ယုံကြည်စိတ်နဲ့ ရဲရဲဝံ့ဝံ့လုပ်ရင် ဘာမဆိုဖြစ်နိုင်တယ်လို့ ခြိမ့်ကေကို ဆို

ယုံကြည်စိတ်နဲ့ ရဲရဲဝံ့ဝံ့လုပ်ရင် ဘာမဆိုဖြစ်နိုင်တယ်လို့ ခြိမ့်ကေကို ဆို

အခုခေတ် လူငယ်တွေရဲ့ကြားမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ အရေးကြီးပြီး မိမိကိုယ်ကို ယုံကြည်စိတ်ဖြင့် ရဲရဲဝံ့ဝံ့လုပ်ဆောင်ပါက အောင်မြင်မှုပန်းတိုင်ကို မလွဲမသွေရောက်ရှိနိုင်မှာ ဖြစ်တယ်လို့ ခြိမ့်ကေကို (Banana) က ပြောပါတယ်။

“တကယ်တော့ဗျာ ခံစားချက်နဲ့လုပ်ရမယ်၊ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုလိုတာပေါ့၊ ကိုယ့်ကိုယ်ကိုမှ မယုံရင် သူများက ဘယ်လိုလုပ်ပြီးတော့ ကိုယ်ဖန်တီးတဲ့ အနုပညာပေါ်မှာ ယုံကြည်မလဲ၊ အရင်ဆုံးလိုအပ်တာ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့၊ မယုံရင်တကယ်လက်တွေ့ကြိုးစားကြည့်ပါ အောင်မြင်လာပါလိမ့်မယ်” လို့ သူက အခမ်းအနားပွဲတစ်ခုမှာ တွေ့ဆုံစဉ် မေးမြန်းတာကို ဖြေကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲမှာ ကျင်းပခဲ့တဲ့ Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲမှာ သီဆိုသူ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ခဲ့တဲ့ သူဟာ ဒိုင်ဖြစ်သူ မြန်မာပြည်သိန်းတန် ရဲ့ ငှက်ပျောသီးကျွေးကာ ဂုဏ်ပြုတာကြောင့်လည်း Banana လို့ လူသိများလာခဲ့ပြီး အခုဆိုရင် လူမှုကွန်ရက်များပေါ်တွင်လည်း သိရှိသူများလာကာ အခမ်းအနားပွဲတွေနဲ့ ပွဲလမ်းသဘင်တွေမှာလည်း သူ့ကို ဖိတ်ကြားလာတာကြောင့် နာမည်ကြီးသရုပ်ဆောင်တွေနဲ့အတူ တက်ရောက်တဲ့ အခြေအနေအထိ လူသိများ ထင်ရှားလာခဲ့ပါတယ်။

“ကျွန်တော်အခု သီချင်းတွေရေးနေပါတယ်၊ ရင်ဘတ်နဲ့ခံစားပြီးတော့ ရေးတာပါ၊ ကျွန်တော် ခံယူထားတဲ့ အနုပညာဆိုတာက ပေးဆပ်မှုသက်သက်ပါ၊ ပြန်ယူလိုတဲ့ ရည်ရွယ်ချက်မဟုတ်ဘူး၊ ပရိသတ်အတွက် ကျွန်တော် တတ်စွမ်းတဲ့ အနုပညာနဲ့ ပေးဆပ်သွားမှာပါ” လို့ ခြိမ့်ကေကို (Banana) က ပြောပါတယ်။

သူ့အနေနဲ့ ပရိသတ်တွေကို ပျော်ရွှင်စေချင်တဲ့ ဆန္ဒလည်းရှိသလို ဇာတ်ကားရိုက်ဖို့ကမ်းလှမ်းပါက ပရိသတ်ကိုပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့ ဇာတ်ရုပ်လိုနေရာမျိုးသာ ရွေးချယ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

“လူတိုင်းပျော်ရွှင်ချင်ကြတာပဲ မဟုတ်လားဗျာ၊ ကျွန်တော်လည်း ပျော်ချင်တယ်၊ ပရိသတ်ကိုလည်း ပျော်စေချင်ပါတယ်၊ ကျွန်တော့်ကို ချစ်စနိုးနဲ့ Banana လို့ ခေါ်တာ စိတ်မဆိုးပါဘူး၊ ပရိသတ်အတွက် အနုပညာနဲ့ ခံစားပေးဆပ်ဖို့ ကြိုးစားမှာပါ၊ ကျွန်တော့်ကိုလည်း အားပေးပါဦးလို့” ဆိုပြီး သူက ဆက်ပြောပြပါတယ်။

ရယ်မောပျော်ရွှင်တာတွေကလည်း စိတ်ဖိစီးမှုကို ပြေပျောက်စေတာကြောင့်လည်း ပျော်ရွှင်စေချင်တာ ဖြစ်သလို ပရိသတ်ပျော်ရွှင်အောင် ဖန်တီးပေးဖို့ကိုလည်း စိတ်ကူးတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ - ၂၁

( Zawgyi )

အခုေခတ္ လူငယ္ေတြရဲ႕ၾကားမွာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိဖို႔ အေရးႀကီးၿပီး မိမိကိုယ္ကို ယုံၾကည္စိတ္ျဖင့္ ရဲရဲဝံ့ဝံ့လုပ္ေဆာင္ပါက ေအာင္ျမင္မႈပန္းတိုင္ကို မလြဲမေသြေရာက္ရွိႏိုင္မွာ ျဖစ္တယ္လို႔ ၿခိမ့္ေကကို (Banana) က ေျပာပါတယ္။

