【 အားကစား 】 အိမ်ကွင်းမှာ အာဆင်နယ်ကို အမှတ်ဗလာနဲ့ ပြန်လွှတ်လိုက်မယ့် လီဗာပူးလ်

【 အားကစား 】 အိမ်ကွင်းမှာ အာဆင်နယ်ကို အမှတ်ဗလာနဲ့ ပြန်လွှတ်လိုက်မယ့် လီဗာပူးလ်

ဒီရာသီမှာ တိုက်စစ်သန်သန်နဲ့ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲတွေ ကစားပြနေတဲ့ လီဗာပူးလ်နဲ့ အဝေးကွင်းမှာ ဘရိုက်တန်ကို သရေကျလို့ အမှတ်လျော့ထားတဲ့ အာဆင်နယ်အသင်းတို့ရဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ကို ယနေ့ည ၁၂ နာရီမှာ ကစားကြမှာ ဖြစ်ပါတယ်။

ဒီပွဲက ပရီးမီးယားလိဂ် အဆင့် ၁ နေရာက လီဗာပူးလ်နဲ့ အဆင့် ၅ နေရာက အာဆင်နယ်အသင်းတို့ တွေ့ဆုံတဲ့ပွဲဖြစ်တဲ့အတွက် နောက်ဆုံးပွဲမှာ သရေကျထားတဲ့အတွက် ဒီပွဲကို ဘယ်သူနိုင်မယ်လို့ ကြိမ်းသေတွက်လို့ မရပါဘူး။ဒါပေမယ့် ပွဲစဉ် ၁၉ အဖြစ် မကြာခင်ရက်ပိုင်းက ကစားခဲ့ရာမှာ လီဗာပူးလ်က အိမ်ကွင်းမှာ နယူးကာဆယ်ကို ၄-၀ နဲ့ ဂိုးပြတ်အနိုင်ယူကာ တိုက်စစ်စွမ်းရည်ပြခဲ့ပြီး အာဆင်နယ်ကတော့ အဝေးကွင်းမှာ အနိုင်ဂိုးကို မထိန်းနိုင်ဘဲ ဘရိုက်တန်အသင်းကို သရေကျပေးခဲ့ရတဲ့အတွက် ဒီပွဲမှာ ခြေတက်နေတဲ့ လီဗာပူးလ်အသင်းကို အာဆင်နယ်အသင်းက ဘယ်လိုတုံ့ပြန်ကစားမလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။

ဒီည အာဆင်နယ်ကို အိမ်ကွင်းမှာ လက်ခံကစားမယ့် လီဗာပူးလ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးကို ပွဲစဉ် ၁၉ မှာ နယူးကာဆယ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ဒုတိယနေရာက စပါးကို ၆ မှတ်အသာနဲ့ ဦးဆောင်ခဲ့နေပါတယ်။လီဗာပူးလ်အနေနဲ့ ဒီရာသီမှာ ပြင်ဆင်မှုများစွာ လုပ်ဆောင်ခဲ့ပြီး မိုနာကိုက ဖာဘင်ဟို၊ လိုက်ပ်ဇစ်က နာဘီကီတာ၊ စတုတ်စီးတီးက ရှာကွီရီ၊ ရိုးမားက ဂိုး - အလက်ဆန် တို့နဲ့ ရှိပြီးသား ဗန်ဒစ်ချ်၊ ဂျိုးဂိုးမက်ဇ် တို့နဲ့ ပေါင်းစပ်ကာ ခြေစွမ်းပြနေခဲ့လို့ ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိ ကစားထားနိုင်ခဲ့ပါတယ်။ဒီရာသီမှာ ဆောင်းရာသီအမီ ဆာလက်ချ် ခြေမှန်ပြန်ရခဲ့လို့ လီဗာပူးလ် တိုက်စစ်က ယခင်ရာသီလိုဘဲ ဖာမီနို၊ မာနေး တို့နဲ့ တိုက်စစ်အတွဲပြန်မိပြီး ယခုအချိန်မှာ ကောင်းဆုံးတိုက်စစ်ကို ပိုင်ဆိုင်နေဆဲပါဘဲ။ဒါကြောင့် အိမ်ကွင်းတိုက်စစ်ကောင်းတဲ့ လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်းမှာ လာကစားမယ့် အသင်းတွေအနေနဲ့ လီဗာပူးလ်ကို တိုက်စစ်ဖွင့်ကစားဖို့ထက် ခံစစ်ကို အဓိကထားပြင်ဆင်လာရတဲ့အထိ လီဗာပူးလ် အိမ်ကွင်းရလဒ်တွေက ကောင်းနေခဲ့ပါတယ်။

