【 အားကစား 】 ရာသီဝက် ချန်ပီယံလုပွဲအတွက် ခရစ္စတယ်ပဲလေ့စ်အသင်းကို ဂိုးပြတ်အနိုင်ယူမယ့် မန်စီးတီး

【 အားကစား 】  ရာသီဝက် ချန်ပီယံလုပွဲအတွက် ခရစ္စတယ်ပဲလေ့စ်အသင်းကို ဂိုးပြတ်အနိုင်ယူမယ့် မန်စီးတီး

ဒီရာသီမှာ တိုက်စစ်သန်သန်နဲ့ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲတွေ ကစားပြနေတဲ့ မန်စီးတီးအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ရဲ့ ပွဲကို ယနေ့ ည ၉ နာရီခွဲမှာ ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီပွဲက ပရီးမီးယားလိဂ် အဆင့် ၂ နေရာက မန်စီးတီးအသင်းနဲ့ အမှတ်ပေးဇယား အဆင့် ၁၅ နေရာက ခရစ္စတယ်ပဲလေ့စ်တို့ တွေ့ဆုံတဲ့ပွဲ ဖြစ်တဲ့အတွက် မန်စီးတီးအသင်း အနိုင်ရမယ်လို့ ကြိမ်းသေတွက်ဆလို့ရပေမယ့် ရွိုင်းဟော့ဆန် ကိုင်တွယ်ပြီး ဇာဟာ ပါတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ရုန်းအားကလည်း ရှိနေတဲ့အတွက် မထင်မှတ်ဘဲ အပြန်အလှန်သွင်းဂိုးတွေနဲ့ ကြည့်ကောင်းမလားဆိုတာ မျှော်လင့်စရာပါ။

ဒီပွဲမှာ ပထမဆုံးသတိထားရမှာက မန်စီးတီးအသင်းက မကြာခင်က လက်စတာနဲ့ ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲ ကစားထားပြီး ခရစ္စတယ်ပဲလေ့စ်ကတော့ ဒီကြားရက်မှာ ဘာပွဲမှ မကစားထားရတဲ့ အသင်းပါ။မကြာမီက လက်စတာနဲ့ ကစားတဲ့ပွဲမှာ ဂိုးသမား အပါအဝင် ပွဲထွက်ကစားသမား  ၄ ဦးအထိ အပြောင်းအလဲလုပ်ပြီး လက်စတာကို ရင်ဆိုင်ခဲ့သလို အဲဒီပွဲမှာ ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားပေးထားရတဲ့ ကီဗင် ဒီဘရိုင်း ပြန်ပွဲထွက်ပါလာပြီး ပွဲချိန် မိနစ် ၇၀ အထိ ပြန်ကစားလာနိုင်တာကို တွေ့ရပါတယ်။ဒါကြောင့် ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ ဒီဘရိုင်း၊ ဆာနေး၊ ဂျီးဆပ်စ်၊ စတာလင်း တို့ အတွဲအဖက်ကို ပြန်မြင်ရဖို့ ရှိနေပါတယ်။

