【 နည်းပညာ 】 Samsung မှ လက်ပ်တော့ကွန်ပျူသစ်ကို မိတ်ဆက်

 【 နည်းပညာ 】 Samsung မှ လက်ပ်တော့ကွန်ပျူသစ်ကို မိတ်ဆက်

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung မှ Chromebook အမည်ရ လက်ပ်တော့ကွန်ပျူတာကို မိတ်ဆက်ခဲ့ပါတယ်။
 
အဆိုပါ Chromebook လက်ပ်တော့ကွန်ပျူတာကို AMOLED မျက်နှာပြင်နဲ့ မိတ်ဆက်ခဲ့ပြီး၊ ယခု ၂၀၂၁ ခုနှစ်မှာတော့ ပိုမိုအဆင့်မြှင့်တင်ထားတဲ့ QLED မျက်နှာပြင်နဲ့ လက်ပ်တော့ကွန်ပျူသစ်ကို မိတ်ဆက်ခဲ့ပါတယ်။
 
 Samsung ကတော့ ၂၀၂၁ ခုနှစ် နှစ်စပိုင်းမှာပဲ Chromebook မျိုးဆက်သစ် လက်ပ်တော့ကွန်ပျူတာကို မိတ်ဆက်ကြေညာလိုက်ပါပြီ။ Chromebook 2 လို့ အမည်ပေးထားတဲ့ လက်ပ်တော့ကွန်ပျူတာသစ်ဟာ ၂ မျိုး အသုံးပြုနိုင်မှာဖြစ်ပြီး တက်ဘလက်လို ထိတွေ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။
 
Samsung Galaxy Chromebook 2 ရဲ့ မျက်နှာပြင်ဟာ ၁၃.၃ လက်မရှိမှာ ဖြစ်ပါတယ်။ဗာရှင်းအနေနဲ့ နှစ်မျိုးထွက်ရှိမှာဖြစ်ပြီး၊ Intel Celeron 5205U သို့မဟုတ် 10th-generation Intel Core i3-10110U processors ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။မမ်မိုရီပမာဏကတော့ 4GB/8GB တို့ပဲဖြစ်ပြီး၊ သိမ်းဆည်းနိုင်မှုကတော့ 64GB/128GB တို့ကို ရွေးချယ်နိုင်မှာပါ။ဘက်ထရီကတော့ stand by ၁၄ နာရီ အသုံးခံမယ်လို့ သိရပါတယ်။
 
Chromebook 2 မှာ စပီကာနှစ်လုံးပါဝင်ပြီး၊ microSD ကဒ်လည်း ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Chromebook 2 ကို Google Play store ထောက်ပံ့ပေးထားတဲ့ Chrome OS နဲ့ မောင်းနှင်ထားမယ်လို့ သိရပါတယ်။
 
Samsung အနေနဲ့ ယမန်နှစ် Chromebook မိတ်ဆက်တုန်းက ဒေါ်လာ ၁၀၀၀ ဝန်းကျင်နဲ့ ဈေးစတင်ခဲ့ပြီး၊ Chromebook 2 မှာတော့ အနိမ့်ဆုံးဗားရှင်းကို ဒေါ်လာ ၅၅၀ ကနေ စတင်ကာ ဈေးပိုသက်သာလာခဲ့တာကို မြင်တွေ့ရပါတယ်။
 
Damien
 
( Zawgyi )
 
လြန္ခဲ့တဲ့ ၂၀၂၀ ခုႏွစ္တုန္းက ကိုရီးယားနည္းပညာကုမၸဏီႀကီး Samsung မွ Chromebook အမည္ရ လက္ပ္ေတာ့ကြန္ပ်ဴတာကို မိတ္ဆက္ခဲ့ပါတယ္။
 
အဆိုပါ Chromebook လက္ပ္ေတာ့ကြန္ပ်ဴတာကို AMOLED မ်က္ႏွာျပင္နဲ႔ မိတ္ဆက္ခဲ့ၿပီး၊ ယခု ၂၀၂၁ ခုႏွစ္မွာေတာ့ ပိုမိုအဆင့္ျမႇင့္တင္ထားတဲ့ QLED မ်က္ႏွာျပင္နဲ႔ လက္ပ္ေတာ့ကြန္ပ်ဴသစ္ကို မိတ္ဆက္ခဲ့ပါတယ္။
 
 Samsung ကေတာ့ ၂၀၂၁ ခုႏွစ္ ႏွစ္စပိုင္းမွာပဲ Chromebook မ်ိဳးဆက္သစ္ လက္ပ္ေတာ့ကြန္ပ်ဴတာကို မိတ္ဆက္ေၾကညာလိုက္ပါၿပီ။ Chromebook 2 လို႔ အမည္ေပးထားတဲ့ လက္ပ္ေတာ့ကြန္ပ်ဴတာသစ္ဟာ ၂ မ်ိဳး အသုံးျပဳႏိုင္မွာျဖစ္ၿပီး တက္ဘလက္လို ထိေတြ႕အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။
Samsung Galaxy Chromebook 2 ရဲ႕ မ်က္ႏွာျပင္ဟာ ၁၃.၃ လက္မရွိမွာ ျဖစ္ပါတယ္။ဗာရွင္းအေနနဲ႔ ႏွစ္မ်ိဳးထြက္ရွိမွာျဖစ္ၿပီး၊ Intel Celeron 5205U သို႔မဟုတ္ 10th-generation Intel Core i3-10110U processors ႀကိဳက္ႏွစ္သက္ရာ ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာျဖစ္ပါတယ္။မမ္မိုရီပမာဏကေတာ့ 4GB/8GB တို႔ပဲျဖစ္ၿပီး၊ သိမ္းဆည္းႏိုင္မႈကေတာ့ 64GB/128GB တို႔ကို ေ႐ြးခ်ယ္ႏိုင္မွာပါ။ဘက္ထရီကေတာ့ stand by ၁၄ နာရီ အသုံးခံမယ္လို႔ သိရပါတယ္။
 
Chromebook 2 မွာ စပီကာႏွစ္လုံးပါဝင္ၿပီး၊ microSD ကဒ္လည္း ထည့္သြင္းအသုံးျပဳႏိုင္မွာျဖစ္ပါတယ္။ Chromebook 2 ကို Google Play store ေထာက္ပံ့ေပးထားတဲ့ Chrome OS နဲ႔ ေမာင္းႏွင္ထားမယ္လို႔ သိရပါတယ္။
 
Samsung အေနနဲ႔ ယမန္ႏွစ္ Chromebook မိတ္ဆက္တုန္းက ေဒၚလာ ၁၀၀၀ ဝန္းက်င္နဲ႔ ေဈးစတင္ခဲ့ၿပီး၊ Chromebook 2 မွာေတာ့ အနိမ့္ဆုံးဗားရွင္းကို ေဒၚလာ ၅၅၀ ကေန စတင္ကာ ေဈးပိုသက္သာလာခဲ့တာကို ျမင္ေတြ႕ရပါတယ္။
 
Damien