【 အားကစား 】 မန်ယူရဲ့ လှိုင်းကို နယူးကာဆယ် ရပ်တန့်နိုင်ပါ့မလား

【 အားကစား 】 မန်ယူရဲ့ လှိုင်းကို နယူးကာဆယ် ရပ်တန့်နိုင်ပါ့မလား

ယနေ့ည ၂ နာရီခွဲမှာပရီးမီးယားပွဲစဉ် ၂၁ အဖြစ် နယူးကာဆယ်အသင်းနဲ့ မန်ယူအသင်း တို့ နယူးကာ ဆယ်ကွင်းဖြစ်တဲ့ စိန့်ဂျိမ်းစ်ပတ်စ်ကွင်းမှာ ကစားကြမှာ ဖြစ်ပါတယ်။

နည်းပြဘင်နီတက်ဇ်ကိုင်တွယ်နေတဲ့ နယူး ကာဆယ်အသင်းအဖို့ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေချိန်မှာ နည်းပြအပြောင်းအလဲနဲ့ခြေတက်လာတဲ့ မန်ယူအသင်းကိုရင်ဆိုင်ရမှာဖြစ်တဲ့ အတွက် ခက်ခဲတဲ့ ၂၀၁၉ နှစ်အဖွင့်ပွဲလို့ ပြောရမလိုဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာအတွင်း အိမ်ကွင်း ၃ ပွဲကစားရာမှာ ၂ ပွဲရှုံးပြီး ၁ ပွဲသရေကျခဲ့တဲ့ နယူးကာ ဆယ်အဖို့ ပြီးခဲ့တဲ့ ရာသီအိမ်ကွင်းမှာ မန်ယူကိုဧည့်ခံသလို တစ်ဂိုးဂိုးမရှိ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ အဖြေမျိုး ယခုပွဲမှာ ထွက်ပေါ်လာဖို့ မဖြစ်နိုင်လောက်ပါဘဲ။နည်းပြဘင်နီတက်ဇ်ရဲ့ နယူးကာဆယ်အသင်းကတော့ ဒီရာသီ အမှတ်ပေးပွဲ ၂၀ မှာ ၄ ပွဲသာ အနိုင် ရခဲ့ပြီး ၆ ပွဲသရေ ၁၀ ပွဲရှုံးအထိဖြစ်နေခဲ့တဲ့ အဆင့် ၁၅ နေရာမှာရောက်နေပြီး တန်းဆင်းဇုန်အသင်းတွေနဲ့ တစ် ပွဲစာအမှတ် ၃ မှတ်သာ ကွာခြားတော့ပါတယ်။ ဒီရာသီမှာ လူကောင်းတွေ မခေါ်နိုင်ခဲ့တဲ့ အတွက် တချို့ပွဲတွေ မှာ အနိုင်ရလဒ်ကို မထိန်းထားနိုင်တာတွေ၊ ဂိုးအရနည်းနေ တာ၊ အလယ်တန်းချင်း မယှဉ်နိုင်တာတွေကို ကြည့် ရင် ရေရှည်မှာ အသင်းအတွက် အထိနာနေတာကို တွေ့ရမှာပါ။ အသင်းမှာ လူအိုခြေကျတွေ၊ဒုတိယတန်းစား ကစားသမားတွေ ၊ဒဏ်ရာတွေနဲ့ အမြဲလုံးထွေးနေရတဲ့ ကစားသမားတွေကြောင့် ဘင်နီတက်ဇ်ရဲ့ ဗျူဟာက ဒုတိယပိုင်းမှာ ခြေထိုးကျကာ အနိုင်ဂိုးတွေပေးနေရတာကို အခုထိမပြင်နိုင်သေးပါဘူး။

နည်းပြသစ် ဆိုးလ်ရှားလက်ထက် သုံးပွဲဆက်အနိုင်ကြောင့် အဆင့် ၆ နေရာထိတက်လာတဲ့ မန်ယူအ သင်းကတော့ အခုထိ အမှားအယွင်းမရှိသေးဘဲ  ထိပ်ဆုံး ၅ သင်းကို စပြီး ခြိမ်းခြောက်စပြုလာပါပြီ။ လတ်တ လော မန်ယူအသင်းရဲ့ ခြေစွမ်းက ကောင်းနေတယ်ဆိုပေမယ့်  အသင်းကြီးတွေနဲ့ မတွေ့ရသေးတာကို သတိပြု ဖို့ လိုပါတယ်။ နယူးကာဆယ်က မန်ယူအတွက် ပြိုင်ဘက်မဟုတ်ပေမယ့် သူကွင်းမှာတော့ အသင်းကြီး တွေကို ခံကန်လေ့ရှိတဲ့ အဆိပ်ရှိတဲ့ အ သင်းတစ်သင်းပါ။

