စုံတွဲတေးသီချင်းများနဲ့ "လွန်ဆန်နိုင်မလား အချစ်" တေးစီးရီး ထွက်ရှိမည်

စုံတွဲတေးသီချင်းများနဲ့ "လွန်ဆန်နိုင်မလား အချစ်" တေးစီးရီး ထွက်ရှိမည်

စုံတွဲတေးသီချင်းတွေနဲ့ သီဆိုထားကြတဲ့ "လွန်ဆန်နိုင်မလား အချစ်" လို့ နာမည်ရတဲ့ တေးစီးရီးကို လာမယ့် ဇန်နဝါရီ ၁၉ ရက်မှာ မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ချီတော့မယ်လို့ သိရပါတယ်။

"ပရိသတ်တွေအတွက် စုံတွဲသီဆိုထားတဲ့ အခွေလေးနဲ့ တင်ဆက်သွားမှာပါ၊ ဒီအခွေလေးအတွက် စီစဉ်ကြဖို့ ကျွန်တော်တို့ တိုင်ပင်ခဲ့ကြတာတော့ ကြာပြီပေါ့၊ အကောင်းဆုံး ဖန်တီးထားတာပါ၊ နားဆင်ကြည့်ပါလို့ ပြောကြားချင်ပါတယ်" လို့ တေးသံရှင် ဘိုဖြူက ပြောပါတယ်။

အဲ့ဒီ တေးစီးရီး ထွက်ရှိ ဖို့အတွက် စာနယ်ဇင်းတွေနဲ့ တွေ့ဆုံကာ မိတ်ဆက် ရှင်းလင်းပွဲ ကိုလည်း ဒီကနေ့(ဇန်နဝါရီ ၁၇ရက်) က ရန်ကုန်မြို့၊ ပြည်လမ်းက IBC မှာ ကျင်းပခဲ့ပါတယ်။ထိုအခွေထဲမှာ တေးသံရှင် ဘိုဖြူနဲ့ တေးသံရှင် မီမီဝင်းဖေ တို့က သီဆိုထားကြပြီး တေးသီချင်းပေါင်း ၁၄ ပုဒ်ပါဝင် တယ်လို့ သိရပါတယ်။

တေးသီချင်းအေးအေးလေးတွေနဲ့ ပရိသတ်ရဲ့နှစ်သက် အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုပါတေးသံရှင် နှစ်ဦးဟာ တေးစီးရီး အသစ်ထုတ်လုပ်ဖို့ ကြာမြင့်နေတဲ့ အခြေအနေကနေ အခု ၂၀၁၉ ထဲမှာ တေးစီးရီးခွေ အသစ်နဲ့အတူ ပရိသတ်ရဲ့ အနီးကို ပြန်လည်ရောက်ရှိ လာကြပြီဖြစ်ပါတယ်။

အခုခေတ်ကာလနဲ့ လိုက်လျောညီထွေတဲ့ တေးသီချင်း တွေလည်း ဖြစ်တာကြောင့် အလှူမင်္ဂလာ ပွဲလမ်းသဘင် များတွင်လည်း ဖွင့်လှစ်နားဆင်နိုင်တာ ဖြစ်သလို သီချင်းအေးအေးလေးတွေကို သီဆိုထားကြတာ ဖြစ်လို့ နားဆင်သူများအဖို့ နှစ်သက်မှုတွေ ရစေမယ်လို့လည်း ယုံကြည်ထားတယ်လို့ ဆိုကြပါတယ်။

အဲ့ဒီ တေးစီးရီးခွေမှာ တေးရေးတွေအဖြစ် စိုင်းခမ်းလိတ်၊ စိုင်းခမ်းသီ၊ စိုင်းဆေနော် တို့က ရေးသားထားကြပြီး လှိုင်း တေးသံသွင်းကနေ တစ်နိုင်ငံလုံးကို ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ - ၁၇

( Zawgyi )

