ဂျနီဖာလိုးဗက် အိမ်ထောင်ဘယ်နဆက်ရှိခဲ့လဲ ?

ဂျနီဖာလိုးဗက် အိမ်ထောင်ဘယ်နဆက်ရှိခဲ့လဲ ?

ဂျနီဖာလိုးဗက် ဟာရဲ့အိမ်ထောင်ဟာ ၃ ဆက်ရှိခဲ့ပြီး အခြားသူ ၂ ယောက်နဲ့လည်းစေ့စပ်ခဲ့ ပါ တယ်။သူမရဲ့ပထမဦးဆုံးသောခင်ပွန်းက စားပွဲထိုးတစ်ဦးဖြစ်သူ အိုဂျာနီးယားနိုယာ ဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။ဒါပေမဲ့ အိမ်ထောင်သက် ၁ နစ်တောင်မပြည့်လိုက်ပဲ သူတို့နစ်ယောက် ဟာကွာရှင်းခဲ့ပါတယ်။

သူတို့ကွာရှင်းချိန်မှာသူတို့ နှစ်ဦး တရားရင်ဆိုင်မှုတွေရှိခဲ့ပါတယ်။ တရားရင်ဆိုင်ရခြင်းအကြောင်း ကတော့ အိုဂျာနီးယားနိုယာ က ဂျနီဖာလိုးဗက် အကြောင်းစာအုပ်ထုတ်ရန်ကြိုးစားခဲ့ပြီး သူတို့ပျားရည်ဆမ်းခရီးမှာပျော်ပါးခဲ့တဲ့ ကိုယ်ရေးကိုယ်တာဗီဒီရို ကိုအများရှေ့ချပြမယ် လို့ခြိမ်းခြောက် ခဲ့လို့ပဲဖြစ်ပါတယ်။ထို့နောက်သူမဟာ ရပ်ပါအဆိုတော် ဒစ်ဒီ နဲ့တွဲခဲ့ပေမဲ့နောက်ပိုင်းလမ်းခွဲခဲ့ကာ သူမရဲ့အကအဖွဲ့ဝင်ဖြစ်သူ ခရစ်ဂျပ် နဲ့ ၂၀၀၁ ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။

ဒါပေမဲ့သူတို့နစ်ယောက်ဟာလည်း အိမ်ထောက်သက် ၁ နစ်ပြည့်ပြီးနောက် ကွာရှင်းခဲ့ပါတယ်။ သူမတတိယမြောက်ခင်ပွန်းဖြစ်သူကတော့ မာစ်အန်တိုနီ ဖြစ်ပြီးသူတို့ နစ်ဦးဟာ ၂၀၀၄ ခုနှစ် မှာလက်ထပ်ခဲ့တာဖြစ်ပါတယ်။ဒီလက်ထပ်ပွဲကတော့ သူမနှင့် သရုပ်ဆောင် ဘန်းအက်ဖလက် စေ့စပ်ထားမှုဖျက်သိမ်းပြီး ၁ လအကြာမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အန်တိုနီနဲ့သူမဟာလည်း ကွာရှင်းရမဲ့ကံကြမ္မာကိုမကျော်လွှားနိုင်ခဲ့ပါဘူး။သူတို့ ဟာ ၂၀၀၈ ခုနှစ်မှာ အမြွှာကလေး နှစ်ဦးမွေးဖွားပြီးနောက် ၂၀၁၁ ခုနှစ်မှာကွာရှင်းခဲ့တာဖြစ်ပါတယ်။ အခုနောက်ဆုံး သူမ လက်ရှိစေ့စပ်လိုက်တဲ့သူကတော့ အမေရိကန်ဘေ့စ်ဘောအားကစားလက်ရွေးစင် အဲလက်စ်လော့ဒရီးကပ် နဲ့ပဲဖြစ်ပါတယ်။

သူတို့ နှစ်ဦးဟာ ၂ နှစ်ကြာတွဲပြီးနောက် ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာစေ့စပ် လိုက်ပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ သူတို့နှစ်ဦးကို သူမအမြွှာကလေး နှစ်ဦး ကလက်ထပ်ပြီး ပျော်ပျော်ရွင်ရွှင်နေစေကြောင်း လည်းပြောထားပါတယ်။

TT  

( Zawgyi )

