【 အားကစား 】 ရှုံးပွဲအတွက် လက်စတာကို အနိုင်ကန်မယ့် မန်စီးတီး

【 အားကစား 】 ရှုံးပွဲအတွက် လက်စတာကို အနိုင်ကန်မယ့် မန်စီးတီး

ယနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ အဖြစ် လက်စတာနဲ့ မန်စီးတီးအသင်းတို့ လက်စတာ ကွင်းမှာ ကစားကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ် ၁၈ မှာ လက်စတာက ချယ်လ်ဆီးကို တစ်ဂိုး - ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး မန်စီးတီးကတော့ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၃-၂ နဲ့ ဒီရာသီမှာ ပထမဆုံး အိမ်ကွင်းအရှုံးကို မြည်းစမ်းခဲ့ရတဲ့အတွက် ယခုပွဲမှာ နှစ်သင်းစလုံးက တစ်သင်းက အနိုင်အတွက် စိတ်အားတက်ကြွနေမှာဖြစ်သလို တစ်သင်းကတော့  ဒီရာသီ မထင်မှတ်ဘဲ ရှုံးခဲ့ရတဲ့ ပထမဆုံးအရှုံးအတွက် သိက္ခာဆည်နိုင်ပွဲ မဖြစ်မနေယူဖို့ လိုနေတဲ့အတွက် ပြိုင်ဆိုင်မှု အားကြီးနေနိုင်ပါတယ်။

ပထမဆုံး အိမ်ရှင် လက်စတာအသင်း ခြေစွမ်းကို ပြန်ကြည့်မယ်ဆိုရင် ရာသီဝက်ကာလ ရောက်တဲ့အချိန်အထိ ခြေစွမ်းမတည်ငြိမ်ခဲ့သလို ခြေစွမ်းက သိပ်မမှန်ခဲ့ပါဘူး။ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက် ရှုံးနိမ့်နေခဲ့ချိန်မှာ ချယ်လ်ဆီးကွင်း သွားကစားရတဲ့အတွက် သေချာပေါက် နောက်ထပ်ရှုံးပွဲတစ်ခု ဆက်တွေ့ရပြီလို့ ထင်ထားချိန်မှာ အံအားသင့်ဖွယ်ရာ တစ်ဂိုးတည်းနဲ့ ချယ်လ်ဆီးကို အနိုင်ရခဲ့ပါတယ်။အဆိုပါပွဲမှာ လက်စတာအသင်းရဲ့ ဘောလုံးပိုင်ဆိုင်မှုက ၂၈ ရာခိုင်နူန်းသာရှိပြီး ချယ်လ်ဆီးက ဂိုးပေါက်ကန်သွင်းမှု ၁၇ ကြိမ်မှာ လက်စတာက ၈ ကြိမ်သာရပြီး ပွဲချိန် ၅၁ မိနစ်မှာရတဲ့ ဗာဒီ ရဲ့ သွင်းဂိုးကို မာဂွီရီ ဦးဆောင်တဲ့ လက်စတာ နောက်တန်းက အသေအလဲခုခံပြီး ဒီရာသီရဲ့ စတုတ္ထမြောက် အဝေးကွင်းနိုင်ပွဲကို ရယူခဲ့တာပါ။ဒီရာသီ လက်စတာ အိမ်ကွင်းကစားခဲ့တဲ့ ၁၀ ပွဲမှာ လက်စတာအသင်းက ၃ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံးကာ သွင်းဂိုး ၁၀ ဂိုး ပေးဂိုး ၈ ဂိုးရှိကာ လက်ရှိ အမှတ်ပေးဇယားမှာတော့ နိုင်ပွဲ ၇ ပွဲ သရေပွဲ ၄ ပွဲ ရှုံးပွဲ ၇ ပွဲ၊  ရမှတ် ၂၅ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။