နယူးကာဆယ်အသင်းအနေနဲ့ ဒီရာသီအသင်းကြီးတွေနဲ့ က စားရာမှာအာဆင်နယ်ကိို ၂-၁၊ချယ်လ်ဆီး ကို ၂-၁၊မန်စီးတီးကို ၂-၁ တွေနဲ့ အသီးသီးရှုံးထားပေမယ့် ဂိုးတွေ ပြန်သွင်းနိုင်လို့  နယူးကာဆယ်အသင်းတိုက်စစ်ကိုသတိထားဖို့လည်းလိုနေပါတယ်။မန်ယူကို အိမ်ကွင်းမှာ ဧည်ခံတဲ့ စာရင်းဟောင်းကိုပြန်လှန်ကြည့်ရင် နောက်ဆုံး ၅ ပွဲမှာ နယူးကာ ဆယ်က တစ်ပွဲနိုင်ပြီး မန်ယူက ၃ ပွဲနိူင်ကာ တစ်ပွဲသရေကျထားပါတယ်။

 

မန်ယူအသင်းကစားပြီးတဲ့ အဝေးကွင်း ၁၀ ပွဲကို ပြန်ကြည့်ရင် ၄ ပွဲနိုင် ၄ ပွဲရှုံးပြီး ၂ ပွဲသရေကျကာ  သွင်း ဂိုး ၂၀ ဂိုး ပေးဂိုး ၁၉ ဂိုးရှိနေပါတယ်။၁၀ ပွဲမှာ တစ်ပွဲနှစ်ဂိုးနူန်းအထိ ပေးနေရတဲ့ မန်ယူနောက်တန်းက  နည်းပြဟောင်းမော်ရင်ဟိုလက်ထက်ကတည်းက မဖြေရှင်းခဲ့တဲ့ နောက်တန်းအတွင်းလူပြဿနာက နည်းပြသစ် ဆိုးလ်ရှားလက်ထက်မှာလဲ မဖြေရှင်းနိုင်တာ ၃ ပွဲ ၃ ဂိုးပေးရတဲ့ ရလဒ်ကို ကြည့်ရင်တွေ့ရမှာပါ။ ယခုပွဲလည်း မန်ယူနောက်တန်းက ဂိုးထပ်ပေးရဖွယ်ရှိနေပါတယ်။

ပွဲကြိုထွက်ပေါ်လာတဲ့ လူစာရင်းအရ အိမ်ရှင် နယူးကာဆယ်အသင်းကတော့ ဂိုး- ဒူဘာဗာကာ၊  နောက်တန်း- ဖေဘီယန်ရှားလ်၊ လက်ဆဲစ်၊ပေါလ်ဒူးမန့်၊ အလယ်တန်း- ယက်ဒ်လင့်၊ ဟေဒင်၊ဒီယာမီ၊ရစ်ချီ၊ အက်စု၊ အယိုဇေပီရက်ဇ်၊ ရှေ့တန်း- ရွန်ဒွန် တို့နဲ့ပွဲထွက် လာဖို့ များနေပါတယ်။

မန်ယူအသင်းကတော့ ရှေ့တန်း- လူကာကူ၊ လင်ဒီဂတ်၊ မာစီ ရယ်လ် ၊အလယ်တန်း- မာတစ်၊ပေါ့ဂ်ဘာ၊ဟာရဲရား၊  နောက်တန်း- လုခ်ရှော၊  ဖီးလ်ဂျူံး၊ လင်ဒီလောဖ်၊ ဒါလော့၊  ဂိုး-ဒီဂီယာတို့ပါဝင်လာဖို့ ရှိနေပါတယ်။

ဒီပွဲကိုဘွတ်ကီဒိုင်တွေက မန်ယူဘက်ကနေ တစ်လုံး ၁၅ ပြား အနိုင်ပေးထားပြီး ဂိုးပေါင်းကို သုံးလုံး ပြား ၄၀ အနိုင်ပေးထားပါတယ်။အစဉ်အလာအရ သာသလို နှစ်သင်းတွေ့ဆုံမှုတိုင်းမှာ ပေးဂိုးများတာကများပြီး လတ်တလောမှာ သွင်းဂိုးနဲ့ ပေးဂိုးများတဲ့ နှစ်သင်းခြေစွမ်းအရ မန်ယူအသင်းနဲ့ ဂိုးအများကို အားပေးရမှာ ဖြစ်ပါကြောင်း။။။။။။

KON (SPORT)
ဇန်နဝါရီ - ၂

( Zawgyi )