အိမ်ရှင် မန်စီးတီးအသင်းဟာ ဒီရာသီမှာ ပွဲစဉ် ၁၆ မှာ ချယ်လ်ဆီးကို ၂ ဂိုးပြတ် မရှုံးခင်အထိ ဂိုးပြတ်နိုင်ပွဲတွေနဲ့ ရာနှုန်းပြည့် မန်စီးတီး အားပေးသူတွေကို လုပ်ကျွေးနေတဲ့ အသင်းပါ။နောက်ဆုံးကစားတဲ့ အိမ်ကွင်း ပွဲစဉ် ၅ ပွဲကို ပြန်ကြည့်မယ်ဆိုရင် ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ မှာ ကစားရခက်တဲ့ အဲဗာတန်ကို ၃-၁ ဂိုး၊ ဟော်ဖန်ဟိမ်းကို ၂-၁ ဂိုး၊ ဘုန်းမောက်ကို ၃-၁ ဂိုး၊ မန်ယူကို ၃-၁ ဂိုး၊ ရှက်တာဒိုးနက်ကို ၆ ဂိုးပြတ်နဲ့ ရာနှုန်းပြည့်အနိုင်ရထားခဲ့တဲ့ အသင်းပါ။မန်စီးတီးရဲ့ ယခုရာသီ အမှတ်ပေးပွဲ ၁၇ ပွဲကို ပြန်ကြည့်ရင် တစ်ပွဲမှ ရှုံးပွဲမရှိဘဲ ၁၄ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးထားပြီး ရှုံးတဲ့ပွဲကလည်း အဝေးကွင်းမှာ ရှုံးထားတာပါ။အိမ်ကွင်း ၇ ပွဲမှာ ၇ ပွဲနိုင်ထားပါတယ်။အိမ်ကွင်း ရဂိုး ၂၇ ဂိုးသွင်းကာ ၄ ဂိုးပေးထားရပါတယ်။လတ်တလော ကစားထားတဲ့  အိမ်ကွင်း ၉ ပွဲမှာ ၉ ပွဲစလုံးနိုင်ထားကာ ပွဲတိုင်း ဂိုးပြတ်နိုင်ပွဲတွေချည်း ဖြစ်တဲ့အတွက် လီဗာပူးလ်နဲ့ အပြိုင်ပြေးနေရတဲ့ ပရီးမီးယားလိဂ်မှာ ၂၀၁၈ ကို နှစ်ဝက်ချန်ပီယံအဖြစ်နဲ့ မန်စီးတီး ဖြတ်ကျော်ဖို့ ပွဲတိုင်းအနိုင်ကစားဖို့ များနေပါတယ်။

ခရစ္စတယ်ပဲလေ့စ် အသင်းကတော့ နည်းပြ ရွိုင်းဟော့ဆန် လက်ထဲမှာ ရာသီအစ ၃ ပွဲမှာ အထကောင်းခဲ့ပေမယ့် အထင်ကြီးစရာဖြစ်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ထုံးစံအတိုင်း ဒဏ်ရာရတာတွေ ခြေစွမ်းပျောက်တာတွေကြောင့် အဆင့်တူ ဘုန်းမောက်၊ ဝူဗ်ဗာဟမ်တန်၊ ဘရိုက်တန်၊ ဝက်စ်ဟမ်းအသင်းတွေကို ရှုံးခဲ့သလို အဲဗာတန်၊ ချယ်လ်ဆီး၊ စပါး စတဲ့ အသင်းကြီးတွေကိုပါ ရှုံးခဲ့တဲ့အတွက် ၁၇ ပွဲကစားပြီးချိန်မှာ ၄ ပွဲနိုင် ၃ ပွဲသရေ ၁၀ ပွဲရှုံးပြီး ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၁၅ နေရာရောက်နေပြီး တန်းဆင်းဇုံထဲက ဘန်လေနဲ့ ၃ မှတ်သာ ကွာဟတဲ့ အနေအထား ရောက်နေပါတယ်။ပဲလေ့စ်အသင်း အားနည်းချက်က အဓိကတိုက်စစ်မျူး ဇာဟာ အပေါ် မှီခိုလွန်းနေတာ ဖြစ်ပြီး ဇာဟာ ခြေစွမ်းပျောက်ရင် ပဲလေ့စ်အသင်းရဲ့ တိုက်စစ်က အဆိပ်မဲ့သွားတဲ့ပုံစံ ဖြစ်နေတဲ့အတွက် ဇာဟာ ကို ထိန်းနိုင်တဲ့ နောက်တန်းကောင်းတဲ့ အသင်းတွေနဲ့တွေ့ရင် ပဲလေ့စ် ရလဒ်မကောင်းတာကို တွေ့ရမှာ ဖြစ်ပါတယ်။ပဲလေ့စ်အနေနဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ နောက်တန်းအားနည်းချက်နဲ့ တိုက်စစ်လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ရင် ဒီရာသီတန်းမဆင်းရရင် တော်တော်လေး ကံကောင်းတယ် ပြောရမယ့် အခြေအနေပါ။ပဲလေ့စ်အသင်း နောက်ဆုံးကစားတဲ့ အဝေးကွင်း ၅ ပွဲမှာ ဝက်စ်ဟမ်းကို ၃-၂၊ ဘရိုက်တန်ကို ၃-၁၊ ချယ်လ်ဆီးကို ၃-၁၊ မစ်ဒယ်ဘရော့ကို ၁-၀ နဲ့ အသီးသီးရှုံးနိမ့်ပြီး မန်ယူတစ်သင်းတည်းကိုသာ ဂိုးမရှိသရေ ကစားထားနိုင်ခဲ့တဲ့ အသင်းပါ။

