ပုပ္ပါးတွင် ဇာတ်လမ်းရိုက်ရင်း ဟာသသရုပ်ဆောင် ကင်းကောင် ရုတ်တရက်ကွယ်လွန်

ပုပ္ပါးတွင် ဇာတ်လမ်းရိုက်ရင်း ဟာသသရုပ်ဆောင် ကင်းကောင် ရုတ်တရက်ကွယ်လွန်

ပုပ္ပါးဒေသသို့ သွားရောက်ကာ ဇာတ်လမ်းရိုက်ကူးနေတဲ့ ဟာသသရုပ်ဆောင် ကင်းကောင် ဟာ ဒီကနေ့ (ဇန်နဝါရီ ၂၂ ရက်) မနက် ၇ နာရီခန့်က ရုတ်တရက်ကွယ်လွန်ခဲ့တယ်လို့ အနုပညာအသိုက်အဝန်းမှ သိရပါတယ်။

အရင်က ဆေးဝါးကုသမှု ခံယူခဲ့ရဖူးပေမယ့် ကျန်းမာရေးကောင်းလာတာနဲ့အမျှ သူ့ရဲ့ ဝါသနာအရ သရုပ်ဆောင်တဲ့ အလုပ်ကို လုပ်ကိုင်ခဲ့တာဖြစ်ပြီး ပုပ္ပါးဘက်မှာ ရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲထဲ ပါဝင်သရုပ်ဆောင်ရင်း ရုတ်တရက် ချွဲကပ်ကာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

“သူနဲ့က ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အလွန်ရင်းနှီးကြတဲ့ လုပ်ဖော်ကိုင်ဖက်လည်းဖြစ် ရဲဘော်ရဲဘက်တစ်ဦးလည်း ဖြစ်တယ်လေ၊ အခုလို သူဆုံးတာ အလွန်စိတ်မကောင်းဖြစ်ရပါတယ်၊ ကောင်းရာသုဂတိလားပါစေ” လို့လည်း ဟာသသရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ငှက်ပျောကြော် က ပြောပါတယ်။

သူဟာ တက္ကသိုလ်ကျောင်းသားဘဝဖြစ်တဲ့ ၁၉၈၅ ခုနှစ်လောက်က ကျောင်းသားလူရွှင်တော်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး မြပုဏ္ဏမာအငြိမ့်အဖွဲ့မှာ ပါဝင်သူတစ်ဦးလည်းဖြစ်ခဲ့သလို လူရွှင်တော်အဖြစ် စတင်စဉ်က နှစ်နှစ်လောက်အထိ အရှည်ကြီး ဆိုတဲ့ နာမည်နဲ့ သိသူများပြားခဲ့ကြောင်း၊ ၁၉၈၉ ခုနှစ် ဝန်းကျင်လောက်မှာ မြန်မာ့အသံမှာ ပထမဆုံး ရိုက်ကူးရေး စတင်လုပ်ဆောင်ချိန်မှာတော့ ကင်းကောင် ဆိုတဲ့ နာမည်နဲ့ စတင်ခဲ့ပြီး တဖြေးဖြေးလူသိများလာခဲ့ပါတယ်။၁၉၈၅ ခုနှစ်ကနေ ဒီကနေ့အထိ မြပုဏ္ဏမာနဲ့ အတူရှိခဲ့ပေမယ့် မြပုဏ္ဏမာကို ပထမဆုံး လက်ပြနှုတ်ဆက်သွားတာ သူဖြစ်သွားပြီလို့ ဟာသသရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ဇာဂနာ က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။သူဟာ ၂၀၁၆ ခုနှစ် ဇွန်လလောက်တုန်းက ကွယ်လွန်ပြီလို့ ကောလာဟလ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးသလို ကျန်းမာရေးကြောင့် ဆေးဝါးကုသမှု ခံယူတာတွေကိုလည်း လုပ်ဆောင်ခဲ့ရသူဖြစ်ပေမယ့် တခြားစီးပွားရေး လုပ်ငန်းတွေကို မလုပ်ဘဲ သူဝါသနာပါတဲ့ အနုပညာအလုပ် တစ်မျိုးတည်းကိုသာ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

သူ့ရဲ့ သရုပ်ဆောင်မှုတွေကို လူကြီးကလေး အရွယ်စုံက နှစ်သက်ကြသလို နာမည်အရင်းမှာ ကိုမျိုးမြင့် ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်မှာ နေထိုင်ကာ ကွယ်လွန်ချိန်မှာ အသက် ၅၅ နှစ် ရှိပြီလို့ သိရပါတယ်။

သူ့ရဲ့ ရုပ်အလောင်းကိုတော့ မိသားစုက ရန်ကုန်ကို သယ်ယူလာပြီး သူနေထိုင်ရာ စမ်းချောင်းမြို့နယ်က နေအိမ်မှာ နာရေးလုပ်ဖို့ စီစဉ်နေကြကြောင်း သိရပါတယ်။              

မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ - ၂၂

( Zawgyi )

ပုပၸါးေဒသသို႔ သြားေရာက္ကာ ဇာတ္လမ္း႐ိုက္ကူးေနတဲ့ ဟာသသ႐ုပ္ေဆာင္ ကင္းေကာင္ ဟာ ဒီကေန႔ (ဇန္နဝါရီ ၂၂ ရက္) မနက္ ၇ နာရီခန႔္က ႐ုတ္တရက္ကြယ္လြန္ခဲ့တယ္လို႔ အႏုပညာအသိုက္အဝန္းမွ သိရပါတယ္။

