【 အားကစား 】 ပေကျင်းအိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်အားကစားမယ် ရွှေတံဆိပ်ဆွတ်ခူး

【 အားကစား 】 ပေကျင်းအိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်အားကစားမယ် ရွှေတံဆိပ်ဆွတ်ခူး

အမေရိကန် ကြယ်ပွင့် အားကစားမယ်ဖြစ်သူ ကီလီ ဟမ်းပရက်စ် (Kaillie Humphries) ဟာ ၎င်းရဲ့ တတိယအကြိမ်မြောက် အိုလံပစ်ရွှေတံဆိပ်ဆုကို တရုတ်နိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ ပေကျင်းအိုလံပစ်ပြိုင်ပွဲမှာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

တနင်္လာနေ့မှာ ဆက်လက်ကျင်းပလျက်ရှိတဲ့ ပေကျင်းအိုလံပစ်ပြိုင်ပွဲ monobob အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

ကီလီ ဟမ်းပရက်စ်ဟာ ယခင်က ကနေဒါအသင်းကို ကိုယ်စားပြုပြီး ဆုတံဆိပ်နှစ်ခုကို ရယူခဲ့ပြီးနောက် ယခုအခါမှာတော့ အမေရိကန်အလံအောက်တွင် ယှဉ်ပြိုင်ပြီး ဆုတံဆိပ်တစ်ခုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဟမ်းပရက်စ်အနေနဲ့ လေးကြိမ်မြောက် ပြေးလမ်းကြောင်းကို ၄:၁၉.၂၇ စက္ကန့်ဖြင့် ပြီးဆုံးနိုင်ခဲ့ပြီး၊ တစ်နိုင်ငံတည်း အ‌မေရိကန်အသင်းဖော် အီလန်နာ မေယာစ် တေလာ က ၄:၂၀.၈၁ ဖြင့် ပြီးဆုံးကာ ငွေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။တတိယဆုဖြစ်တဲ့ ကြေးတံဆိပ်ကိုတော့ ကနေဒါနိုင်ငံ ကိုယ်စားပြု ခရစ္စတင်း ဒီ ဘရူနင် က ၄:၂၁.၀၃ ဖြင့် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အားကစားမယ် ဟမ်းပရက်စ်ဟာ ကနေဒါအသင်းရဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ပြီး၊ ၂၀၁၀ ခုနှစ် ဗန်ကိုဗာနဲ့ ၂၀၁၄ ခုနှစ် ဆိုချီတို့မှာ ရွှေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ ၃ နှစ်အကြာမှာတော့ အမေရိကန်အတွက် ကစားပေးရန် ထွက်ခွာလာခဲ့ပြီး၊ ပေကျင်းအိုလံပစ်ပြိုင်ပွဲ မတိုင်မီ ရက်သတ္တပတ်အနည်းငယ်လောက်ကမှ အမေရိကန်နိုင်ငံသားဖြစ်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ဟမ်းပရက်စ်ဟာ လွန်ခဲ့သော လေးနှစ်က ပြောင်းချန်းမှာလည်း ကြေးတံဆိပ်တစ်ခုကို ကနေဒါအသင်းအတွက် ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

Linko
Ref - theathletic
ဖေဖော်ဝါရီ - ၁၄