ဖေဖော်ဝါရီလထဲ ဒုလ္လဘဝတ်မယ့် သရုပ်ဆောင် ထွန်းကိုကို

ဖေဖော်ဝါရီလထဲ ဒုလ္လဘဝတ်မယ့် သရုပ်ဆောင် ထွန်းကိုကို

အခုနောက်ပိုင်း ပရိသတ်တွေရဲ့ကြားမှာ နှစ်သက်အားပေးမှုတွေ ရရှိနေတဲ့ သရုပ်ဆောင် ထွန်းကိုကို ဟာ လာမယ့် ဖေဖော်ဝါရီလထဲမှာ ဒုလ္လဘဝတ်ဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

“We Love အဖွဲ့ဝင်တွေက ဝတ်စေချင်တဲ့အတိုင်း ကျွန်တော့်အနေနဲ့ ဘုန်းကြီးဝတ်ဖို့အစီအစဉ်ရှိပါတယ်၊ အကြမ်းဖျဉ်း လောက်တော့ ရှေ့လထဲမှာ မှန်းထားပါတယ်၊ ဒီရက်ပိုင်းမှာလည်း ရိုက်ကူးရေး တွေနဲ့ မအားလပ်တဲ့အခါကျတော့ မဖြစ်သေးဘူး၊ ရှေ့လထဲလောက်တော့ အချိန်ခဏယူပြီး ဝတ်ဖြစ်ဖို့တော့ မှန်းထားတယ်”လို့ သရုပ်ဆောင် ထွန်းကိုကိုက ပြောပါတယ်။

သူဟာအခုဆိုရင် ဇာတ်ရုပ်နေရာမရွေး ပါဝင်သရုပ်ဆောင်ရိုက်ကူးနေသလို ရုပ်ရှင်ကားကြီးတွေအတွက် အများဆုံးရိုက်ကူးလာရတယ်လို့ သိရပါတယ်။

“အခုအချိန်မှာက ကြိုးစားဆဲအခြေအနေမျိုးဖြစ်တော့ ရိုက်ကူးရင်းနဲ့သင်ယူရတာပေါ့၊ အခုအချိန်မှာက အတွေ့ အကြုံများဖို့ လိုတယ်မဟုတ်လား”လို့လည်း သူကဆိုပါတယ်။ သူဟာ လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၆ရက်မှာ အသက် ၃၀ ပြည့်သွားခဲ့ပြီး မွေးနေ့ရက်ကလေးမှာလည်း မိသားစုအတွက် အချိန်ပေးကာ မိဘတွေနဲ့အတူ အလှူအတမ်း တွေလုပ်ရင်းနဲ့ ဖြတ်သန်းခဲ့ပါတယ်။ “မိဘကတော့ လူတိုင်းမှာ အစားထိုးလို့မရတဲ့ အရာပါ၊ ကျွန်တော်လည်း ရှိတဲ့အချိန်လေးမှာ မိဘကိုများများ ပိုချစ်ပေးတယ်၊ မရှိတော့မှ တမ်းတနေမယ်၊ ငိုကြွေးနေမယ်၊ ပူဆွေး နေမယ်ဆို အလကားပါ၊ ရှိတဲ့အချိန်လေးမှာ ကိုယ်ကအကောင်းဆုံး လုပ်ပေးနိုင်သမျှ လုပ်ပေးရမယ်၊ ကျွန်တော် ကြိုးစားမယ်၊ အနုပညာလုပ်ငန်းက ရရှိတဲ့ငွေကြေးတွေနဲ့လည်း မိဘကိုလုပ်ကျွေးချင်တယ်၊ ကျွန်တော် ခံယူထားတာတော့ အဲ့ဒီလိုပါပဲ”လို့ သူက ဆက်ပြောပါတယ်။

သူ့ရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ် မွေးနေ့လက်ဆောင်တွေ ပေးတဲ့အခါ We Love Tun Ko Ko အဖွဲ့သားများက သူ့ကို သင်္ကန်းလက်ဆောင်ပေးတာကို ထူးထူးခြားခြား လက်ခံရရှိတာကြောင့်လည်း ချစ်ခင်ကြတဲ့ ပရိသတ်တွေရဲ့ ဆန္ဒအတိုင်း အနုပညာအလုပ်တွေကို ခဏထားကာ ရဟန်းခံဖို့ စီစဉ်ထားတာမျိုးလည်း ဖြစ်တယ်လို့ သိရပါတယ်။

“ဆက်ပြီးတော့လည်း ကျွန်တော့်ကို ချစ်ခင်အားပေးကြပါ၊ ကျွန်တော့်အနေနဲ့လည်း အများကြီး ကြိုးစားသွားမယ်၊ ကျွန်တော့်အနေနဲ့ လိုအပ်ချက်တွေရှိရင်လည်း နားလည်ခွင့်လွှတ် ပေးပြီး လိုအပ်တဲ့ အကြံပေးတာတွေကို လုပ်ဆောင်နိုင်ပါတယ်”လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် လတ်တလောမှာ သရုပ်ဆောင်တာတွေအပြင် အလှပုံတွေနဲ့ ကြော်ငြာဓာတ်ပုံတွေကိုလည်း ရိုက်ကူးနေရတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ - ၂၄

( Zawgyi )

အခုေနာက္ပိုင္း ပရိသတ္ေတြရဲ႕ၾကားမွာ ႏွစ္သက္အားေပးမႈေတြ ရရွိေနတဲ့ သ႐ုပ္ေဆာင္ ထြန္းကိုကို ဟာ လာမယ့္ ေဖေဖာ္ဝါရီလထဲမွာ ဒုလႅဘဝတ္ဖို႔ အစီအစဥ္ရွိတယ္လို႔ ဆိုပါတယ္။

