ဟာသဇာတ်ကားတွေ ပြန်လည်ရိုက်လာရတယ်ဆိုတဲ့သရုပ်ဆောင် လွင်မိုး

 ဟာသဇာတ်ကားတွေ ပြန်လည်ရိုက်လာရတယ်ဆိုတဲ့သရုပ်ဆောင် လွင်မိုး

အခုနောက်ပိုင်းမှာ ဟာသကားတွေ ပြန်လည်လက်ခံရိုက်ကူးရင်း အနုပညာအလုပ်တွေကို ဆက်တိုက် လုပ်လာရတယ်လို့ သရုပ်ဆောင် လွင်မိုးက ပြောပါတယ်။

အနုပညာအလုပ်တွေနဲ့ ဇောက်ချလုပ်ကိုင်မှုဟာ သူ့အဖို့ ကာလအတန်ကြာ အလှမ်းဝေးခဲ့ပေမယ့် ၂၀၁၈ ခုနှစ်ထဲ အနည်းငယ် ပြန်လည်ရိုက်ကူးလာရသလို ဒီနှစ်ထဲမှာတော့ ဟာသကားတွေကို အများဆုံး လက်ခံ ရိုက်ကူးလာရတယ်လို့ ဆိုပါတယ်။ “အခုတော့ ဟာသကားတွေ တော်တော်လေး ရိုက်လာရတယ်၊ ဟာသရဲ့ သဘောက ဘာရှိလဲဆိုတော့ ရိုက်ကွင်းမှာဆိုရင် သရုပ်ဆောင်တွေနဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးဖြစ်ဖို့ လိုပါတယ်၊ ကိုယ်ကိုယ်တိုင်လည်း ဟာသစိတ်ဖြစ်ဖို့လိုပါတယ်၊ အခုကလည်း ပျော်ရွှင်စရာမျိုး ရိုက်တဲ့ရိုက်ကွင်းမှာ ပျော်ရွှင်စရာဖြစ်မှ ပိုပြီးပီပြင်မှာပါ”လို့ သရုပ်ဆောင် လွင်မိုးက ပြောပါတယ်။

သူဟာ အကယ်ဒမီ ရရှိဖူးတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့အပြင် ဒီနှစ် အကယ်ဒမီနဲ့ ပတ်သက်လို့ “ဒီနှစ်မှာက အရည်အသွေးတော်တော်ကောင်းတဲ့ကားမျိုး ရမှာပါ၊ ကျွန်တော်ကြားတာတော့ ရှိတာပေါ့၊ ကိုယ်ကြားတာကို ဒါထုတ်ပြောလို့ မကောင်းဘူးလေ၊ ဒီနှစ်အကယ်ဒမီက တော်တော်လေး ကောင်းမှာပါ၊ အခုလည်း Star Award ဆုကလည်း ရှိလာတော့ ပြိုင်ဆိုင်မှုရှိလာလေ တိုးတက်မှုတွေ ရှိလာမယ်လို့ မြင်ပါတယ်၊ ဒါနဲ့ပတ်သက်ပြီး တခြားတော့ ပြောစရာမရှိပါဘူး”လို့ သူက ဆိုပါတယ်။

လတ်တလောမှာ သရုပ်ဆောင်ဖို့အတွက် သူ့ကိုလာငှားရမ်းတဲ့ ဇာတ်လမ်းတွေနဲ့ပတ်သက်ပြီး သရုပ်ဆောင် ရမယ့် ကာရိုက်တာအနေအထားဟာ သူနဲ့အံဝင်ခွင်ကျဖြစ်တဲ့ အနေအထားမျိုးဆိုပါက လက်ခံလေ့ရှိတယ်လု့ိ သိရပါတယ်။ “ကျွန်တော်နဲ့ အံဝင်ခွင်ကျတာမျိုးကိုတော့ လက်ခံတာများ ပါတယ်၊ ဒါပေမဲ့ တစ်ချို့ကျတော့လည်း ခင်မင်တဲ့ မိတ်ဆွေတွေက လာငှားတာဆိုတော့ လုပ်ပေးရတာလေးတွေ ရှိပါတယ်၊ ကျွန်တော် အခု ဇာတ်ကားတွေ အများကြီးပြန်ရိုက်နေပါပြီ”လို့ သူက ဆက်ပြောပါတယ်။

 ပြည်တွင်းရုပ်ရှင်ဗီဒီယိုလောကအနေနဲ့ ဒါရိုက်တာပိုင်း၊ သရုပ်ဆောင်ပိုင်း၊ ထုတ်လုပ်သူအပိုင်း စတဲ့ အသီးသီးဟာ တတ်နိုင်တဲ့ အနေအထားမျိုးနဲ့ လုပ်ကိုင်နေရတာတွေရှိသလို ဈေးကွက်အခြေအနေ ကိုကြည့်ပြီး ရင်းနှီးမြှုပ်နှံကာ လုပ်ကိုင်နေရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ “ဒရမ်မာကားတွေ မရိုက်ဘူးတော့မဟုတ်ဘူး၊ လောလောဆယ်လာငှားတာက ဟာသကားတွေဖြစ်နေတာပါ”လို့လည်း သူက ဆက်ပြောပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မတ် ၁၁

(  Zawgyi  )

