【 အနုပညာ 】COVID ကြောင့် ဘာသာရေးပိုလုပ်ဖြစ်နေတဲ့ ဂျင်းနီ

【 အနုပညာ  】COVID ကြောင့် ဘာသာရေးပိုလုပ်ဖြစ်နေတဲ့ ဂျင်းနီ

အခုလို COVID 19 ဖြစ်ပွားချိန်မှာ အနုပညာအလုပ်တွေကို ရပ်နားထားရသော်လည်း ဘာသာရေးဘက်ကို ပိုမို လုပ်ကိုင် ဖြစ်နေတယ်လို့ ဂျင်းနီက ပြောကြားခဲ့ပါတယ်။

သူမဟာ ငယ်စဉ်ကလေးဘ၀ ကတည်းက အနုပညာလောကထဲ ရောက်ရှိခဲ့သူတစ်ဦးဖြစ်သလို ရုပ်မြင်သံကြား အစီအစဉ် တွေအနက် “သုံးဆယ့်ရှစ်ဖြာမင်္ဂလာ” အစီအစဉ်မှာ သူ့ကိုသိရှိသူတွေ များလာခဲ့ပါတယ်။ တေးသီချင်း သီဆိုတာတွေအပြင် သရုပ်ဆောင်တဲ့အလုပ်ကိုပါ လုပ်ကိုင် နေပြီး ပရိသတ်အခိုင်အမာရရှိထားသူလည်း ဖြစ်လာပါတယ်။

 “ဘာသာရေးကို အရင်တုန်းကလည်း လုပ်တယ်၊ အခု ဒီကာလမှာက အလုပ်တွေ အားနေတဲ့ အတွက် ဘာသာရေး ဘက်ကိုပိုပြီးတော့ လုပ်ဖြစ်တယ်၊ အိမ်မှာက အမေ အဓိဋ္ဌာန်ဝင်ရင် အမေနဲ့အတူ အဖော်ရအောင်ဆိုပြီးတော့ ဘေးနားမှာ အတူ တူ အဓိဋ္ဌာန်လိုက်ဝင်တယ်”လို့ ၎င်းက ရှင်းပြပါတယ်။

အခုလိုကာလမှာ တခြားသောအနုပညာရှင်တွေက အွန်လိုင်းကနေ ဈေးရောင်းချတာတွေ လုပ်ဆောင်ပေမယ့် သူကတော့ ဘာသာရေးကိုသာ အလေးထားလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေနား ထားတာကြောင့် အခုလို အား လပ်တဲ့အချိန်မှာ အဓိဋ္ဌာန်ဝင်တာတွေ၊ ဘာသာရေး စာအုပ်စာပေတွေကို ဖတ်ရှုတာတွေအပြင် စိတ်ခွန် အားဖြစ်စေမယ့် စာအုပ်ကောင်း လေးတွေကို ဖတ်ရှုရင်း အချိန်ကိုအကျိုးရှိရှိအသုံးပြုဖြတ်ကျော်နေတဲ့အပြင် အလှူအတန်း တွေကိုလည်း တတ်နိုင်သလောက် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

 “အခုချိန်မှာ စားနိုင်သောက်နိုင်တယ် ဆိုပေမယ့် အရမ်းချမ်းသာတဲ့လူလည်း မဟုတ်တော့ တတ်နိုင်တဲ့ အရာလေးတွေတော့ လှူဖြစ်တယ်။ အခုချိန်မှာ စီးပွားရေးလည်း ထူးထူးခြားခြား မရှိတဲ့ အခါကျတော့ ကိုယ့်ထက် ပိုပြီးအဆင်မပြေတဲ့သူတွေကို တတ်နိုင်သလောက် ပံ့ပိုးပေး တာမျိုးပါ၊ အချိန်တွေကိုတော့ တန်ဖိုးရှိရှိနဲ့ ဖြတ်ကျော်သွားမှာဖြစ်ပါတယ်၊ ဘာသာ ရေးကို ပိုလုပ်ဖြစ်လို့လည်း အင်မတန်မှ အေးချမ်းမှုတွေရလာသလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု ပိုမိုပြီးရှိလာတယ်၊ စိတ်ဓာတ် လည်းခိုင်မာလာတယ်၊ ဒီ COVID ကြီး ပြီးရင်တော့ အနုပညာ အလုပ်တွေက ဆက်တိုက်လုပ်ဖြစ်ဖို့ရှိတယ်၊ ဒီအချိန်လေးက အနားရတယ်လို့ တွေးရင်လည်း အေးချမ်းမှုကိုရစေပါတယ်”လို့ သူမက ဆက်လက်ရှင်းပြပါတယ်။

 

မင်းခေတ်လင်း
(ဓာတ်ပုံ- ကိုနိုင် NG)
ရန်ကုန်၊ နိုဝင်ဘာ ၁

 

