【 နည်းပညာ 】S Pen ပါဝင်လာတဲ့ Samsung Galaxy S21 Ultra

【 နည်းပညာ 】S Pen ပါဝင်လာတဲ့ Samsung Galaxy S21 Ultra

လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung မှ Galaxy S မျိုးဆက်သစ် စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။
 
Samsung ဟာ Galaxy S21 series ကို မိတ်ဆက်ခဲ့တာဖြစ်ပြီး၊ Galaxy S21 series မှာ Galaxy S21, Galaxy S21+ နဲ့ Galaxy S21 Ultra ဆိုပြီး စမတ်ဖုန်းသုံးမျိုးပါဝင်တာကိုလည်း မြင်တွေ့ရပါတယ်။
 
ထိုစမတ်ဖုန်းသုံးမျိုးထဲမှ Galaxy S21 series ထဲ  အမြင့်ဆုံးဖြစ်တဲ့ ထူးခြားတဲ့ Galaxy S21 Ultra အကြောင်းကို မိတ်ဆက်ဖော်ပြပေးချင်ပါတယ်။
 
Samsung Galaxy S21 Ultra ဟာ ထုတ်ဖူးခဲ့သမျှ Galaxy S မျိုးဆက် စမတ်ဖုန်းတွေအားလုံးထဲမှာ အထူးခြားဆုံးဖြစ်လာခဲ့ပါပြီ။ပထမဆုံး ထူးခြားတဲ့အချက်ဆိုရင် Samsung Galaxy Note မျိုးဆက်တွေမှာသာ မြင်တွေ့ရတဲ့ S Pen ကို Galaxy S21 Ultra မှာ ထည့်သွင်းပေးထားတာပါပဲ။ S Pen ပါဝင်လာပေမယ့် Galaxy Note မျိုးဆက်တွေလို စမတ်ဖုန်းကိုယ်ထည်မှာ S Pen ထည့်သွင်းသိမ်းဆည်းဖို့နေရာ ပါဝင်လာမှာမဟုတ်ပဲ၊ S Pen ထည့်သွင်းသိမ်းဆည်းဖို့ Case ထပ်မံဝယ်ယူရမယ်လို့ သိရပါတယ်။
 
နောက်ထပ်ထူးခြားတာကတော့ Galaxy S21 Ultra ရဲ့ မျက်နှာပြင်ပါ။ ၆.၈ လက်မရှိတဲ့ Dynamic AMOLED 2X မျက်နှာကို တပ်ဆင်ပေးထားပြီး၊ 120Hz refresh rate နည်းပညာကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။ Galaxy S21 Ultra ဟာ Samsung အတွက် 1440+ resolution ရှိတဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်လာခဲ့ပြီဖြစ်ပြီး၊ ရုပ်ထွက်ပိုင်းမှာ အလွန်ကိုကြည်လင်ပြတ်သား စိုပြေတောက်ပနေမှာဖြစ်ပါတယ်။ 
 
Samsung Galaxy S21 Ultra ရဲ့ ကင်မရာပိုင်းကို လေ့လာကြည့်မယ်ဆိုရင် 108MP အရည်အသွေး အဓိက ကင်မရာကို တပ်ဆင်ပေးထားပြီး၊ OIS နည်းပညာလည်း ထောက်ပံ့ပါဝင်ပါသေးတယ်။ဒါ့အပြင် အဝေးမှ အရာဝတ္ထုများကို အနီးကပ်ဆွဲယူရိုက်ကူးရန်အတွက် 10MP (periscope telephoto) နဲ့ 10MP (telephoto) တို့ကို အားဖြည့်တပ်ဆင်ပေးထားပြီး၊ မြင်ကွင်းကျယ် ရိုက်ကူးဖို့အတွက်‌ကတော့ 12MP (ultrawide) ကို ထပ်မံထည့်သွင်းပေးထားပါသေးတယ်။ 8K အရည်အသွေး ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး၊ ရှေ့ဘက် ကင်မရာကတော့ 40MP ဖြစ်ပါတယ်။
 
ဘက်ထရီကတော့ 5,000mAh ထည့်သွင်းပေးထားတဲ့အတွက် ဘက်ထရီခနခနကုန်မှာ ပူစရာမလိုတော့ပါဘူး၊ ဒါ့အပြင် 25W မြန်နှုန်းမြှင့် အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။
 
Samsung Galaxy S21 Ultra ကို ယခုလကုန်မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။
 
Damien 
 
( Zawgyi )
 
 လြန္ခဲ့တဲ့ရက္ပိုင္းကပဲ ကိုရီးယားနည္းပညာကုမၸဏီႀကီး Samsung မွ Galaxy S မ်ိဳးဆက္သစ္ စမတ္ဖုန္းေတြကို မိတ္ဆက္ခဲ့ပါတယ္။
 