အရင္က ေဆးဝါးကုသမႈ ခံယူခဲ့ရဖူးေပမယ့္ က်န္းမာေရးေကာင္းလာတာနဲ႔အမွ် သူ႔ရဲ႕ ဝါသနာအရ သ႐ုပ္ေဆာင္တဲ့ အလုပ္ကို လုပ္ကိုင္ခဲ့တာျဖစ္ၿပီး ပုပၸါးဘက္မွာ ႐ိုက္ကူးေနတဲ့ ဇာတ္လမ္းတြဲထဲ ပါဝင္သ႐ုပ္ေဆာင္ရင္း ႐ုတ္တရက္ ခြၽဲကပ္ကာ ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။

“သူနဲ႔က ဟိုးလြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက အလြန္ရင္းႏွီးၾကတဲ့ လုပ္ေဖာ္ကိုင္ဖက္လည္းျဖစ္ ရဲေဘာ္ရဲဘက္တစ္ဦးလည္း ျဖစ္တယ္ေလ၊ အခုလို သူဆုံးတာ အလြန္စိတ္မေကာင္းျဖစ္ရပါတယ္၊ ေကာင္းရာသုဂတိလားပါေစ” လို႔လည္း ဟာသသ႐ုပ္ေဆာင္ တစ္ဦးျဖစ္တဲ့ ငွက္ေပ်ာေၾကာ္ က ေျပာပါတယ္။

သူဟာ တကၠသိုလ္ေက်ာင္းသားဘဝျဖစ္တဲ့ ၁၉၈၅ ခုႏွစ္ေလာက္က ေက်ာင္းသားလူ႐ႊင္ေတာ္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ျမပုဏၰမာအၿငိမ့္အဖြဲ႕မွာ ပါဝင္သူတစ္ဦးလည္းျဖစ္ခဲ့သလို လူ႐ႊင္ေတာ္အျဖစ္ စတင္စဥ္က ႏွစ္ႏွစ္ေလာက္အထိ အရွည္ႀကီး ဆိုတဲ့ နာမည္နဲ႔ သိသူမ်ားျပားခဲ့ေၾကာင္း၊ ၁၉၈၉ ခုႏွစ္ ဝန္းက်င္ေလာက္မွာ ျမန္မာ့အသံမွာ ပထမဆုံး ႐ိုက္ကူးေရး စတင္လုပ္ေဆာင္ခ်ိန္မွာေတာ့ ကင္းေကာင္ ဆိုတဲ့ နာမည္နဲ႔ စတင္ခဲ့ၿပီး တေျဖးေျဖးလူသိမ်ားလာခဲ့ပါတယ္။၁၉၈၅ ခုႏွစ္ကေန ဒီကေန႔အထိ ျမပုဏၰမာနဲ႔ အတူရွိခဲ့ေပမယ့္ ျမပုဏၰမာကို ပထမဆုံး လက္ျပႏႈတ္ဆက္သြားတာ သူျဖစ္သြားၿပီလို႔ ဟာသသ႐ုပ္ေဆာင္ တစ္ဦးျဖစ္တဲ့ ဇာဂနာ က သူ႔ရဲ႕ လူမႈကြန္ရက္မွာ ေရးသားထားပါတယ္။သူဟာ ၂၀၁၆ ခုႏွစ္ ဇြန္လေလာက္တုန္းက ကြယ္လြန္ၿပီလို႔ ေကာလာဟလ သတင္းေတြ ထြက္ေပၚခဲ့ဖူးသလို က်န္းမာေရးေၾကာင့္ ေဆးဝါးကုသမႈ ခံယူတာေတြကိုလည္း လုပ္ေဆာင္ခဲ့ရသူျဖစ္ေပမယ့္ တျခားစီးပြားေရး လုပ္ငန္းေတြကို မလုပ္ဘဲ သူဝါသနာပါတဲ့ အႏုပညာအလုပ္ တစ္မ်ိဳးတည္းကိုသာ လုပ္ကိုင္ေနသူ ျဖစ္ပါတယ္။

သူ႔ရဲ႕ သ႐ုပ္ေဆာင္မႈေတြကို လူႀကီးကေလး အ႐ြယ္စုံက ႏွစ္သက္ၾကသလို နာမည္အရင္းမွာ ကိုမ်ိဳးျမင့္ ျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီး စမ္းေခ်ာင္းၿမိဳ႕နယ္မွာ ေနထိုင္ကာ ကြယ္လြန္ခ်ိန္မွာ အသက္ ၅၅ ႏွစ္ ရွိၿပီလို႔ သိရပါတယ္။

သူ႔ရဲ႕ ႐ုပ္အေလာင္းကိုေတာ့ မိသားစုက ရန္ကုန္ကို သယ္ယူလာၿပီး သူေနထိုင္ရာ စမ္းေခ်ာင္းၿမိဳ႕နယ္က ေနအိမ္မွာ နာေရးလုပ္ဖို႔ စီစဥ္ေနၾကေၾကာင္း သိရပါတယ္။              

မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ - ၂၂