မန်စီးတီးအသင်းကတော့ အိမ်ကွင်းမှာ မထင်မှတ်ဘဲ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၂-၃ နဲ့ ပထမဆုံး အိမ်ကွင်းရှုံးပွဲကို မြည်းစမ်းခဲ့ရပြီ ဖြစ်ပါတယ်။အဲဒီပွဲစဉ် ၁၈ မှာ ဘောလုံးပိုင်ဆိုင်မှု ၇၈ ရာခိုင်နူန်းရှိကာ ဂိုးပေါက်ကန်သွင်းမှု ၁၉ ကြိမ်ထိရှိခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းက တောင်ဆန်၊ ရှစ်လ်အပ်၊ မီလိုဗိုလ်ဂျီဗစ်စ် ရဲ့ သွင်းဂိုးတွေကြောင့် ရှုံးပွဲကြုံခဲ့ရပါတယ်။
အဆိုပါပွဲမှာ ဂိုးသမား အီဒါဆန် ရဲ့ လက်စွမ်းက သာမန်ထက် နိမ့်ကျနေသလို နောက်တန်းက ကိုင်လီဝေါ်လ်ကာ၊ အော်တာမန်ဒီ၊ တိုက်စစ်က ဂျီးဆပ်စ်၊ စတာလင် တို့လည်း ခြေစွမ်းကျနေတဲ့အတွက် လက်စတာနဲ့ ပွဲမှာ နောက်တန်းနဲ့ တိုက်စစ်မှာ အပြောင်းအလဲအချို့ ရှိလာနိုင်ပါတယ်။လက်ရှိ မန်စီးတီးရဲ့ ယခုရာသီ အဝေးကွင်းပွဲ ၈ ပွဲကို ပြန်ကြည့်ရင် ၅ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးထားပါတယ်။လတ်တလောကစားထားတဲ့  အဝေးကွင်း ၅ ပွဲမှာ ၄ ပွဲနိုင် ၁ ပွဲရှုံးထားပါတယ်။

လက်ရှိနည်းပြ ဂွါဒီယိုလာ အနေနဲ့ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးခဲ့တဲ့အတွက် လက်စတာနဲ့ ကစားတဲ့အခါ မန်စီးတီးက ညှာဖွယ်မမြင်သလို လက်စတာကလည်း ကျားကုန်ကျားခဲ ကစားကြမှာဖြစ်လို့ အခွင့်အရေးပေးရင် ဂိုးရအောင်သွင်းပြီး ချယ်လ်ဆီးနဲ့ ပွဲကလို ပိတ်ဆို့ကစားဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

 

ဒီပွဲမှာ အိမ်ရှင် လက်စတာအသင်းကလည်း ဂိုး - ရှမိုက်ကယ်၊ နောက်တန်း - ဘန်ချီဝဲလ်၊ ဝက်စ်မော်ဂန်၊ ဂျွန်နီအီဗန့်စ်၊ ရီကာဒိုပီရီရား၊ အလယ်တန်း - အန်ဒီဒီ၊ အယ်လ်ဘရိုက်တန်၊ ဂျိမ်းမေဒီဆန်၊ အိုင်ဘိုရာ၊ ရှေ့တန်း - ဒီရာဘီတိတ်၊ နာချို တို့နဲ့  ပွဲထွက်လာဖို့များပြီး၊

မန်စီးတီးအသင်းကတော့ ဂိုး - အီဒါဆန်၊ နောက်တန်း - ဒန်နီလို၊ ကွန်ပနီ၊ လာပေါ်တီ၊ ဇင်ချန်ကို၊ အလယ်တန်း - ဘာနာဒိုဆေးလ်ဗားလ်၊ ကီဗင်ဒီဘရိုင်း၊ ဖာနန်ဒင်ဟို၊ ရှေ့တန်း - စတာလင်၊ ဆာနေး၊ အဂူရို တို့နဲ့ ပွဲထွက်လာဖွယ် ရှိနေပါတယ်။

ယခုပွဲကို ဘွတ်ကီဒိုင်တွေက မန်စီးတီးဘက်ကနေ တစ်လုံး ပြား ၈၀ အရှုံးပေးထားပြီး နှစ်သင်းပေါင်း သုံးဂိုးကို ပြား၂၀ အနိုင်ပေးထားပါတယ်။

ဒီဈေးအရဆို နှစ်ဂိုးပြတ်မှ ကြေးနိုင်မယ့် မန်စီးတီးနဲ့ ဂိုးအောက်နေတာက အဆင်ပြေဖို့ များနေပါကြောင်း……။

KON (SPORT)
ဒီဇင်ဘာ - ၂၆

( Zawgyi )