ဒီနှစ်သင်း လီဗာပူးလ်ကွင်း နောက်ဆုံးတွေ့ဆုံမှု ၅ ကြိမ်ကို ပြန်ကြည့်မယ်ဆိုရင်တော့ လီဗာပူးလ်ကွင်းမှာ အိမ်ရှင် လီဗာပူးလ်က ၃ ခါနိုင်ပြီး ၂ ခါသရေကျထားကာ ၅ ပွဲစလုံး ဂိုးတွေပေါ်ထားပါတယ်။နောက်ဆုံးတွေ့ဆုံမှုမှာလည်း လီဗာပူးလ်က အဝေးကွင်းမှာ အာဆင်နယ်ကို သရေကစားထားပါတယ်။အစဉ်အလာအရ လီဗာပူးလ် အိမ်ကွင်းက အာဆင်နယ်အတွက် နိုင်ပွဲအခွင့်အလမ်းနည်းပါးတဲ့ ကွင်းဖြစ်နေပေမယ့် အမ်မရီ အတွက်တော့  ဒါပထမဆုံး အန်ဖီးလ်ပွဲစဉ် ဖြစ်နေလို့ အစဉ်အလာကိုလှန်ပြီး အနိုင်ရဖို့ ကြိုးစားပြင်ဆင်လာမှာ သေချာနေပါတယ်။

လက်ရှိအခြေအနေမှာ လီဗာပူးလ်အသင်း တိုက်စစ်က မန်စီးတီးပြီးရင် အကောင်းဆုံးဖြစ်နေသလို ပွဲစဉ် ၁၉ ပွဲမှာ သွင်းဂိုးက ၄၃ ဂိုးရှိပြီး ပေးဂိုး ၇ ဂိုးသာ ရှိပါတယ်။လီဗာပူးလ်အသင်း အိမ်ကွင်း အန်ဖီးလ်မှာ  ၉ ပွဲကစားခဲ့ရာမှာ တစ်ပွဲသာ သရေကျပြီး ၈ ပွဲနိုင်ထားကာ ရဂိုး ၂၂ ဂိုးရှိပြီး ပေးဂိုး ၂ ဂိုးသာ ရှိနေတာကိုလည်း သတိပြုထားဖို့ လိုပါတယ်။  

အာဆင်နယ်အသင်းဟာ ဒီရာသီမှာ နည်းပြအပြောင်းအလဲလုပ်ခဲ့သလို တိုက်စစ်က အော်ဘာမီယန်း နဲ့ ကွင်းလယ်က ဂွမ်ဒိုဇူ၊ တော်ရဲရား၊ အိုဇေးလ်၊ မက်ခီတာရန်၊ ဇာခါ တို့ ကြာလေအချိတ်အဆက်မိလာတဲ့အတွက်  ရာသီအစက ခြေစွမ်းမပြနိုင်တဲ့ အခြေအနေကနေ နောက်ပိုင်းမှာ နိုင်သင့်နိုင်ထိုက်တဲ့ အသင်းတွေကို အနိုင်ရပြီး အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ တည်မြဲနေပါတယ်။ဒါပေမယ့် ဒီရာသီပုံစံကောင်းရနေတဲ့ လီဗာပူးလ် ကွင်းလယ်က ဝန်ဒယ်လ်ဂျယ်လ်၊ ဂျိမ်းစ်မီနာ၊ ဟန်ဒါဆန်၊ နာဘီကီတာ၊ ရှာကွီရီ တို့ကို ယှဉ်ကစားဖို့က မလွယ်လောက်သေးပါဘူး။တိုက်စစ်မှာလည်း အိမ်ရှင် လီဗာပူးလ်ဘက်မှာ မာနေး၊ ဖာမီနို၊ ဆာလက်ချ် တို့ ခြေစွမ်းက ပွဲတိုင်းအကောင်းဆုံးပုံစံ ပြနေတဲ့အတွက် အော်ဘာမီယန်း တစ်ယောက်လောက်သာ ပုံမှန်ခြေစွမ်းရှိတဲ့ အာဆင်နယ် တိုက်စစ်အနေနဲ့ ယှဉ်ဖို့ခက်ပါလိမ့်မယ်။