Samsung ဟာ Galaxy S21 series ကို မိတ္ဆက္ခဲ့တာျဖစ္ၿပီး၊ Galaxy S21 series မွာ Galaxy S21, Galaxy S21+ နဲ႔ Galaxy S21 Ultra ဆိုၿပီး စမတ္ဖုန္းသုံးမ်ိဳးပါဝင္တာကိုလည္း ျမင္ေတြ႕ရပါတယ္။
 
ထိုစမတ္ဖုန္းသုံးမ်ိဳးထဲမွ Galaxy S21 series ထဲ  အျမင့္ဆုံးျဖစ္တဲ့ ထူးျခားတဲ့ Galaxy S21 Ultra အေၾကာင္းကို မိတ္ဆက္ေဖာ္ျပေပးခ်င္ပါတယ္။
 
 
Samsung Galaxy S21 Ultra ဟာ ထုတ္ဖူးခဲ့သမွ် Galaxy S မ်ိဳးဆက္ စမတ္ဖုန္းေတြအားလုံးထဲမွာ အထူးျခားဆုံးျဖစ္လာခဲ့ပါၿပီ။ပထမဆုံး ထူးျခားတဲ့အခ်က္ဆိုရင္ Samsung Galaxy Note မ်ိဳးဆက္ေတြမွာသာ ျမင္ေတြ႕ရတဲ့ S Pen ကို Galaxy S21 Ultra မွာ ထည့္သြင္းေပးထားတာပါပဲ။ S Pen ပါဝင္လာေပမယ့္ Galaxy Note မ်ိဳးဆက္ေတြလို စမတ္ဖုန္းကိုယ္ထည္မွာ S Pen ထည့္သြင္းသိမ္းဆည္းဖို႔ေနရာ ပါဝင္လာမွာမဟုတ္ပဲ၊ S Pen ထည့္သြင္းသိမ္းဆည္းဖို႔ Case ထပ္မံဝယ္ယူရမယ္လို႔ သိရပါတယ္။
 
 
ေနာက္ထပ္ထူးျခားတာကေတာ့ Galaxy S21 Ultra ရဲ႕ မ်က္ႏွာျပင္ပါ။ ၆.၈ လက္မရွိတဲ့ Dynamic AMOLED 2X မ်က္ႏွာကို တပ္ဆင္ေပးထားၿပီး၊ 120Hz refresh rate နည္းပညာကိုလည္း ေထာက္ပံ့ေပးထားပါေသးတယ္။ Galaxy S21 Ultra ဟာ Samsung အတြက္ 1440+ resolution ရွိတဲ့ ပထမဆုံးစမတ္ဖုန္းျဖစ္လာခဲ့ၿပီျဖစ္ၿပီး၊ ႐ုပ္ထြက္ပိုင္းမွာ အလြန္ကိုၾကည္လင္ျပတ္သား စိုေျပေတာက္ပေနမွာျဖစ္ပါတယ္။ 
 
 
Samsung Galaxy S21 Ultra ရဲ႕ ကင္မရာပိုင္းကို ေလ့လာၾကည့္မယ္ဆိုရင္ 108MP အရည္အေသြး အဓိက ကင္မရာကို တပ္ဆင္ေပးထားၿပီး၊ OIS နည္းပညာလည္း ေထာက္ပံ့ပါဝင္ပါေသးတယ္။ဒါ့အျပင္ အေဝးမွ အရာဝတၳဳမ်ားကို အနီးကပ္ဆြဲယူ႐ိုက္ကူးရန္အတြက္ 10MP (periscope telephoto) နဲ႔ 10MP (telephoto) တို႔ကို အားျဖည့္တပ္ဆင္ေပးထားၿပီး၊ ျမင္ကြင္းက်ယ္ ႐ိုက္ကူးဖို႔အတြက္‌ကေတာ့ 12MP (ultrawide) ကို ထပ္မံထည့္သြင္းေပးထားပါေသးတယ္။ 8K အရည္အေသြး ဗီဒီယိုေတြကို ႐ိုက္ကူးႏိုင္မွာျဖစ္ၿပီး၊ ေရွ႕ဘက္ ကင္မရာကေတာ့ 40MP ျဖစ္ပါတယ္။
 
ဘက္ထရီကေတာ့ 5,000mAh ထည့္သြင္းေပးထားတဲ့အတြက္ ဘက္ထရီခနခနကုန္မွာ ပူစရာမလိုေတာ့ပါဘူး၊ ဒါ့အျပင္ 25W ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္ကိုလည္း ေထာက္ပံ့ေပးထားပါေသးတယ္။
 
Samsung Galaxy S21 Ultra ကို ယခုလကုန္မွာ စတင္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။
 
Damien