ယေန႔ည ၂ နာရီခြဲမွာပရီးမီးယားပြဲစဥ္ ၂၁ အျဖစ္ နယူးကာဆယ္အသင္းနဲ႔ မန္ယူအသင္း တို႔ နယူးကာ ဆယ္ကြင္းျဖစ္တဲ့ စိန႔္ဂ်ိမ္းစ္ပတ္စ္ကြင္းမွာ ကစားၾကမွာ ျဖစ္ပါတယ္။

နည္းျပဘင္နီတက္ဇ္ကိုင္တြယ္ေနတဲ့ နယူး ကာဆယ္အသင္းအဖို႔ ၃ ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ဆုံးေနခ်ိန္မွာ နည္းျပအေျပာင္းအလဲနဲ႔ေျခတက္လာတဲ့ မန္ယူအသင္းကိုရင္ဆိုင္ရမွာျဖစ္တဲ့ အတြက္ ခက္ခဲတဲ့ ၂၀၁၉ ႏွစ္အဖြင့္ပြဲလို႔ ေျပာရမလိုျဖစ္ေနပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ဒီဇင္ဘာအတြင္း အိမ္ကြင္း ၃ ပြဲကစားရာမွာ ၂ ပြဲရႈံးၿပီး ၁ ပြဲသေရက်ခဲ့တဲ့ နယူးကာ ဆယ္အဖို႔ ၿပီးခဲ့တဲ့ ရာသီအိမ္ကြင္းမွာ မန္ယူကိုဧည့္ခံသလို တစ္ဂိုးဂိုးမရွိ ဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရခဲ့တဲ့ အေျဖမ်ိဳး ယခုပြဲမွာ ထြက္ေပၚလာဖို႔ မျဖစ္ႏိုင္ေလာက္ပါဘဲ။နည္းျပဘင္နီတက္ဇ္ရဲ႕ နယူးကာဆယ္အသင္းကေတာ့ ဒီရာသီ အမွတ္ေပးပြဲ ၂၀ မွာ ၄ ပြဲသာ အႏိုင္ ရခဲ့ၿပီး ၆ ပြဲသေရ ၁၀ ပြဲရႈံးအထိျဖစ္ေနခဲ့တဲ့ အဆင့္ ၁၅ ေနရာမွာေရာက္ေနၿပီး တန္းဆင္းဇုန္အသင္းေတြနဲ႔ တစ္ ပြဲစာအမွတ္ ၃ မွတ္သာ ကြာျခားေတာ့ပါတယ္။ ဒီရာသီမွာ လူေကာင္းေတြ မေခၚႏိုင္ခဲ့တဲ့ အတြက္ တခ်ိဳ႕ပြဲေတြ မွာ အႏိုင္ရလဒ္ကို မထိန္းထားႏိုင္တာေတြ၊ ဂိုးအရနည္းေန တာ၊ အလယ္တန္းခ်င္း မယွဥ္ႏိုင္တာေတြကို ၾကည့္ ရင္ ေရရွည္မွာ အသင္းအတြက္ အထိနာေနတာကို ေတြ႕ရမွာပါ။ အသင္းမွာ လူအိုေျခက်ေတြ၊ဒုတိယတန္းစား ကစားသမားေတြ ၊ဒဏ္ရာေတြနဲ႔ အၿမဲလုံးေထြးေနရတဲ့ ကစားသမားေတြေၾကာင့္ ဘင္နီတက္ဇ္ရဲ႕ ဗ်ဴဟာက ဒုတိယပိုင္းမွာ ေျခထိုးက်ကာ အႏိုင္ဂိုးေတြေပးေနရတာကို အခုထိမျပင္ႏိုင္ေသးပါဘူး။

နည္းျပသစ္ ဆိုးလ္ရွားလက္ထက္ သုံးပြဲဆက္အႏိုင္ေၾကာင့္ အဆင့္ ၆ ေနရာထိတက္လာတဲ့ မန္ယူအ သင္းကေတာ့ အခုထိ အမွားအယြင္းမရွိေသးဘဲ  ထိပ္ဆုံး ၅ သင္းကို စၿပီး ၿခိမ္းေျခာက္စျပဳလာပါၿပီ။ လတ္တ ေလာ မန္ယူအသင္းရဲ႕ ေျခစြမ္းက ေကာင္းေနတယ္ဆိုေပမယ့္  အသင္းႀကီးေတြနဲ႔ မေတြ႕ရေသးတာကို သတိျပဳ ဖို႔ လိုပါတယ္။ နယူးကာဆယ္က မန္ယူအတြက္ ၿပိဳင္ဘက္မဟုတ္ေပမယ့္ သူကြင္းမွာေတာ့ အသင္းႀကီး ေတြကို ခံကန္ေလ့ရွိတဲ့ အဆိပ္ရွိတဲ့ အ သင္းတစ္သင္းပါ။