ဒီနှစ်သင်း မန်စီးတီးကွင်း တွေ့ဆုံမှုနောက်ဆုံး ၅ ကြိမ်စလုံးမှာ မန်စီးတီးအသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို ၅-ဝ၊ ၅-ဝ၊ ၄-ဝ၊ ၃-ဝ၊ ၁-၀ နဲ့ ပွဲတိုင်း ဂိုးပြတ်တွေနဲ့ အနိုင်ရထားခဲ့တဲ့အတွက် ဒီပွဲမှာ ဂိုးပြတ်မရှုံးရအောင် ခရစ္စတယ်ပဲလေ့စ် ပိတ်ဆို့ကစားမလား၊ ရှုံးမယ့်အတူတူ တိုက်စစ်ဖွင့်ကစားမလားဆိုတာ  စောင့်ကြည့်ရပါမယ်။

 

ပွဲကြိုထွက်ပေါ်လာတဲ့ လူစာရင်းအရ မန်စီးတီးအသင်းကတော့ ဂိုး - အီဒါဆန်၊ နောက်တန်း - ကိုင်လီ ဝေါ်လ်ကာ၊ ဂျွန်စတုန်း၊ လာပေါ်တီ၊ ဖေဘီယန်ဒပ်ဖ်၊ အလယ်တန်း - ဂန်ဒိုဂန်၊ ဖာနန်ဒင်ဟို၊ ဒေးဗစ်ဆေးလ်ဗား၊ ရှေ့တန်း - စတာလင်၊ အဂူရို၊ ဆာနေး တို့နဲ့ ပွဲထွက်လာဖို့များနေပြီး၊

ပွဲကြိုလူစာရင်းအရ အိမ်ရှင် ခရစ္စတယ်ပဲလေ့စ်အသင်းမှာတော့ ရှေ့တန်း - တောင်ဆန်၊ ဇာဟာ၊ အလယ်တန်း - မက်အာသာ၊ မီလိုဗိုဂျီဗစ်စ်၊ ကယူတေး၊ မက်ဇ်မေယာ၊ နောက်တန်း - ဗန်အန်ဟော့၊ ဆာခို၊ တွန်ကင်း၊ ဝန်ဘိုင် ဆာကာ နဲ့ ဂိုး - ဟန်နက်ဆေး တို့ ပါဝင်လာဖို့ ရှိနေပါတယ်။

ယခုပွဲကို ဘွတ်ကီဒိုင်တွေက မန်စီးတီးဘက်ကနေ နှစ်လုံး ပြား ၆၀ အနိုင်ပေးထားပြီး နှစ်သင်းပေါင်း လေးဂိုးကို ၉၅ ပြား အနိုင်ပေးထားပါတယ်။

ဒီဈေးအရဆို သုံးဂိုးပြတ်မှ ကြေးနိုင်မယ့် မန်စီးတီးဘက် မနေရဲအောင် လုပ်ထားတဲ့အတွက် မန်စီးတီးနဲ့ ဂိုးအပေါ်နေတာက အဆင်ပြေဖို့များပါကြောင်း……။

KON (SPORT)
ဒီဇင်ဘာ - ၂၂

( Zawgyi )

ဒီရာသီမွာ တိုက္စစ္သန္သန္နဲ႔ အိမ္ကြင္းမွာ ဂိုးျပတ္ႏိုင္ပြဲေတြ ကစားျပေနတဲ့ မန္စီးတီးအသင္းနဲ႔ ခရစၥတယ္ပဲေလ့စ္အသင္းတို႔ရဲ႕ ပြဲကို ယေန႔ ည ၉ နာရီခြဲမွာ ၾကည့္ရမွာ ျဖစ္ပါတယ္။