ဒီနှစ်သင်း နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲကို ကြည့်ရင်လည်း လီဗာပူးလ်က ပွဲတိုင်းနိုင်ထားပြီး အာဆင်နယ်က ၂ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံးထားပါတယ်။အိမ်ရှင် လီဗာပူးလ်အသင်းဘက်မှာ ရှေ့၊ လယ်၊ နောက် အဘက်ဘက်က အသာရနေတဲ့အတွက် ဒီပွဲမှာ လီဗာပူးလ်ဘက်က ကြေးတွေတက်နေပါတယ်။

 

 

ပွဲကြိုထွက်ပေါ်လာတဲ့ လူစာရင်းအရ အိမ်ရှင် လီဗာပူးလ်ဘက်က ဂိုး - အလက်ဆန်၊ နောက်တန်း - အလက်ဇန်ဒါးအာနိုး၊ ဗန်ဒစ်ချ်၊ လိုဗရန်၊ ရော်ဘက်ဆန်၊ အလယ်တန်း - ဝန်ဒယ်လ်ဂျယ်လ်၊ ဟန်ဒါဆန်၊ ဂျိမ်းစ်မီလ်နာ၊ ရှေ့တန်း - မာနေး၊ ဆာလက်ချ်၊ ဖာမီနို တို့နဲ့ ပွဲထွက်လာဖွယ်ရှိနေပြီး အာဆင်နယ်အသင်းမှာတော့ ဂိုး - ဘန်းလီနို၊ နောက်တန်း - ကိုစီရယ်လ်နီ၊ ဆိုကရာတစ်၊ လစ်ချ်စတိန်နာ၊ အလယ်တန်း - ကိုလာစီနက်၊ ဇာခါ၊ ဂွမ်ဒိုဇူ၊ တော်ရဲရား၊ မစ်တ်လန်း၊ ရှေ့တန်း - အိုင်ဝိုဘီ၊ အော်ဘာမီယန်း တို့ ပါဝင်လာဖွယ် ရှိနေပါတယ်။

ဒီပွဲကို ဘွတ်ကီဒိုင်တွေက လီဗာပူးလ်ဘက်ကနေ တစ်လုံးသရေအထိ ပေးထားပြီး ဂိုးပေါင်းကို သုံးလုံးသရေ ပေးထားပါတယ်။

အစဉ်အလာအရ အိမ်ရှင် လီဗာပူးလ် အသာရနေသလို လက်ရှိခြေစွမ်းအရလည်း လီဗာပူးလ်ကို အားပေးရမှာဖြစ်လို့ ပေးဂိုးများတဲ့ အာဆင်နယ်ကြောင့် လီဗာပူးလ်နဲ့ ဂိုးအများကို စဉ်းစားသင့်ပါကြောင်း.............။။။။။။

KON (SPORT)
ဒီဇင်ဘာ - ၂၉

( Zawgyi )

ဒီရာသီမွာ တိုက္စစ္သန္သန္နဲ႔ အိမ္ကြင္းမွာ ဂိုးျပတ္ႏိုင္ပြဲေတြ ကစားျပေနတဲ့ လီဗာပူးလ္နဲ႔ အေဝးကြင္းမွာ ဘ႐ိုက္တန္ကို သေရက်လို႔ အမွတ္ေလ်ာ့ထားတဲ့ အာဆင္နယ္အသင္းတို႔ရဲ႕ ကစားမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၀ ကို ယေန႔ည ၁၂ နာရီမွာ ကစားၾကမွာ ျဖစ္ပါတယ္။