ယေန႔ည ၉ နာရီ ၃၀ မိနစ္မွာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၉ အျဖစ္ လက္စတာနဲ႔ မန္စီးတီးအသင္းတို႔ လက္စတာ ကြင္းမွာ ကစားၾကမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ပြဲစဥ္ ၁၈ မွာ လက္စတာက ခ်ယ္လ္ဆီးကို တစ္ဂိုး - ဂိုးမရွိနဲ႔ အႏိုင္ရခဲ့ၿပီး မန္စီးတီးကေတာ့ ခရစၥတယ္ပဲေလ့စ္အသင္းကို ၃-၂ နဲ႔ ဒီရာသီမွာ ပထမဆုံး အိမ္ကြင္းအရႈံးကို ျမည္းစမ္းခဲ့ရတဲ့အတြက္ ယခုပြဲမွာ ႏွစ္သင္းစလုံးက တစ္သင္းက အႏိုင္အတြက္ စိတ္အားတက္ႂကြေနမွာျဖစ္သလို တစ္သင္းကေတာ့  ဒီရာသီ မထင္မွတ္ဘဲ ရႈံးခဲ့ရတဲ့ ပထမဆုံးအရႈံးအတြက္ သိကၡာဆည္ႏိုင္ပြဲ မျဖစ္မေနယူဖို႔ လိုေနတဲ့အတြက္ ၿပိဳင္ဆိုင္မႈ အားႀကီးေနႏိုင္ပါတယ္။

ပထမဆုံး အိမ္ရွင္ လက္စတာအသင္း ေျခစြမ္းကို ျပန္ၾကည့္မယ္ဆိုရင္ ရာသီဝက္ကာလ ေရာက္တဲ့အခ်ိန္အထိ ေျခစြမ္းမတည္ၿငိမ္ခဲ့သလို ေျခစြမ္းက သိပ္မမွန္ခဲ့ပါဘူး။ၿပိဳင္ပြဲစုံ ၄ ပြဲဆက္တိုက္ ရႈံးနိမ့္ေနခဲ့ခ်ိန္မွာ ခ်ယ္လ္ဆီးကြင္း သြားကစားရတဲ့အတြက္ ေသခ်ာေပါက္ ေနာက္ထပ္ရႈံးပြဲတစ္ခု ဆက္ေတြ႕ရၿပီလို႔ ထင္ထားခ်ိန္မွာ အံအားသင့္ဖြယ္ရာ တစ္ဂိုးတည္းနဲ႔ ခ်ယ္လ္ဆီးကို အႏိုင္ရခဲ့ပါတယ္။အဆိုပါပြဲမွာ လက္စတာအသင္းရဲ႕ ေဘာလုံးပိုင္ဆိုင္မႈက ၂၈ ရာခိုင္ႏူန္းသာရွိၿပီး ခ်ယ္လ္ဆီးက ဂိုးေပါက္ကန္သြင္းမႈ ၁၇ ႀကိမ္မွာ လက္စတာက ၈ ႀကိမ္သာရၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာရတဲ့ ဗာဒီ ရဲ႕ သြင္းဂိုးကို မာဂြီရီ ဦးေဆာင္တဲ့ လက္စတာ ေနာက္တန္းက အေသအလဲခုခံၿပီး ဒီရာသီရဲ႕ စတုတၳေျမာက္ အေဝးကြင္းႏိုင္ပြဲကို ရယူခဲ့တာပါ။ဒီရာသီ လက္စတာ အိမ္ကြင္းကစားခဲ့တဲ့ ၁၀ ပြဲမွာ လက္စတာအသင္းက ၃ ပြဲႏိုင္၊ ၂ ပြဲသေရ၊ ၃ ပြဲရႈံးကာ သြင္းဂိုး ၁၀ ဂိုး ေပးဂိုး ၈ ဂိုးရွိကာ လက္ရွိ အမွတ္ေပးဇယားမွာေတာ့ ႏိုင္ပြဲ ၇ ပြဲ သေရပြဲ ၄ ပြဲ ရႈံးပြဲ ၇ ပြဲ၊  ရမွတ္ ၂၅ မွတ္နဲ႔ အဆင့္ ၉ ေနရာမွာ ရပ္တည္ေနပါတယ္။