ဒီပြဲက ပရီးမီးယားလိဂ္ အဆင့္ ၂ ေနရာက မန္စီးတီးအသင္းနဲ႔ အမွတ္ေပးဇယား အဆင့္ ၁၅ ေနရာက ခရစၥတယ္ပဲေလ့စ္တို႔ ေတြ႕ဆုံတဲ့ပြဲ ျဖစ္တဲ့အတြက္ မန္စီးတီးအသင္း အႏိုင္ရမယ္လို႔ ႀကိမ္းေသတြက္ဆလို႔ရေပမယ့္ ႐ြိဳင္းေဟာ့ဆန္ ကိုင္တြယ္ၿပီး ဇာဟာ ပါတဲ့ ခရစၥတယ္ပဲေလ့စ္အသင္းရဲ႕ ႐ုန္းအားကလည္း ရွိေနတဲ့အတြက္ မထင္မွတ္ဘဲ အျပန္အလွန္သြင္းဂိုးေတြနဲ႔ ၾကည့္ေကာင္းမလားဆိုတာ ေမွ်ာ္လင့္စရာပါ။

ဒီပြဲမွာ ပထမဆုံးသတိထားရမွာက မန္စီးတီးအသင္းက မၾကာခင္က လက္စတာနဲ႔ ကာရာေဘာင္းဖလား အႀကိဳဗိုလ္လုပြဲ ကစားထားၿပီး ခရစၥတယ္ပဲေလ့စ္ကေတာ့ ဒီၾကားရက္မွာ ဘာပြဲမွ မကစားထားရတဲ့ အသင္းပါ။မၾကာမီက လက္စတာနဲ႔ ကစားတဲ့ပြဲမွာ ဂိုးသမား အပါအဝင္ ပြဲထြက္ကစားသမား  ၄ ဦးအထိ အေျပာင္းအလဲလုပ္ၿပီး လက္စတာကို ရင္ဆိုင္ခဲ့သလို အဲဒီပြဲမွာ ဒဏ္ရာေၾကာင့္ ကာလအတန္ၾကာ အနားေပးထားရတဲ့ ကီဗင္ ဒီဘ႐ိုင္း ျပန္ပြဲထြက္ပါလာၿပီး ပြဲခ်ိန္ မိနစ္ ၇၀ အထိ ျပန္ကစားလာႏိုင္တာကို ေတြ႕ရပါတယ္။ဒါေၾကာင့္ ခရစၥတယ္ပဲေလ့စ္နဲ႔ ပြဲမွာ ဒီဘ႐ိုင္း၊ ဆာေနး၊ ဂ်ီးဆပ္စ္၊ စတာလင္း တို႔ အတြဲအဖက္ကို ျပန္ျမင္ရဖို႔ ရွိေနပါတယ္။