ဒီပြဲက ပရီးမီးယားလိဂ္ အဆင့္ ၁ ေနရာက လီဗာပူးလ္နဲ႔ အဆင့္ ၅ ေနရာက အာဆင္နယ္အသင္းတို႔ ေတြ႕ဆုံတဲ့ပြဲျဖစ္တဲ့အတြက္ ေနာက္ဆုံးပြဲမွာ သေရက်ထားတဲ့အတြက္ ဒီပြဲကို ဘယ္သူႏိုင္မယ္လို႔ ႀကိမ္းေသတြက္လို႔ မရပါဘူး။ဒါေပမယ့္ ပြဲစဥ္ ၁၉ အျဖစ္ မၾကာခင္ရက္ပိုင္းက ကစားခဲ့ရာမွာ လီဗာပူးလ္က အိမ္ကြင္းမွာ နယူးကာဆယ္ကို ၄-၀ နဲ႔ ဂိုးျပတ္အႏိုင္ယူကာ တိုက္စစ္စြမ္းရည္ျပခဲ့ၿပီး အာဆင္နယ္ကေတာ့ အေဝးကြင္းမွာ အႏိုင္ဂိုးကို မထိန္းႏိုင္ဘဲ ဘ႐ိုက္တန္အသင္းကို သေရက်ေပးခဲ့ရတဲ့အတြက္ ဒီပြဲမွာ ေျခတက္ေနတဲ့ လီဗာပူးလ္အသင္းကို အာဆင္နယ္အသင္းက ဘယ္လိုတုံ႔ျပန္ကစားမလဲဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါ။

ဒီည အာဆင္နယ္ကို အိမ္ကြင္းမွာ လက္ခံကစားမယ့္ လီဗာပူးလ္က ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ထိပ္ဆုံးကို ပြဲစဥ္ ၁၉ မွာ နယူးကာဆယ္ကို ၄ ဂိုးျပတ္နဲ႔ အႏိုင္ယူၿပီး ဒုတိယေနရာက စပါးကို ၆ မွတ္အသာနဲ႔ ဦးေဆာင္ခဲ့ေနပါတယ္။လီဗာပူးလ္အေနနဲ႔ ဒီရာသီမွာ ျပင္ဆင္မႈမ်ားစြာ လုပ္ေဆာင္ခဲ့ၿပီး မိုနာကိုက ဖာဘင္ဟို၊ လိုက္ပ္ဇစ္က နာဘီကီတာ၊ စတုတ္စီးတီးက ရွာကြီရီ၊ ႐ိုးမားက ဂိုး - အလက္ဆန္ တို႔နဲ႔ ရွိၿပီးသား ဗန္ဒစ္ခ်္၊ ဂ်ိဳးဂိုးမက္ဇ္ တို႔နဲ႔ ေပါင္းစပ္ကာ ေျခစြမ္းျပေနခဲ့လို႔ ျပည္တြင္းလိဂ္ၿပိဳင္ပြဲမွာ ရႈံးပြဲမရွိ ကစားထားႏိုင္ခဲ့ပါတယ္။ဒီရာသီမွာ ေဆာင္းရာသီအမီ ဆာလက္ခ်္ ေျခမွန္ျပန္ရခဲ့လို႔ လီဗာပူးလ္ တိုက္စစ္က ယခင္ရာသီလိုဘဲ ဖာမီႏို၊ မာေနး တို႔နဲ႔ တိုက္စစ္အတြဲျပန္မိၿပီး ယခုအခ်ိန္မွာ ေကာင္းဆုံးတိုက္စစ္ကို ပိုင္ဆိုင္ေနဆဲပါဘဲ။ဒါေၾကာင့္ အိမ္ကြင္းတိုက္စစ္ေကာင္းတဲ့ လီဗာပူးလ္အသင္းရဲ႕ အိမ္ကြင္းမွာ လာကစားမယ့္ အသင္းေတြအေနနဲ႔ လီဗာပူးလ္ကို တိုက္စစ္ဖြင့္ကစားဖို႔ထက္ ခံစစ္ကို အဓိကထားျပင္ဆင္လာရတဲ့အထိ လီဗာပူးလ္ အိမ္ကြင္းရလဒ္ေတြက ေကာင္းေနခဲ့ပါတယ္။

