လက်စတာကို ရှုံးပြီးနောက် မန်စီးတီးအသင်းသားတွေ ပုံမှန်ထက် ပိုအားထုတ်ဖို့ ပြောလိုက်တဲ့ ဂွာဒီယိုလာ

လက်စတာကို ရှုံးပြီးနောက် မန်စီးတီးအသင်းသားတွေ ပုံမှန်ထက် ပိုအားထုတ်ဖို့ ပြောလိုက်တဲ့ ဂွာဒီယိုလာ

သူ့ရဲ့ ကစားသမားတွေဟာ ခုချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လျော့ကျနေတယ်လို့ ပြီးခဲ့တဲ့ ၄ ရက်အတွင်း လိဂ်ပြိုင်ပွဲ နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့ နည်းပြက မီဒီယာတွေကို ပြောခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ လက်စတာ ပွဲတွေမှာ မန်စီးတီးဟာ ပြိုင်ဘက်ကို အဖွင့်ဂိုးတွေ သွင်းနိုင်ခဲ့ပေမယ်လည်း ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့တာပါ။မန်စီးတီး နည်းပြ ဂွာဒီယိုလာ ကတော့ သူ့ရဲ့ ကစားသမားတွေကို သူတို့ရဲ့ အမှားကနေ သင်ခန်းစာယူကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဂွာဒီယိုလာ က “ဒီနေ့ရဲ့ ပွဲကလည်း ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲတုန်းကလို ခပ်ဆင်ဆင်ပါပဲ” လို့ လက်စတာကို ရှုံးတဲ့ ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

“ကျွန်တော်တို့ ကောင်းကောင်း စကစားခဲ့တယ်၊ ပြီးတော့ တစ်ဂိုးသွင်းတယ်၊ နောက်တော့ သူတို့ ဂိုးဧရိယာထဲ ပထမဆုံးဝင်လာတဲ့ အချိန်မှာပဲ ကျွန်တော်တို့ ဂိုးပေးလိုက်ရပါတယ်။ သူတို့ဖန်တီးမှုတွေကို အများကြီးမလုပ်ထားပါဘူး၊ ဒါပေမယ် ကျွန်တော်တို့ သူတို့ဖန်တီးမှုလုပ်တိုင်း ခံလိုက်ရတယ်။စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာတော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းခဲ့တယ်။အခွင့်အရေးတွေ အများကြီးမရခဲ့ပါဘူး။ပွဲအစ ပထမ ၅ မိနစ်အတွင်းမှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တယ်။သူတို့ ကျွန်တော်တို့ကို ဂိုးသွင်းပြီး ဒဏ်ပေးသွားတဲ့ဂိုးက အရမ်းကိုကောင်းတယ်ဗျာ။တချို့ပွဲတွေမှာ ပြိုင်ဘက်က အခွင့်အရေးတွေ ဖန်တီးပြီး ဂိုးမသွင်းနိုင်တာတွေ ရှိပါတယ်။ဒါပေမယ့် ဒီနေ့ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ကတော့ ဆန့်ကျင်ဘက်ပါပဲ။ဘောလုံးလောကမှာ လက်ခံထားတာက အလုပ်ကို ပိုကြိုးစားလုပ်ရပါမယ်။ဒါကိုပဲ ကျွန်တော် နားလည်ထားတာ။အလုပ်တွေ ပိုကြိုးစားလုပ်ပြီး ပွဲရဲ့ရလဒ်ကို ပြောင်းလဲနိုင်အောင် ကြိုးစားရမယ်။ပြီးမှပဲ ကျွန်တော်တို့ ယုံကြည်မှုပြန်ရလာမှာ၊ ပြီးတော့ ပြန်လည်နလံထူနိုင်မှာ။

မိုးပြာရောင်တွေရဲ့ နည်းပြကတော့ ပြီးခဲ့တဲ့ ၁၈ လတိုင်အောင် ကစားနိုင်ခဲ့သလိုပဲ ပြန်ကစားနိုင်အောင် တစ်ခုတည်းသော နည်းလမ်းက ကြိုးပမ်းအားထုတ်မှုပဲလို့ ပြောပါတယ်။အတူတကွ ကြိုးစားအားထုတ်မှုက ရလဒ်ကောင်းတွေကို ယူဆောင်ပေးလိမ့်မယ်လို့လည်း ပြောပါတယ်။

ရာသီမကုန်သေးပါဘူး၊ တိုက်ရမှာတွေက အများကြီးရှိတယ်၊ ရှုံးလို့မဖြစ်ဘူး။ကြိုးစားရမယ်၊ နောက် အဖြေရှာရပါလိမ့်မယ်” လို့ မန်စီးတီးနည်းပြက ပြောခဲ့ပါတယ်။

Willinson
မန်ချက်စတာ၊ ဒီဇင်ဘာ - ၂၇

( Zawgyi )

သူ႔ရဲ႕ ကစားသမားေတြဟာ ခုခ်ိန္မွာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈေတြ ေလ်ာ့က်ေနတယ္လို႔ ၿပီးခဲ့တဲ့ ၄ ရက္အတြင္း လိဂ္ၿပိဳင္ပြဲ ႏွစ္ပြဲဆက္ရႈံးနိမ့္ခဲ့တဲ့ မန္စီးတီးအသင္းရဲ႕ နည္းျပက မီဒီယာေတြကို ေျပာခဲ့ပါတယ္။