အိမ္ရွင္ မန္စီးတီးအသင္းဟာ ဒီရာသီမွာ ပြဲစဥ္ ၁၆ မွာ ခ်ယ္လ္ဆီးကို ၂ ဂိုးျပတ္ မရႈံးခင္အထိ ဂိုးျပတ္ႏိုင္ပြဲေတြနဲ႔ ရာႏႈန္းျပည့္ မန္စီးတီး အားေပးသူေတြကို လုပ္ေကြၽးေနတဲ့ အသင္းပါ။ေနာက္ဆုံးကစားတဲ့ အိမ္ကြင္း ပြဲစဥ္ ၅ ပြဲကို ျပန္ၾကည့္မယ္ဆိုရင္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၇ မွာ ကစားရခက္တဲ့ အဲဗာတန္ကို ၃-၁ ဂိုး၊ ေဟာ္ဖန္ဟိမ္းကို ၂-၁ ဂိုး၊ ဘုန္းေမာက္ကို ၃-၁ ဂိုး၊ မန္ယူကို ၃-၁ ဂိုး၊ ရွက္တာဒိုးနက္ကို ၆ ဂိုးျပတ္နဲ႔ ရာႏႈန္းျပည့္အႏိုင္ရထားခဲ့တဲ့ အသင္းပါ။မန္စီးတီးရဲ႕ ယခုရာသီ အမွတ္ေပးပြဲ ၁၇ ပြဲကို ျပန္ၾကည့္ရင္ တစ္ပြဲမွ ရႈံးပြဲမရွိဘဲ ၁၄ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံးထားၿပီး ရႈံးတဲ့ပြဲကလည္း အေဝးကြင္းမွာ ရႈံးထားတာပါ။အိမ္ကြင္း ၇ ပြဲမွာ ၇ ပြဲႏိုင္ထားပါတယ္။အိမ္ကြင္း ရဂိုး ၂၇ ဂိုးသြင္းကာ ၄ ဂိုးေပးထားရပါတယ္။လတ္တေလာ ကစားထားတဲ့  အိမ္ကြင္း ၉ ပြဲမွာ ၉ ပြဲစလုံးႏိုင္ထားကာ ပြဲတိုင္း ဂိုးျပတ္ႏိုင္ပြဲေတြခ်ည္း ျဖစ္တဲ့အတြက္ လီဗာပူးလ္နဲ႔ အၿပိဳင္ေျပးေနရတဲ့ ပရီးမီးယားလိဂ္မွာ ၂၀၁၈ ကို ႏွစ္ဝက္ခ်န္ပီယံအျဖစ္နဲ႔ မန္စီးတီး ျဖတ္ေက်ာ္ဖို႔ ပြဲတိုင္းအႏိုင္ကစားဖို႔ မ်ားေနပါတယ္။

ခရစၥတယ္ပဲေလ့စ္ အသင္းကေတာ့ နည္းျပ ႐ြိဳင္းေဟာ့ဆန္ လက္ထဲမွာ ရာသီအစ ၃ ပြဲမွာ အထေကာင္းခဲ့ေပမယ့္ အထင္ႀကီးစရာျဖစ္ခဲ့ေပမယ့္ ေနာက္ပိုင္းပြဲေတြမွာ ထုံးစံအတိုင္း ဒဏ္ရာရတာေတြ ေျခစြမ္းေပ်ာက္တာေတြေၾကာင့္ အဆင့္တူ ဘုန္းေမာက္၊ ဝူဗ္ဗာဟမ္တန္၊ ဘ႐ိုက္တန္၊ ဝက္စ္ဟမ္းအသင္းေတြကို ရႈံးခဲ့သလို အဲဗာတန္၊ ခ်ယ္လ္ဆီး၊ စပါး စတဲ့ အသင္းႀကီးေတြကိုပါ ရႈံးခဲ့တဲ့အတြက္ ၁၇ ပြဲကစားၿပီးခ်ိန္မွာ ၄ ပြဲႏိုင္ ၃ ပြဲသေရ ၁၀ ပြဲရႈံးၿပီး ရမွတ္ ၁၅ မွတ္နဲ႔ အဆင့္ ၁၅ ေနရာေရာက္ေနၿပီး တန္းဆင္းဇုံထဲက ဘန္ေလနဲ႔ ၃ မွတ္သာ ကြာဟတဲ့ အေနအထား ေရာက္ေနပါတယ္။ပဲေလ့စ္အသင္း အားနည္းခ်က္က အဓိကတိုက္စစ္မ်ဴး ဇာဟာ အေပၚ မွီခိုလြန္းေနတာ ျဖစ္ၿပီး ဇာဟာ ေျခစြမ္းေပ်ာက္ရင္ ပဲေလ့စ္အသင္းရဲ႕ တိုက္စစ္က အဆိပ္မဲ့သြားတဲ့ပုံစံ ျဖစ္ေနတဲ့အတြက္ ဇာဟာ ကို ထိန္းႏိုင္တဲ့ ေနာက္တန္းေကာင္းတဲ့ အသင္းေတြနဲ႔ေတြ႕ရင္ ပဲေလ့စ္ ရလဒ္မေကာင္းတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ပဲေလ့စ္အေနနဲ႔ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ေနာက္တန္းအားနည္းခ်က္နဲ႔ တိုက္စစ္လိုအပ္ခ်က္ကို မျဖည့္ဆည္းႏိုင္ရင္ ဒီရာသီတန္းမဆင္းရရင္ ေတာ္ေတာ္ေလး ကံေကာင္းတယ္ ေျပာရမယ့္ အေျခအေနပါ။ပဲေလ့စ္အသင္း ေနာက္ဆုံးကစားတဲ့ အေဝးကြင္း ၅ ပြဲမွာ ဝက္စ္ဟမ္းကို ၃-၂၊ ဘ႐ိုက္တန္ကို ၃-၁၊ ခ်ယ္လ္ဆီးကို ၃-၁၊ မစ္ဒယ္ဘေရာ့ကို ၁-၀ နဲ႔ အသီးသီးရႈံးနိမ့္ၿပီး မန္ယူတစ္သင္းတည္းကိုသာ ဂိုးမရွိသေရ ကစားထားႏိုင္ခဲ့တဲ့ အသင္းပါ။