“We Love အဖြဲ႕ဝင္ေတြက ဝတ္ေစခ်င္တဲ့အတိုင္း ကြၽန္ေတာ့္အေနနဲ႔ ဘုန္းႀကီးဝတ္ဖို႔အစီအစဥ္ရွိပါတယ္၊ အၾကမ္းဖ်ဥ္း ေလာက္ေတာ့ ေရွ႕လထဲမွာ မွန္းထားပါတယ္၊ ဒီရက္ပိုင္းမွာလည္း ႐ိုက္ကူးေရး ေတြနဲ႔ မအားလပ္တဲ့အခါက်ေတာ့ မျဖစ္ေသးဘူး၊ ေရွ႕လထဲေလာက္ေတာ့ အခ်ိန္ခဏယူၿပီး ဝတ္ျဖစ္ဖို႔ေတာ့ မွန္းထားတယ္”လို႔ သ႐ုပ္ေဆာင္ ထြန္းကိုကိုက ေျပာပါတယ္။

သူဟာအခုဆိုရင္ ဇာတ္႐ုပ္ေနရာမေ႐ြး ပါဝင္သ႐ုပ္ေဆာင္႐ိုက္ကူးေနသလို ႐ုပ္ရွင္ကားႀကီးေတြအတြက္ အမ်ားဆုံး႐ိုက္ကူးလာရတယ္လို႔ သိရပါတယ္။

“အခုအခ်ိန္မွာက ႀကိဳးစားဆဲအေျခအေနမ်ိဳးျဖစ္ေတာ့ ႐ိုက္ကူးရင္းနဲ႔သင္ယူရတာေပါ့၊ အခုအခ်ိန္မွာက အေတြ႕ အႀကဳံမ်ားဖို႔ လိုတယ္မဟုတ္လား”လို႔လည္း သူကဆိုပါတယ္။ သူဟာ လြန္ခဲ့တဲ့ ဇန္နဝါရီ ၁၆ရက္မွာ အသက္ ၃၀ ျပည့္သြားခဲ့ၿပီး ေမြးေန႔ရက္ကေလးမွာလည္း မိသားစုအတြက္ အခ်ိန္ေပးကာ မိဘေတြနဲ႔အတူ အလႉအတမ္း ေတြလုပ္ရင္းနဲ႔ ျဖတ္သန္းခဲ့ပါတယ္။ “မိဘကေတာ့ လူတိုင္းမွာ အစားထိုးလို႔မရတဲ့ အရာပါ၊ ကြၽန္ေတာ္လည္း ရွိတဲ့အခ်ိန္ေလးမွာ မိဘကိုမ်ားမ်ား ပိုခ်စ္ေပးတယ္၊ မရွိေတာ့မွ တမ္းတေနမယ္၊ ငိုေႂကြးေနမယ္၊ ပူေဆြး ေနမယ္ဆို အလကားပါ၊ ရွိတဲ့အခ်ိန္ေလးမွာ ကိုယ္ကအေကာင္းဆုံး လုပ္ေပးႏိုင္သမွ် လုပ္ေပးရမယ္၊ ကြၽန္ေတာ္ ႀကိဳးစားမယ္၊ အႏုပညာလုပ္ငန္းက ရရွိတဲ့ေငြေၾကးေတြနဲ႔လည္း မိဘကိုလုပ္ေကြၽးခ်င္တယ္၊ ကြၽန္ေတာ္ ခံယူထားတာေတာ့ အဲ့ဒီလိုပါပဲ”လို႔ သူက ဆက္ေျပာပါတယ္။

သူ႔ရဲ႕ေမြးေန႔အထိမ္းအမွတ္အျဖစ္ ေမြးေန႔လက္ေဆာင္ေတြ ေပးတဲ့အခါ We Love Tun Ko Ko အဖြဲ႕သားမ်ားက သူ႔ကို သကၤန္းလက္ေဆာင္ေပးတာကို ထူးထူးျခားျခား လက္ခံရရွိတာေၾကာင့္လည္း ခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြရဲ႕ ဆႏၵအတိုင္း အႏုပညာအလုပ္ေတြကို ခဏထားကာ ရဟန္းခံဖို႔ စီစဥ္ထားတာမ်ိဳးလည္း ျဖစ္တယ္လို႔ သိရပါတယ္။

“ဆက္ၿပီးေတာ့လည္း ကြၽန္ေတာ့္ကို ခ်စ္ခင္အားေပးၾကပါ၊ ကြၽန္ေတာ့္အေနနဲ႔လည္း အမ်ားႀကီး ႀကိဳးစားသြားမယ္၊ ကြၽန္ေတာ့္အေနနဲ႔ လိုအပ္ခ်က္ေတြရွိရင္လည္း နားလည္ခြင့္လႊတ္ ေပးၿပီး လိုအပ္တဲ့ အႀကံေပးတာေတြကို လုပ္ေဆာင္ႏိုင္ပါတယ္”လို႔လည္း သူက ေျပာပါတယ္။

ဒါ့အျပင္ လတ္တေလာမွာ သ႐ုပ္ေဆာင္တာေတြအျပင္ အလွပုံေတြနဲ႔ ေၾကာ္ျငာဓာတ္ပုံေတြကိုလည္း ႐ိုက္ကူးေနရတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ - ၂၄