ဒီႏွစ္သင္း လီဗာပူးလ္ကြင္း ေနာက္ဆုံးေတြ႕ဆုံမႈ ၅ ႀကိမ္ကို ျပန္ၾကည့္မယ္ဆိုရင္ေတာ့ လီဗာပူးလ္ကြင္းမွာ အိမ္ရွင္ လီဗာပူးလ္က ၃ ခါႏိုင္ၿပီး ၂ ခါသေရက်ထားကာ ၅ ပြဲစလုံး ဂိုးေတြေပၚထားပါတယ္။ေနာက္ဆုံးေတြ႕ဆုံမႈမွာလည္း လီဗာပူးလ္က အေဝးကြင္းမွာ အာဆင္နယ္ကို သေရကစားထားပါတယ္။အစဥ္အလာအရ လီဗာပူးလ္ အိမ္ကြင္းက အာဆင္နယ္အတြက္ ႏိုင္ပြဲအခြင့္အလမ္းနည္းပါးတဲ့ ကြင္းျဖစ္ေနေပမယ့္ အမ္မရီ အတြက္ေတာ့  ဒါပထမဆုံး အန္ဖီးလ္ပြဲစဥ္ ျဖစ္ေနလို႔ အစဥ္အလာကိုလွန္ၿပီး အႏိုင္ရဖို႔ ႀကိဳးစားျပင္ဆင္လာမွာ ေသခ်ာေနပါတယ္။

လက္ရွိအေျခအေနမွာ လီဗာပူးလ္အသင္း တိုက္စစ္က မန္စီးတီးၿပီးရင္ အေကာင္းဆုံးျဖစ္ေနသလို ပြဲစဥ္ ၁၉ ပြဲမွာ သြင္းဂိုးက ၄၃ ဂိုးရွိၿပီး ေပးဂိုး ၇ ဂိုးသာ ရွိပါတယ္။လီဗာပူးလ္အသင္း အိမ္ကြင္း အန္ဖီးလ္မွာ  ၉ ပြဲကစားခဲ့ရာမွာ တစ္ပြဲသာ သေရက်ၿပီး ၈ ပြဲႏိုင္ထားကာ ရဂိုး ၂၂ ဂိုးရွိၿပီး ေပးဂိုး ၂ ဂိုးသာ ရွိေနတာကိုလည္း သတိျပဳထားဖို႔ လိုပါတယ္။  

အာဆင္နယ္အသင္းဟာ ဒီရာသီမွာ နည္းျပအေျပာင္းအလဲလုပ္ခဲ့သလို တိုက္စစ္က ေအာ္ဘာမီယန္း နဲ႔ ကြင္းလယ္က ဂြမ္ဒိုဇူ၊ ေတာ္ရဲရား၊ အိုေဇးလ္၊ မက္ခီတာရန္၊ ဇာခါ တို႔ ၾကာေလအခ်ိတ္အဆက္မိလာတဲ့အတြက္  ရာသီအစက ေျခစြမ္းမျပႏိုင္တဲ့ အေျခအေနကေန ေနာက္ပိုင္းမွာ ႏိုင္သင့္ႏိုင္ထိုက္တဲ့ အသင္းေတြကို အႏိုင္ရၿပီး အမွတ္ေပးဇယား အဆင့္ ၅ ေနရာမွာ တည္ၿမဲေနပါတယ္။ဒါေပမယ့္ ဒီရာသီပုံစံေကာင္းရေနတဲ့ လီဗာပူးလ္ ကြင္းလယ္က ဝန္ဒယ္လ္ဂ်ယ္လ္၊ ဂ်ိမ္းစ္မီနာ၊ ဟန္ဒါဆန္၊ နာဘီကီတာ၊ ရွာကြီရီ တို႔ကို ယွဥ္ကစားဖို႔က မလြယ္ေလာက္ေသးပါဘူး။တိုက္စစ္မွာလည္း အိမ္ရွင္ လီဗာပူးလ္ဘက္မွာ မာေနး၊ ဖာမီႏို၊ ဆာလက္ခ်္ တို႔ ေျခစြမ္းက ပြဲတိုင္းအေကာင္းဆုံးပုံစံ ျပေနတဲ့အတြက္ ေအာ္ဘာမီယန္း တစ္ေယာက္ေလာက္သာ ပုံမွန္ေျခစြမ္းရွိတဲ့ အာဆင္နယ္ တိုက္စစ္အေနနဲ႔ ယွဥ္ဖို႔ခက္ပါလိမ့္မယ္။