“တကယ္ေတာ့ဗ်ာ ခံစားခ်က္နဲ႔လုပ္ရမယ္၊ ကိုယ့္ကိုယ္ကိုလည္း ယုံၾကည္မႈလိုတာေပါ့၊ ကိုယ့္ကိုယ္ကိုမွ မယုံရင္ သူမ်ားက ဘယ္လိုလုပ္ၿပီးေတာ့ ကိုယ္ဖန္တီးတဲ့ အႏုပညာေပၚမွာ ယုံၾကည္မလဲ၊ အရင္ဆုံးလိုအပ္တာ ကိုယ့္ကိုယ္ကို ယုံၾကည္ဖို႔၊ မယုံရင္တကယ္လက္ေတြ႕ႀကိဳးစားၾကည့္ပါ ေအာင္ျမင္လာပါလိမ့္မယ္” လို႔ သူက အခမ္းအနားပြဲတစ္ခုမွာ ေတြ႕ဆုံစဥ္ ေမးျမန္းတာကို ေျဖၾကားခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ထဲမွာ က်င္းပခဲ့တဲ့ Myanmar Idol Season 3 ရဲ႕ ၿပိဳင္ပြဲမွာ သီဆိုသူ ၿပိဳင္ပြဲဝင္တစ္ဦးျဖစ္ခဲ့တဲ့ သူဟာ ဒိုင္ျဖစ္သူ ျမန္မာျပည္သိန္းတန္ ရဲ႕ ငွက္ေပ်ာသီးေကြၽးကာ ဂုဏ္ျပဳတာေၾကာင့္လည္း Banana လို႔ လူသိမ်ားလာခဲ့ၿပီး အခုဆိုရင္ လူမႈကြန္ရက္မ်ားေပၚတြင္လည္း သိရွိသူမ်ားလာကာ အခမ္းအနားပြဲေတြနဲ႔ ပြဲလမ္းသဘင္ေတြမွာလည္း သူ႔ကို ဖိတ္ၾကားလာတာေၾကာင့္ နာမည္ႀကီးသ႐ုပ္ေဆာင္ေတြနဲ႔အတူ တက္ေရာက္တဲ့ အေျခအေနအထိ လူသိမ်ား ထင္ရွားလာခဲ့ပါတယ္။

“ကြၽန္ေတာ္အခု သီခ်င္းေတြေရးေနပါတယ္၊ ရင္ဘတ္နဲ႔ခံစားၿပီးေတာ့ ေရးတာပါ၊ ကြၽန္ေတာ္ ခံယူထားတဲ့ အႏုပညာဆိုတာက ေပးဆပ္မႈသက္သက္ပါ၊ ျပန္ယူလိုတဲ့ ရည္႐ြယ္ခ်က္မဟုတ္ဘူး၊ ပရိသတ္အတြက္ ကြၽန္ေတာ္ တတ္စြမ္းတဲ့ အႏုပညာနဲ႔ ေပးဆပ္သြားမွာပါ” လို႔ ၿခိမ့္ေကကို (Banana) က ေျပာပါတယ္။

သူ႔အေနနဲ႔ ပရိသတ္ေတြကို ေပ်ာ္႐ႊင္ေစခ်င္တဲ့ ဆႏၵလည္းရွိသလို ဇာတ္ကား႐ိုက္ဖို႔ကမ္းလွမ္းပါက ပရိသတ္ကိုေပ်ာ္႐ႊင္ေအာင္ လုပ္ေပးႏိုင္တဲ့ ဇာတ္႐ုပ္လိုေနရာမ်ိဳးသာ ေ႐ြးခ်ယ္မွာျဖစ္တယ္လို႔ ဆိုပါတယ္။

“လူတိုင္းေပ်ာ္႐ႊင္ခ်င္ၾကတာပဲ မဟုတ္လားဗ်ာ၊ ကြၽန္ေတာ္လည္း ေပ်ာ္ခ်င္တယ္၊ ပရိသတ္ကိုလည္း ေပ်ာ္ေစခ်င္ပါတယ္၊ ကြၽန္ေတာ့္ကို ခ်စ္စႏိုးနဲ႔ Banana လို႔ ေခၚတာ စိတ္မဆိုးပါဘူး၊ ပရိသတ္အတြက္ အႏုပညာနဲ႔ ခံစားေပးဆပ္ဖို႔ ႀကိဳးစားမွာပါ၊ ကြၽန္ေတာ့္ကိုလည္း အားေပးပါဦးလို႔” ဆိုၿပီး သူက ဆက္ေျပာျပပါတယ္။

ရယ္ေမာေပ်ာ္႐ႊင္တာေတြကလည္း စိတ္ဖိစီးမႈကို ေျပေပ်ာက္ေစတာေၾကာင့္လည္း ေပ်ာ္႐ႊင္ေစခ်င္တာ ျဖစ္သလို ပရိသတ္ေပ်ာ္႐ႊင္ေအာင္ ဖန္တီးေပးဖို႔ကိုလည္း စိတ္ကူးေတြ ရွိေနေသးတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ - ၂၁