နယူးကာဆယ္အသင္းအေနနဲ႔ ဒီရာသီအသင္းႀကီးေတြနဲ႔ က စားရာမွာအာဆင္နယ္ကိို ၂-၁၊ခ်ယ္လ္ဆီး ကို ၂-၁၊မန္စီးတီးကို ၂-၁ ေတြနဲ႔ အသီးသီးရႈံးထားေပမယ့္ ဂိုးေတြ ျပန္သြင္းႏိုင္လို႔  နယူးကာဆယ္အသင္းတိုက္စစ္ကိုသတိထားဖို႔လည္းလိုေနပါတယ္။မန္ယူကို အိမ္ကြင္းမွာ ဧည္ခံတဲ့ စာရင္းေဟာင္းကိုျပန္လွန္ၾကည့္ရင္ ေနာက္ဆုံး ၅ ပြဲမွာ နယူးကာ ဆယ္က တစ္ပြဲႏိုင္ၿပီး မန္ယူက ၃ ပြဲႏိူင္ကာ တစ္ပြဲသေရက်ထားပါတယ္။

မန္ယူအသင္းကစားၿပီးတဲ့ အေဝးကြင္း ၁၀ ပြဲကို ျပန္ၾကည့္ရင္ ၄ ပြဲႏိုင္ ၄ ပြဲရႈံးၿပီး ၂ ပြဲသေရက်ကာ  သြင္း ဂိုး ၂၀ ဂိုး ေပးဂိုး ၁၉ ဂိုးရွိေနပါတယ္။၁၀ ပြဲမွာ တစ္ပြဲႏွစ္ဂိုးႏူန္းအထိ ေပးေနရတဲ့ မန္ယူေနာက္တန္းက  နည္းျပေဟာင္းေမာ္ရင္ဟိုလက္ထက္ကတည္းက မေျဖရွင္းခဲ့တဲ့ ေနာက္တန္းအတြင္းလူျပႆနာက နည္းျပသစ္ ဆိုးလ္ရွားလက္ထက္မွာလဲ မေျဖရွင္းႏိုင္တာ ၃ ပြဲ ၃ ဂိုးေပးရတဲ့ ရလဒ္ကို ၾကည့္ရင္ေတြ႕ရမွာပါ။ ယခုပြဲလည္း မန္ယူေနာက္တန္းက ဂိုးထပ္ေပးရဖြယ္ရွိေနပါတယ္။

ပြဲႀကိဳထြက္ေပၚလာတဲ့ လူစာရင္းအရ အိမ္ရွင္ နယူးကာဆယ္အသင္းကေတာ့ ဂိုး- ဒူဘာဗာကာ၊  ေနာက္တန္း- ေဖဘီယန္ရွားလ္၊ လက္ဆဲစ္၊ေပါလ္ဒူးမန႔္၊ အလယ္တန္း- ယက္ဒ္လင့္၊ ေဟဒင္၊ဒီယာမီ၊ရစ္ခ်ီ၊ အက္စု၊ အယိုေဇပီရက္ဇ္၊ ေရွ႕တန္း- ႐ြန္ဒြန္ တို႔နဲ႔ပြဲထြက္ လာဖို႔ မ်ားေနပါတယ္။

မန္ယူအသင္းကေတာ့ ေရွ႕တန္း- လူကာကူ၊ လင္ဒီဂတ္၊ မာစီ ရယ္လ္ ၊အလယ္တန္း- မာတစ္၊ေပါ့ဂ္ဘာ၊ဟာရဲရား၊  ေနာက္တန္း- လုခ္ေရွာ၊  ဖီးလ္ဂ်ဴံး၊ လင္ဒီေလာဖ္၊ ဒါေလာ့၊  ဂိုး-ဒီဂီယာတို႔ပါဝင္လာဖို႔ ရွိေနပါတယ္။

ဒီပြဲကိုဘြတ္ကီဒိုင္ေတြက မန္ယူဘက္ကေန တစ္လုံး ၁၅ ျပား အႏိုင္ေပးထားၿပီး ဂိုးေပါင္းကို သုံးလုံး ျပား ၄၀ အႏိုင္ေပးထားပါတယ္။အစဥ္အလာအရ သာသလို ႏွစ္သင္းေတြ႕ဆုံမႈတိုင္းမွာ ေပးဂိုးမ်ားတာကမ်ားၿပီး လတ္တေလာမွာ သြင္းဂိုးနဲ႔ ေပးဂိုးမ်ားတဲ့ ႏွစ္သင္းေျခစြမ္းအရ မန္ယူအသင္းနဲ႔ ဂိုးအမ်ားကို အားေပးရမွာ ျဖစ္ပါေၾကာင္း။။။။။။

KON (SPORT)
ဇန္နဝါရီ - ၂