ဒီႏွစ္သင္း မန္စီးတီးကြင္း ေတြ႕ဆုံမႈေနာက္ဆုံး ၅ ႀကိမ္စလုံးမွာ မန္စီးတီးအသင္းက ခရစၥတယ္ပဲေလ့စ္အသင္းကို ၅-ဝ၊ ၅-ဝ၊ ၄-ဝ၊ ၃-ဝ၊ ၁-၀ နဲ႔ ပြဲတိုင္း ဂိုးျပတ္ေတြနဲ႔ အႏိုင္ရထားခဲ့တဲ့အတြက္ ဒီပြဲမွာ ဂိုးျပတ္မရႈံးရေအာင္ ခရစၥတယ္ပဲေလ့စ္ ပိတ္ဆို႔ကစားမလား၊ ရႈံးမယ့္အတူတူ တိုက္စစ္ဖြင့္ကစားမလားဆိုတာ  ေစာင့္ၾကည့္ရပါမယ္။

ပြဲႀကိဳထြက္ေပၚလာတဲ့ လူစာရင္းအရ မန္စီးတီးအသင္းကေတာ့ ဂိုး - အီဒါဆန္၊ ေနာက္တန္း - ကိုင္လီ ေဝၚလ္ကာ၊ ဂြၽန္စတုန္း၊ လာေပၚတီ၊ ေဖဘီယန္ဒပ္ဖ္၊ အလယ္တန္း - ဂန္ဒိုဂန္၊ ဖာနန္ဒင္ဟို၊ ေဒးဗစ္ေဆးလ္ဗား၊ ေရွ႕တန္း - စတာလင္၊ အဂူ႐ို၊ ဆာေနး တို႔နဲ႔ ပြဲထြက္လာဖို႔မ်ားေနၿပီး၊

ပြဲႀကိဳလူစာရင္းအရ အိမ္ရွင္ ခရစၥတယ္ပဲေလ့စ္အသင္းမွာေတာ့ ေရွ႕တန္း - ေတာင္ဆန္၊ ဇာဟာ၊ အလယ္တန္း - မက္အာသာ၊ မီလိုဗိုဂ်ီဗစ္စ္၊ ကယူေတး၊ မက္ဇ္ေမယာ၊ ေနာက္တန္း - ဗန္အန္ေဟာ့၊ ဆာခို၊ တြန္ကင္း၊ ဝန္ဘိုင္ ဆာကာ နဲ႔ ဂိုး - ဟန္နက္ေဆး တို႔ ပါဝင္လာဖို႔ ရွိေနပါတယ္။

ယခုပြဲကို ဘြတ္ကီဒိုင္ေတြက မန္စီးတီးဘက္ကေန ႏွစ္လုံး ျပား ၆၀ အႏိုင္ေပးထားၿပီး ႏွစ္သင္းေပါင္း ေလးဂိုးကို ၉၅ ျပား အႏိုင္ေပးထားပါတယ္။

ဒီေဈးအရဆို သုံးဂိုးျပတ္မွ ေၾကးႏိုင္မယ့္ မန္စီးတီးဘက္ မေနရဲေအာင္ လုပ္ထားတဲ့အတြက္ မန္စီးတီးနဲ႔ ဂိုးအေပၚေနတာက အဆင္ေျပဖို႔မ်ားပါေၾကာင္း……။

KON (SPORT)
ဒီဇင္ဘာ - ၂၂