မန္စီးတီးအသင္းကေတာ့ အိမ္ကြင္းမွာ မထင္မွတ္ဘဲ ခရစၥတယ္ပဲေလ့စ္အသင္းကို ၂-၃ နဲ႔ ပထမဆုံး အိမ္ကြင္းရႈံးပြဲကို ျမည္းစမ္းခဲ့ရၿပီ ျဖစ္ပါတယ္။အဲဒီပြဲစဥ္ ၁၈ မွာ ေဘာလုံးပိုင္ဆိုင္မႈ ၇၈ ရာခိုင္ႏူန္းရွိကာ ဂိုးေပါက္ကန္သြင္းမႈ ၁၉ ႀကိမ္ထိရွိခဲ့ေပမယ့္ ခရစၥတယ္ပဲေလ့စ္အသင္းက ေတာင္ဆန္၊ ရွစ္လ္အပ္၊ မီလိုဗိုလ္ဂ်ီဗစ္စ္ ရဲ႕ သြင္းဂိုးေတြေၾကာင့္ ရႈံးပြဲႀကဳံခဲ့ရပါတယ္။
အဆိုပါပြဲမွာ ဂိုးသမား အီဒါဆန္ ရဲ႕ လက္စြမ္းက သာမန္ထက္ နိမ့္က်ေနသလို ေနာက္တန္းက ကိုင္လီေဝၚလ္ကာ၊ ေအာ္တာမန္ဒီ၊ တိုက္စစ္က ဂ်ီးဆပ္စ္၊ စတာလင္ တို႔လည္း ေျခစြမ္းက်ေနတဲ့အတြက္ လက္စတာနဲ႔ ပြဲမွာ ေနာက္တန္းနဲ႔ တိုက္စစ္မွာ အေျပာင္းအလဲအခ်ိဳ႕ ရွိလာႏိုင္ပါတယ္။လက္ရွိ မန္စီးတီးရဲ႕ ယခုရာသီ အေဝးကြင္းပြဲ ၈ ပြဲကို ျပန္ၾကည့္ရင္ ၅ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံးထားပါတယ္။
လတ္တေလာကစားထားတဲ့  အေဝးကြင္း ၅ ပြဲမွာ ၄ ပြဲႏိုင္ ၁ ပြဲရႈံးထားပါတယ္။

လက္ရွိနည္းျပ ဂြါဒီယိုလာ အေနနဲ႔ ခရစၥတယ္ပဲေလ့စ္ကို ရႈံးခဲ့တဲ့အတြက္ လက္စတာနဲ႔ ကစားတဲ့အခါ မန္စီးတီးက ညႇာဖြယ္မျမင္သလို လက္စတာကလည္း က်ားကုန္က်ားခဲ ကစားၾကမွာျဖစ္လို႔ အခြင့္အေရးေပးရင္ ဂိုးရေအာင္သြင္းၿပီး ခ်ယ္လ္ဆီးနဲ႔ ပြဲကလို ပိတ္ဆို႔ကစားဖို႔ ႀကိဳးစားမွာ ျဖစ္ပါတယ္။

ဒီပြဲမွာ အိမ္ရွင္ လက္စတာအသင္းကလည္း ဂိုး - ရွမိုက္ကယ္၊ ေနာက္တန္း - ဘန္ခ်ီဝဲလ္၊ ဝက္စ္ေမာ္ဂန္၊ ဂြၽန္နီအီဗန႔္စ္၊ ရီကာဒိုပီရီရား၊ အလယ္တန္း - အန္ဒီဒီ၊ အယ္လ္ဘ႐ိုက္တန္၊ ဂ်ိမ္းေမဒီဆန္၊ အိုင္ဘိုရာ၊ ေရွ႕တန္း - ဒီရာဘီတိတ္၊ နာခ်ိဳ တို႔နဲ႔  ပြဲထြက္လာဖို႔မ်ားၿပီး၊

မန္စီးတီးအသင္းကေတာ့ ဂိုး - အီဒါဆန္၊ ေနာက္တန္း - ဒန္နီလို၊ ကြန္ပနီ၊ လာေပၚတီ၊ ဇင္ခ်န္ကို၊ အလယ္တန္း - ဘာနာဒိုေဆးလ္ဗားလ္၊ ကီဗင္ဒီဘ႐ိုင္း၊ ဖာနန္ဒင္ဟို၊ ေရွ႕တန္း - စတာလင္၊ ဆာေနး၊ အဂူ႐ို တို႔နဲ႔ ပြဲထြက္လာဖြယ္ ရွိေနပါတယ္။

ယခုပြဲကို ဘြတ္ကီဒိုင္ေတြက မန္စီးတီးဘက္ကေန တစ္လုံး ျပား ၈၀ အရႈံးေပးထားၿပီး ႏွစ္သင္းေပါင္း သုံးဂိုးကို ျပား၂၀ အႏိုင္ေပးထားပါတယ္။

ဒီေဈးအရဆို ႏွစ္ဂိုးျပတ္မွ ေၾကးႏိုင္မယ့္ မန္စီးတီးနဲ႔ ဂိုးေအာက္ေနတာက အဆင္ေျပဖို႔ မ်ားေနပါေၾကာင္း……။

KON (SPORT)
ဒီဇင္ဘာ - ၂၆