ခရစၥတယ္ပဲေလ့စ္နဲ႔ လက္စတာ ပြဲေတြမွာ မန္စီးတီးဟာ ၿပိဳင္ဘက္ကို အဖြင့္ဂိုးေတြ သြင္းႏိုင္ခဲ့ေပမယ္လည္း ရႈံးပြဲနဲ႔ ႀကဳံေတြ႕ခဲ့တာပါ။မန္စီးတီး နည္းျပ ဂြာဒီယိုလာ ကေတာ့ သူ႔ရဲ႕ ကစားသမားေတြကို သူတို႔ရဲ႕ အမွားကေန သင္ခန္းစာယူၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

ဂြာဒီယိုလာ က “ဒီေန႔ရဲ႕ ပြဲကလည္း ခရစၥတယ္ပဲေလ့စ္နဲ႔ ပြဲတုန္းကလို ခပ္ဆင္ဆင္ပါပဲ” လို႔ လက္စတာကို ရႈံးတဲ့ ပြဲအၿပီးမွာ ေျပာသြားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ေကာင္းေကာင္း စကစားခဲ့တယ္၊ ၿပီးေတာ့ တစ္ဂိုးသြင္းတယ္၊ ေနာက္ေတာ့ သူတို႔ ဂိုးဧရိယာထဲ ပထမဆုံးဝင္လာတဲ့ အခ်ိန္မွာပဲ ကြၽန္ေတာ္တို႔ ဂိုးေပးလိုက္ရပါတယ္။ သူတို႔ဖန္တီးမႈေတြကို အမ်ားႀကီးမလုပ္ထားပါဘူး၊ ဒါေပမယ္ ကြၽန္ေတာ္တို႔ သူတို႔ဖန္တီးမႈလုပ္တိုင္း ခံလိုက္ရတယ္။စိတ္ဓာတ္ပိုင္း ဆိုင္ရာမွာေတာ့ ကြၽန္ေတာ္တို႔ ကိုယ့္ကိုယ္ကို ယုံၾကည္မႈအားနည္းခဲ့တယ္။အခြင့္အေရးေတြ အမ်ားႀကီးမရခဲ့ပါဘူး။ပြဲအစ ပထမ ၅ မိနစ္အတြင္းမွာ ကြၽန္ေတာ္တို႔ ေကာင္းေကာင္းကစားႏိုင္ခဲ့တယ္။သူတို႔ ကြၽန္ေတာ္တို႔ကို ဂိုးသြင္းၿပီး ဒဏ္ေပးသြားတဲ့ဂိုးက အရမ္းကိုေကာင္းတယ္ဗ်ာ။တခ်ိဳ႕ပြဲေတြမွာ ၿပိဳင္ဘက္က အခြင့္အေရးေတြ ဖန္တီးၿပီး ဂိုးမသြင္းႏိုင္တာေတြ ရွိပါတယ္။ဒါေပမယ့္ ဒီေန႔ ကြၽန္ေတာ္တို႔ရဲ႕ ၿပိဳင္ဘက္ကေတာ့ ဆန႔္က်င္ဘက္ပါပဲ။ေဘာလုံးေလာကမွာ လက္ခံထားတာက အလုပ္ကို ပိုႀကိဳးစားလုပ္ရပါမယ္။ဒါကိုပဲ ကြၽန္ေတာ္ နားလည္ထားတာ။အလုပ္ေတြ ပိုႀကိဳးစားလုပ္ၿပီး ပြဲရဲ႕ရလဒ္ကို ေျပာင္းလဲႏိုင္ေအာင္ ႀကိဳးစားရမယ္။ၿပီးမွပဲ ကြၽန္ေတာ္တို႔ ယုံၾကည္မႈျပန္ရလာမွာ၊ ၿပီးေတာ့ ျပန္လည္နလံထူႏိုင္မွာ။

မိုးျပာေရာင္ေတြရဲ႕ နည္းျပကေတာ့ ၿပီးခဲ့တဲ့ ၁၈ လတိုင္ေအာင္ ကစားႏိုင္ခဲ့သလိုပဲ ျပန္ကစားႏိုင္ေအာင္ တစ္ခုတည္းေသာ နည္းလမ္းက ႀကိဳးပမ္းအားထုတ္မႈပဲလို႔ ေျပာပါတယ္။အတူတကြ ႀကိဳးစားအားထုတ္မႈက ရလဒ္ေကာင္းေတြကို ယူေဆာင္ေပးလိမ့္မယ္လို႔လည္း ေျပာပါတယ္။

ရာသီမကုန္ေသးပါဘူး၊ တိုက္ရမွာေတြက အမ်ားႀကီးရွိတယ္၊ ရႈံးလို႔မျဖစ္ဘူး။ႀကိဳးစားရမယ္၊ ေနာက္ အေျဖရွာရပါလိမ့္မယ္” လို႔ မန္စီးတီးနည္းျပက ေျပာခဲ့ပါတယ္။

Willinson
မန္ခ်က္စတာ၊ ဒီဇင္ဘာ - ၂၇