 ဂ်နီဖာလိုးဗက္ ဟာရဲ႕အိမ္ေထာင္ဟာ ၃ ဆက္ရွိခဲ့ၿပီး အျခားသူ ၂ ေယာက္နဲ႔လည္းေစ့စပ္ခဲ့ ပါ တယ္။သူမရဲ႕ပထမဦးဆုံးေသာခင္ပြန္းက စားပြဲထိုးတစ္ဦးျဖစ္သူ အိုဂ်ာနီးယားႏိုယာ ျဖစ္ၿပီး ၁၉၉၇ ခုႏွစ္မွာလက္ထပ္ခဲ့ပါတယ္။ဒါေပမဲ့ အိမ္ေထာင္သက္ ၁ နစ္ေတာင္မျပည့္လိုက္ပဲ သူတို႔နစ္ေယာက္ ဟာကြာရွင္းခဲ့ပါတယ္။

သူတို႔ကြာရွင္းခ်ိန္မွာသူတို႔ ႏွစ္ဦး တရားရင္ဆိုင္မႈေတြရွိခဲ့ပါတယ္။ တရားရင္ဆိုင္ရျခင္းအေၾကာင္း ကေတာ့ အိုဂ်ာနီးယားႏိုယာ က ဂ်နီဖာလိုးဗက္ အေၾကာင္းစာအုပ္ထုတ္ရန္ႀကိဳးစားခဲ့ၿပီး သူတို႔ပ်ားရည္ဆမ္းခရီးမွာေပ်ာ္ပါးခဲ့တဲ့ ကိုယ္ေရးကိုယ္တာဗီဒီ႐ို ကိုအမ်ားေရွ႕ခ်ျပမယ္ လို႔ၿခိမ္းေျခာက္ ခဲ့လို႔ပဲျဖစ္ပါတယ္။ထို႔ေနာက္သူမဟာ ရပ္ပါအဆိုေတာ္ ဒစ္ဒီ နဲ႔တြဲခဲ့ေပမဲ့ေနာက္ပိုင္းလမ္းခြဲခဲ့ကာ သူမရဲ႕အကအဖြဲ႕ဝင္ျဖစ္သူ ခရစ္ဂ်ပ္ နဲ႔ ၂၀၀၁ ခုႏွစ္မွာလက္ထပ္ခဲ့ပါတယ္။

ဒါေပမဲ့သူတို႔နစ္ေယာက္ဟာလည္း အိမ္ေထာက္သက္ ၁ နစ္ျပည့္ၿပီးေနာက္ ကြာရွင္းခဲ့ပါတယ္။ သူမတတိယေျမာက္ခင္ပြန္းျဖစ္သူကေတာ့ မာစ္အန္တိုနီ ျဖစ္ၿပီးသူတို႔ နစ္ဦးဟာ ၂၀၀၄ ခုႏွစ္ မွာလက္ထပ္ခဲ့တာျဖစ္ပါတယ္။ဒီလက္ထပ္ပြဲကေတာ့ သူမႏွင့္ သ႐ုပ္ေဆာင္ ဘန္းအက္ဖလက္ ေစ့စပ္ထားမႈဖ်က္သိမ္းၿပီး ၁ လအၾကာမွာျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အန္တိုနီနဲ႔သူမဟာလည္း ကြာရွင္းရမဲ့ကံၾကမၼာကိုမေက်ာ္လႊားႏိုင္ခဲ့ပါဘူး။သူတို႔ ဟာ ၂၀၀၈ ခုႏွစ္မွာ အႁမႊာကေလး ႏွစ္ဦးေမြးဖြားၿပီးေနာက္ ၂၀၁၁ ခုႏွစ္မွာကြာရွင္းခဲ့တာျဖစ္ပါတယ္။ အခုေနာက္ဆုံး သူမ လက္ရွိေစ့စပ္လိုက္တဲ့သူကေတာ့ အေမရိကန္ေဘ့စ္ေဘာအားကစားလက္ေ႐ြးစင္ အဲလက္စ္ေလာ့ဒရီးကပ္ နဲ႔ပဲျဖစ္ပါတယ္။

သူတို႔ ႏွစ္ဦးဟာ ၂ ႏွစ္ၾကာတြဲၿပီးေနာက္ ၂၀၁၉ ခုႏွစ္ မတ္လ ၁၁ ရက္ေန႔မွာေစ့စပ္ လိုက္ၿပီျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။ သူတို႔ႏွစ္ဦးကို သူမအႁမႊာကေလး ႏွစ္ဦး ကလက္ထပ္ၿပီး ေပ်ာ္ေပ်ာ္႐ြင္႐ႊင္ေနေစေၾကာင္း လည္းေျပာထားပါတယ္။

TT