လူလိမ်အသင်းလို့ စွပ်စွဲခံနေရတဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲအတွက် ယုံကြည်မှုရှိနေတဲ့ ဂွာဒီယိုလာ

လူလိမ်အသင်းလို့ စွပ်စွဲခံနေရတဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲအတွက် ယုံကြည်မှုရှိနေတဲ့ ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ဂွာဒီယိုလာ က လာမယ့် သောကြာနေ့ မနက်မှာ ကစားရမယ့် လီဗာပူးလ်နဲ့ ပွဲမှာ သူတို့အသင်း အနိုင်ရပြီး ကွာဟနေတဲ့ အမှတ်ကို လျှော့ချနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။လီဗာပူးလ်ရဲ့ အရှိန်လည်း ရာသီကုန်ပိုင်းရောက်ရင် ရပ်တန့်သွားလိမ့်မယ်လို့ ဆိုပါတယ်။

The Sun သတင်းစာအရ ဂွာဒီယိုလာ က သူ့ကစားသမားတွေကို ပြောကြားချက်အရ မန်စီးတီးအသင်းသားတွေရဲ့ ရုန်းကန်အားက လီဗာပူးလ်နဲ့ ရင်ဆိုင်ရမယ့် ပွဲမှာ အနိုင်ယူပြီး လီဗာပူးလ်ရဲ့ အမှတ်ပေးဇယား ဦးဆောင်မှုကို နှောင့်နှေးပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

၂၀၁၃-၁၄ ရာသီတုန်းက အမှတ်ပေးဇယားကို ဦးဆောင်ပြီး ချန်ပီယံဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် စတီဗင် ဂျာရတ် နာမည်ကြီးခဲ့တဲ့ ချော်လဲမှုကြောင့် ဂိုးပေးလိုက်ရပြီး သူတို့ဒီအခွင့်အရေးကို လက်လွတ်ခံခဲ့ရပါတယ်။ဒီအမှားကို နောက်ထပ်မကျူးလွန်ဖို့ လီဗာပူးလ်က သတိထားရတော့မှာပါ။

လီဗာပူးလ်ရဲ့ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို အားကျနေတဲ့ ဂွာဒီယိုလာ ကတော့ လီဗာပူးလ် ကစားသမားတွေရဲ့ အားကစားသမား မပီသတဲ့ အပြုအမူတွေကြောင့် ဝန်လေးနေတုန်းပါ။လီဗာပူးလ်ကတော့ ပြီးခဲ့တဲ့ပွဲတွေမှာ ဒိုင်ဗင်ထိုးကာ ပင်နယ်တီရအောင် လုပ်ခဲ့တယ်ဆိုပြီး လူလိမ်တွေလို့ စွပ်စွဲခံရပါတယ်။ပြီးခဲ့တဲ့ ခရစ္စမတ်ကာလရဲ့ ပွဲတွေမှာ သူတို့ ပင်နယ်တီကနေ နှစ်ဂိုးရရှိခဲ့ပါတယ်။သောကြာနေ့ မနက်မှာ မန်စီးတီးဟာ လီဗာပူးလ်ကို အိမ်ရှင်အဖြစ် လက်ခံကစားရမှာဖြစ်ပြီး၊ ဒီရာသီထဲမှာတော့ သူတို့အတွက် အကြီးမားဆုံးသော ပွဲတစ်ပွဲဖြစ်ပါတယ်။

လီဗာပူးလ်က မန်စီးတီးကို ထပ်ဆုံးကနေ ၁၀ မှတ် ဖြတ်ဖို့ အခွင့်အရေးကို ဂွာဒီယိုလာ က ရပ်တန့်ပေးနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံကို အနိုင်ရခဲ့ရင် ဒီရာသီ အမှတ်ပေးဇယားမှာ လီဗာပူးလ်က ၁၀ မှတ်ဖြတ် ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။

Willinson
မန်ချက်စတာ၊ ဇန်နဝါရီ - ၂

( Zawgyi )