ဒီႏွစ္သင္း ေနာက္ဆုံးကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ ၅ ပြဲကို ၾကည့္ရင္လည္း လီဗာပူးလ္က ပြဲတိုင္းႏိုင္ထားၿပီး အာဆင္နယ္က ၂ ပြဲႏိုင္ ၁ ပြဲသေရ ၂ ပြဲရႈံးထားပါတယ္။အိမ္ရွင္ လီဗာပူးလ္အသင္းဘက္မွာ ေရွ႕၊ လယ္၊ ေနာက္ အဘက္ဘက္က အသာရေနတဲ့အတြက္ ဒီပြဲမွာ လီဗာပူးလ္ဘက္က ေၾကးေတြတက္ေနပါတယ္။  

ပြဲႀကိဳထြက္ေပၚလာတဲ့ လူစာရင္းအရ အိမ္ရွင္ လီဗာပူးလ္ဘက္က ဂိုး - အလက္ဆန္၊ ေနာက္တန္း - အလက္ဇန္ဒါးအာႏိုး၊ ဗန္ဒစ္ခ်္၊ လိုဗရန္၊ ေရာ္ဘက္ဆန္၊ အလယ္တန္း - ဝန္ဒယ္လ္ဂ်ယ္လ္၊ ဟန္ဒါဆန္၊ ဂ်ိမ္းစ္မီလ္နာ၊ ေရွ႕တန္း - မာေနး၊ ဆာလက္ခ်္၊ ဖာမီႏို တို႔နဲ႔ ပြဲထြက္လာဖြယ္ရွိေနၿပီး အာဆင္နယ္အသင္းမွာေတာ့ ဂိုး - ဘန္းလီႏို၊ ေနာက္တန္း - ကိုစီရယ္လ္နီ၊ ဆိုကရာတစ္၊ လစ္ခ်္စတိန္နာ၊ အလယ္တန္း - ကိုလာစီနက္၊ ဇာခါ၊ ဂြမ္ဒိုဇူ၊ ေတာ္ရဲရား၊ မစ္တ္လန္း၊ ေရွ႕တန္း - အိုင္ဝိုဘီ၊ ေအာ္ဘာမီယန္း တို႔ ပါဝင္လာဖြယ္ ရွိေနပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက လီဗာပူးလ္ဘက္ကေန တစ္လုံးသေရအထိ ေပးထားၿပီး ဂိုးေပါင္းကို သုံးလုံးသေရ ေပးထားပါတယ္။

အစဥ္အလာအရ အိမ္ရွင္ လီဗာပူးလ္ အသာရေနသလို လက္ရွိေျခစြမ္းအရလည္း လီဗာပူးလ္ကို အားေပးရမွာျဖစ္လို႔ ေပးဂိုးမ်ားတဲ့ အာဆင္နယ္ေၾကာင့္ လီဗာပူးလ္နဲ႔ ဂိုးအမ်ားကို စဥ္းစားသင့္ပါေၾကာင္း.............။။။။။။

KON (SPORT)
ဒီဇင္ဘာ - ၂၉