စုံတြဲေတးသီခ်င္းေတြနဲ႔ သီဆိုထားၾကတဲ့ "လြန္ဆန္ႏိုင္မလား အခ်စ္" လို႔ နာမည္ရတဲ့ ေတးစီးရီးကို လာမယ့္ ဇန္နဝါရီ ၁၉ ရက္မွာ ျမန္မာတစ္ႏိုင္ငံလုံးကို ျဖန႔္ခ်ီေတာ့မယ္လို႔ သိရပါတယ္။

"ပရိသတ္ေတြအတြက္ စုံတြဲသီဆိုထားတဲ့ အေခြေလးနဲ႔ တင္ဆက္သြားမွာပါ၊ ဒီအေခြေလးအတြက္ စီစဥ္ၾကဖို႔ ကြၽန္ေတာ္တို႔ တိုင္ပင္ခဲ့ၾကတာေတာ့ ၾကာၿပီေပါ့၊ အေကာင္းဆုံး ဖန္တီးထားတာပါ၊ နားဆင္ၾကည့္ပါလို႔ ေျပာၾကားခ်င္ပါတယ္" လို႔ ေတးသံရွင္ ဘိုျဖဴက ေျပာပါတယ္။

အဲ့ဒီ ေတးစီးရီး ထြက္ရွိ ဖို႔အတြက္ စာနယ္ဇင္းေတြနဲ႔ ေတြ႕ဆုံကာ မိတ္ဆက္ ရွင္းလင္းပြဲ ကိုလည္း ဒီကေန႔(ဇန္နဝါရီ ၁၇ရက္) က ရန္ကုန္ၿမိဳ႕၊ ျပည္လမ္းက IBC မွာ က်င္းပခဲ့ပါတယ္။ထိုအေခြထဲမွာ ေတးသံရွင္ ဘိုျဖဴနဲ႔ ေတးသံရွင္ မီမီဝင္းေဖ တို႔က သီဆိုထားၾကၿပီး ေတးသီခ်င္းေပါင္း ၁၄ ပုဒ္ပါဝင္ တယ္လို႔ သိရပါတယ္။

ေတးသီခ်င္းေအးေအးေလးေတြနဲ႔ ပရိသတ္ရဲ႕ႏွစ္သက္ အားေပးမႈကို အခိုင္အမာရရွိထားတဲ့ အဆိုပါေတးသံရွင္ ႏွစ္ဦးဟာ ေတးစီးရီး အသစ္ထုတ္လုပ္ဖို႔ ၾကာျမင့္ေနတဲ့ အေျခအေနကေန အခု ၂၀၁၉ ထဲမွာ ေတးစီးရီးေခြ အသစ္နဲ႔အတူ ပရိသတ္ရဲ႕ အနီးကို ျပန္လည္ေရာက္ရွိ လာၾကၿပီျဖစ္ပါတယ္။

အခုေခတ္ကာလနဲ႔ လိုက္ေလ်ာညီေထြတဲ့ ေတးသီခ်င္း ေတြလည္း ျဖစ္တာေၾကာင့္ အလႉမဂၤလာ ပြဲလမ္းသဘင္ မ်ားတြင္လည္း ဖြင့္လွစ္နားဆင္ႏိုင္တာ ျဖစ္သလို သီခ်င္းေအးေအးေလးေတြကို သီဆိုထားၾကတာ ျဖစ္လို႔ နားဆင္သူမ်ားအဖို႔ ႏွစ္သက္မႈေတြ ရေစမယ္လို႔လည္း ယုံၾကည္ထားတယ္လို႔ ဆိုၾကပါတယ္။

အဲ့ဒီ ေတးစီးရီးေခြမွာ ေတးေရးေတြအျဖစ္ စိုင္းခမ္းလိတ္၊ စိုင္းခမ္းသီ၊ စိုင္းေဆေနာ္ တို႔က ေရးသားထားၾကၿပီး လႈိင္း ေတးသံသြင္းကေန တစ္ႏိုင္ငံလုံးကို ျဖန႔္ခ်ိသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ - ၁၇