မန္စီးတီးနည္းျပ ဂြာဒီယိုလာ က လာမယ့္ ေသာၾကာေန႔ မနက္မွာ ကစားရမယ့္ လီဗာပူးလ္နဲ႔ ပြဲမွာ သူတို႔အသင္း အႏိုင္ရၿပီး ကြာဟေနတဲ့ အမွတ္ကို ေလွ်ာ့ခ်ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ထားပါတယ္။လီဗာပူးလ္ရဲ႕ အရွိန္လည္း ရာသီကုန္ပိုင္းေရာက္ရင္ ရပ္တန႔္သြားလိမ့္မယ္လို႔ ဆိုပါတယ္။

The Sun သတင္းစာအရ ဂြာဒီယိုလာ က သူ႔ကစားသမားေတြကို ေျပာၾကားခ်က္အရ မန္စီးတီးအသင္းသားေတြရဲ႕ ႐ုန္းကန္အားက လီဗာပူးလ္နဲ႔ ရင္ဆိုင္ရမယ့္ ပြဲမွာ အႏိုင္ယူၿပီး လီဗာပူးလ္ရဲ႕ အမွတ္ေပးဇယား ဦးေဆာင္မႈကို ေႏွာင့္ေႏွးေပးႏိုင္လိမ့္မယ္လို႔ ဆိုပါတယ္။

၂၀၁၃-၁၄ ရာသီတုန္းက အမွတ္ေပးဇယားကို ဦးေဆာင္ၿပီး ခ်န္ပီယံျဖစ္လိမ့္မယ္လို႔ ထင္ေၾကးေပးခံခဲ့ရေပမယ့္ စတီဗင္ ဂ်ာရတ္ နာမည္ႀကီးခဲ့တဲ့ ေခ်ာ္လဲမႈေၾကာင့္ ဂိုးေပးလိုက္ရၿပီး သူတို႔ဒီအခြင့္အေရးကို လက္လြတ္ခံခဲ့ရပါတယ္။ဒီအမွားကို ေနာက္ထပ္မက်ဴးလြန္ဖို႔ လီဗာပူးလ္က သတိထားရေတာ့မွာပါ။

လီဗာပူးလ္ရဲ႕ ရႈံးပြဲမရွိေသးတဲ့ စံခ်ိန္ကို အားက်ေနတဲ့ ဂြာဒီယိုလာ ကေတာ့ လီဗာပူးလ္ ကစားသမားေတြရဲ႕ အားကစားသမား မပီသတဲ့ အျပဳအမူေတြေၾကာင့္ ဝန္ေလးေနတုန္းပါ။လီဗာပူးလ္ကေတာ့ ၿပီးခဲ့တဲ့ပြဲေတြမွာ ဒိုင္ဗင္ထိုးကာ ပင္နယ္တီရေအာင္ လုပ္ခဲ့တယ္ဆိုၿပီး လူလိမ္ေတြလို႔ စြပ္စြဲခံရပါတယ္။ၿပီးခဲ့တဲ့ ခရစၥမတ္ကာလရဲ႕ ပြဲေတြမွာ သူတို႔ ပင္နယ္တီကေန ႏွစ္ဂိုးရရွိခဲ့ပါတယ္။ေသာၾကာေန႔ မနက္မွာ မန္စီးတီးဟာ လီဗာပူးလ္ကို အိမ္ရွင္အျဖစ္ လက္ခံကစားရမွာျဖစ္ၿပီး၊ ဒီရာသီထဲမွာေတာ့ သူတို႔အတြက္ အႀကီးမားဆုံးေသာ ပြဲတစ္ပြဲျဖစ္ပါတယ္။

လီဗာပူးလ္က မန္စီးတီးကို ထပ္ဆုံးကေန ၁၀ မွတ္ ျဖတ္ဖို႔ အခြင့္အေရးကို ဂြာဒီယိုလာ က ရပ္တန႔္ေပးႏိုင္မလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံကို အႏိုင္ရခဲ့ရင္ ဒီရာသီ အမွတ္ေပးဇယားမွာ လီဗာပူးလ္က ၁၀ မွတ္ျဖတ္ ဦးေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

Willinson
မန္ခ်က္စတာ၊ ဇန္နဝါရီ - ၂