 အခုေနာက္ပိုင္းမွာ ဟာသကားေတြ ျပန္လည္လက္ခံ႐ိုက္ကူးရင္း အႏုပညာအလုပ္ေတြကို ဆက္တိုက္ လုပ္လာရတယ္လို႔ သ႐ုပ္ေဆာင္ လြင္မိုးက ေျပာပါတယ္။

အႏုပညာအလုပ္ေတြနဲ႔ ေဇာက္ခ်လုပ္ကိုင္မႈဟာ သူ႔အဖို႔ ကာလအတန္ၾကာ အလွမ္းေဝးခဲ့ေပမယ့္ ၂၀၁၈ ခုႏွစ္ထဲ အနည္းငယ္ ျပန္လည္႐ိုက္ကူးလာရသလို ဒီႏွစ္ထဲမွာေတာ့ ဟာသကားေတြကို အမ်ားဆုံး လက္ခံ ႐ိုက္ကူးလာရတယ္လို႔ ဆိုပါတယ္။ “အခုေတာ့ ဟာသကားေတြ ေတာ္ေတာ္ေလး ႐ိုက္လာရတယ္၊ ဟာသရဲ႕ သေဘာက ဘာရွိလဲဆိုေတာ့ ႐ိုက္ကြင္းမွာဆိုရင္ သ႐ုပ္ေဆာင္ေတြနဲ႔ ခင္ခင္မင္မင္ ရင္းရင္းႏွီးႏွီးျဖစ္ဖို႔ လိုပါတယ္၊ ကိုယ္ကိုယ္တိုင္လည္း ဟာသစိတ္ျဖစ္ဖို႔လိုပါတယ္၊ အခုကလည္း ေပ်ာ္႐ႊင္စရာမ်ိဳး ႐ိုက္တဲ့႐ိုက္ကြင္းမွာ ေပ်ာ္႐ႊင္စရာျဖစ္မွ ပိုၿပီးပီျပင္မွာပါ”လို႔ သ႐ုပ္ေဆာင္ လြင္မိုးက ေျပာပါတယ္။

သူဟာ အကယ္ဒမီ ရရွိဖူးတဲ့ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့အျပင္ ဒီႏွစ္ အကယ္ဒမီနဲ႔ ပတ္သက္လို႔ “ဒီႏွစ္မွာက အရည္အေသြးေတာ္ေတာ္ေကာင္းတဲ့ကားမ်ိဳး ရမွာပါ၊ ကြၽန္ေတာ္ၾကားတာေတာ့ ရွိတာေပါ့၊ ကိုယ္ၾကားတာကို ဒါထုတ္ေျပာလို႔ မေကာင္းဘူးေလ၊ ဒီႏွစ္အကယ္ဒမီက ေတာ္ေတာ္ေလး ေကာင္းမွာပါ၊ အခုလည္း Star Award ဆုကလည္း ရွိလာေတာ့ ၿပိဳင္ဆိုင္မႈရွိလာေလ တိုးတက္မႈေတြ ရွိလာမယ္လို႔ ျမင္ပါတယ္၊ ဒါနဲ႔ပတ္သက္ၿပီး တျခားေတာ့ ေျပာစရာမရွိပါဘူး”လို႔ သူက ဆိုပါတယ္။

လတ္တေလာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ သူ႔ကိုလာငွားရမ္းတဲ့ ဇာတ္လမ္းေတြနဲ႔ပတ္သက္ၿပီး သ႐ုပ္ေဆာင္ ရမယ့္ ကာ႐ိုက္တာအေနအထားဟာ သူနဲ႔အံဝင္ခြင္က်ျဖစ္တဲ့ အေနအထားမ်ိဳးဆိုပါက လက္ခံေလ့ရွိတယ္လု႔ိ သိရပါတယ္။ “ကြၽန္ေတာ္နဲ႔ အံဝင္ခြင္က်တာမ်ိဳးကိုေတာ့ လက္ခံတာမ်ား ပါတယ္၊ ဒါေပမဲ့ တစ္ခ်ိဳ႕က်ေတာ့လည္း ခင္မင္တဲ့ မိတ္ေဆြေတြက လာငွားတာဆိုေတာ့ လုပ္ေပးရတာေလးေတြ ရွိပါတယ္၊ ကြၽန္ေတာ္ အခု ဇာတ္ကားေတြ အမ်ားႀကီးျပန္႐ိုက္ေနပါၿပီ”လို႔ သူက ဆက္ေျပာပါတယ္။

 ျပည္တြင္း႐ုပ္ရွင္ဗီဒီယိုေလာကအေနနဲ႔ ဒါ႐ိုက္တာပိုင္း၊ သ႐ုပ္ေဆာင္ပိုင္း၊ ထုတ္လုပ္သူအပိုင္း စတဲ့ အသီးသီးဟာ တတ္ႏိုင္တဲ့ အေနအထားမ်ိဳးနဲ႔ လုပ္ကိုင္ေနရတာေတြရွိသလို ေဈးကြက္အေျခအေန ကိုၾကည့္ၿပီး ရင္းႏွီးျမႇဳပ္ႏွံကာ လုပ္ကိုင္ေနရတာေတြလည္း ရွိတယ္လို႔ ဆိုပါတယ္။ “ဒရမ္မာကားေတြ မ႐ိုက္ဘူးေတာ့မဟုတ္ဘူး၊ ေလာေလာဆယ္လာငွားတာက ဟာသကားေတြျဖစ္ေနတာပါ”လို႔လည္း သူက ဆက္ေျပာပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ မတ္ ၁၁