစ်ပေါ်ပေါက်လာတဲ့ အရေးပါမှုကို ဘယ်နိုင်ငံက အကျိုးအမြတ် ပိုရသွားသလဲဆိုတဲ့ အချက်နဲ့ တိုင်းတာလို့ မရပါဘူး။အနာဂတ်ကို တွေးမြင်တတ်ရင် ရှေးဟောင်းမြို့နှစ်ခုဖြစ်တဲ့ ရောမနဲ့ ပေကျင်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့ ယဉ်ကျေးမှု ယှက်နွယ်ခြင်းမှာ များစွာအရေးပါလာမှာကို သိမြင်နိုင်ပါတယ်။  

ဒီလို ပန်းတိုင်ကို ရောက်နိုင်ဖို့အတွက် ဥရောပဟာ တရုတ်ကို သင့်လျော်စွာ ချဉ်းကပ်ဖို့ လိုအပ်ပါတယ်။တရုတ်အနေနဲ့ ဥရောပနဲ့ ပူးပေါင်းဖို့ မျှော်လင့်သလို စွမ်းရည်လည်းရှိတဲ့အချိန်မှာ ဥရောပရဲ့အမြင်ပေါ် မူတည်ပြီး အခြေအနေက ပြောင်းလဲသွားနိုင်ပါတယ်။ဥရောပအနေနဲ့ တရုတ်ကို မိတ်ဖက်အနေဖြင့် မြင်မည်လား၊ ဥရောပရဲ့ အရင်းအမြစ်တွေကိုရယူပြီး အယူဝါဒတွေကို ထိန်းချုပ်မယ့် ပြည်ပအင်အားအဖြစ် ရှုမြင်မည်လားအပေါ် မူတည်ပြီး ဆက်ဆံရေးအခြေအနေက ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။  

ယခုခေတ်မှာ ဂလိုဘယ်လိုက်ဇေးရှင်း အယူဝါဒကြောင့် အပြန်အလှန်ဆက်သွယ်ခြင်း၊ လမ်းကြောင်းများစွာပါဝင်ခြင်းနဲ့ ထာဝရဆက်သွယ်ခြင်းများ ဖြစ်ပေါ်နေပြီး ယှဉ်ပြိုင်မှုတွေကလည်း ပိုလို့ပြင်းထန်လာပါတယ်။သို့သော်လည်း ယှဉ်ပြိုင်ဖို့ ကြောက်ရွံ့နေတာ (သို့မဟုတ်) ယှဉ်ပြိုင်မှုကြောင့် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ လျော့နည်းသွားမှာကို စိုးရိမ်နေတာတွေက အကျိုးကျေးဇူးရှိမှာ မဟုတ်တဲ့အပြင် အတားအဆီးတွေနဲ့ သီးသန့်ရပ်တည်ခြင်း တံခါးပိတ်ဝါဒတွေကိုသာ ဖြစ်စေမှာဖြစ်ပါတယ်။ဒီလိုမျိုးလုပ်ရပ်တွေဟာ အီတလီနဲ့ ဥရောပတို့အတွက် နိုင်ငံတွင်းသာကြည့်ပြီး ပိုရှေးရိုးစွဲစေကာ ဂလိုဘယ်လိုက်ဇေးရှင်းအဆင့်ဆင့်မှာ နောက်ကောက်ကျ ကျန်ခဲ့စေမှာဖြစ်ပါတယ်။

သြဇာကြီးတဲ့ အမေရိကန်အနေနဲ့ အခြားသောနိုင်ငံများရဲ့ အင်အားကြီးထွားလာမှုကို မရှုစိမ့်သော ရှုထောင့်ကနေကြည့်မှာ အသေအချာပဲဖြစ်ပါတယ်။သို့သော်လည်း ဥရောပအနေဖြင့်မူ ကမ္ဘာကြီးအပေါ်တွင် ထိုကဲ့သို့သော ရှေးဟောင်းအမြင်မျိုးဖြင့် မကြည့်သင့်တော့သော အချိန်အခါဖြစ်ပါတယ်။  

တရုတ်နိုင်ငံအနေဖြင့် တံခါးပိတ်ထားသော ရှေးရိုးစွဲ ဥရောပကို မမြင်တွေ့လိုသလို ဥရောပကို ပြောင်းလဲရန်လည်း ရည်ရွယ်ချက်မရှိပေ။ကမ္ဘာကြီးအနေနဲ့ နိုင်ငံတစ်ခုတည်းကိုသာ လမ်းညွှန်အဖြစ် မသတ်မှတ်ထားဘဲ ယဉ်ကျေးမှုတစ်ခုတည်းရဲ့ ချဲ့ထွင်မှုကိုလည်း လက်သင့်ခံရန် မလိုအပ်ပေ။ယဉ်ကျေးမှုအမျိုးမျိုး နိုင်ငံအမျိုးမျိုးကြား ထိတွေ့ဆက်ဆံခြင်းများဟာ ခေတ်သစ်မှာ ပူးတွဲတိုးတက်ရေးလမ်းကြောင်းဖြစ်ပါတယ်။

အမေရိကန် နိုင်ငံရေးသိပ္ပံပညာရှင် ဆာမြူရယ် ပီဟန်တင်တန်ရဲ့ “ယဉ်ကျေးမှုများ ပွတ်တိုက်ခြင်း” စာတမ်းကို ပြန်လည်ဖတ်ရှုသင့်ပါတယ်။

ပီဟန်တင်တန်ဟာ ယဉ်ကျေးမှုများအချင်းချင်း ပွတ်တိုက်ခြင်းရဲ့ အကြောင်းပြချက်တွေကို ဖော်ပြထားပြီး ဒီလိုမျိုး ပွတ်တိုက်မှုတွေ မဖြစ်ရအောင် (သို့မဟုတ်) လျှော့ချရအောင် အကြံဉာဏ်တွေကို ဖော်ပြပေးထားပါတယ်။

“ငြိမ်းချမ်းရေးနဲ့ လူသားယဉ်ကျေးမှုတိုးတက်ခြင်းရဲ့ အနာဂတ်ဟာ ကမ္ဘာ့နိုင်ငံကြီးများက ခေါင်းဆောင်များရဲ့ နိုင်ငံရေး၊ အယူအဆနဲ့ ဉာဏပိုင်းမှာ နားလည်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအပေါ်မှာ မှီခိုနေပါတယ်” လို့ သူကဆိုခဲ့ပါတယ်။

ထိုစကားကို ကြည့်ခြင်းဖြင့်ပင် ခါးပတ်နှင့်လမ်း အစီအစဉ်ဟာ ဥရောပဆီ ချီတက်မယ့် မြင်းစစ်သည်မဟုတ်ဘဲ အပြန်အလှန်နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မယ့် လမ်းကြောင်းတစ်ခုသာဖြစ်တယ်ဆိုတာ သိသာပါတယ်။

စိုးနိုင်ထွန်း
Ref - CMG | Viewing BRI as Trojan horse pushes West off course of globalization