(  Zawgyi  )

 

 အခုလို COVID 19 ျဖစ္ပြားခ်ိန္မွာ အႏုပညာအလုပ္ေတြကို ရပ္နားထားရေသာ္လည္း ဘာသာေရးဘက္ကို ပိုမို လုပ္ကိုင္ ျဖစ္ေနတယ္လို႔ ဂ်င္းနီက ေျပာၾကားခဲ့ပါတယ္။

သူမဟာ ငယ္စဥ္ကေလးဘ၀ ကတည္းက အႏုပညာေလာကထဲ ေရာက္ရွိခဲ့သူတစ္ဦးျဖစ္သလို ႐ုပ္ျမင္သံၾကား အစီအစဥ္ ေတြအနက္ “သုံးဆယ့္ရွစ္ျဖာမဂၤလာ” အစီအစဥ္မွာ သူ႔ကိုသိရွိသူေတြ မ်ားလာခဲ့ပါတယ္။ ေတးသီခ်င္း သီဆိုတာေတြအျပင္ သ႐ုပ္ေဆာင္တဲ့အလုပ္ကိုပါ လုပ္ကိုင္ ေနၿပီး ပရိသတ္အခိုင္အမာရရွိထားသူလည္း ျဖစ္လာပါတယ္။

 “ဘာသာေရးကို အရင္တုန္းကလည္း လုပ္တယ္၊ အခု ဒီကာလမွာက အလုပ္ေတြ အားေနတဲ့ အတြက္ ဘာသာေရး ဘက္ကိုပိုၿပီးေတာ့ လုပ္ျဖစ္တယ္၊ အိမ္မွာက အေမ အဓိ႒ာန္ဝင္ရင္ အေမနဲ႔အတူ အေဖာ္ရေအာင္ဆိုၿပီးေတာ့ ေဘးနားမွာ အတူ တူ အဓိ႒ာန္လိုက္ဝင္တယ္”လို႔ ၎က ရွင္းျပပါတယ္။

အခုလိုကာလမွာ တျခားေသာအႏုပညာရွင္ေတြက အြန္လိုင္းကေန ေဈးေရာင္းခ်တာေတြ လုပ္ေဆာင္ေပမယ့္ သူကေတာ့ ဘာသာေရးကိုသာ အေလးထားလုပ္ကိုင္ေနတာ ျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြနား ထားတာေၾကာင့္ အခုလို အား လပ္တဲ့အခ်ိန္မွာ အဓိ႒ာန္ဝင္တာေတြ၊ ဘာသာေရး စာအုပ္စာေပေတြကို ဖတ္ရႈတာေတြအျပင္ စိတ္ခြန္ အားျဖစ္ေစမယ့္ စာအုပ္ေကာင္း ေလးေတြကို ဖတ္ရႈရင္း အခ်ိန္ကိုအက်ိဳးရွိရွိအသုံးျပဳျဖတ္ေက်ာ္ေနတဲ့အျပင္ အလႉအတန္း ေတြကိုလည္း တတ္ႏိုင္သေလာက္ လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

 “အခုခ်ိန္မွာ စားႏိုင္ေသာက္ႏိုင္တယ္ ဆိုေပမယ့္ အရမ္းခ်မ္းသာတဲ့လူလည္း မဟုတ္ေတာ့ တတ္ႏိုင္တဲ့ အရာေလးေတြေတာ့ လႉျဖစ္တယ္။ အခုခ်ိန္မွာ စီးပြားေရးလည္း ထူးထူးျခားျခား မရွိတဲ့ အခါက်ေတာ့ ကိုယ့္ထက္ ပိုၿပီးအဆင္မေျပတဲ့သူေတြကို တတ္ႏိုင္သေလာက္ ပံ့ပိုးေပး တာမ်ိဳးပါ၊ အခ်ိန္ေတြကိုေတာ့ တန္ဖိုးရွိရွိနဲ႔ ျဖတ္ေက်ာ္သြားမွာျဖစ္ပါတယ္၊ ဘာသာ ေရးကို ပိုလုပ္ျဖစ္လို႔လည္း အင္မတန္မွ ေအးခ်မ္းမႈေတြရလာသလို ကိုယ့္ကိုယ္ကိုလည္း ယုံၾကည္မႈ ပိုမိုၿပီးရွိလာတယ္၊ စိတ္ဓာတ္ လည္းခိုင္မာလာတယ္၊ ဒီ COVID ႀကီး ၿပီးရင္ေတာ့ အႏုပညာ အလုပ္ေတြက ဆက္တိုက္လုပ္ျဖစ္ဖို႔ရွိတယ္၊ ဒီအခ်ိန္ေလးက အနားရတယ္လို႔ ေတြးရင္လည္း ေအးခ်မ္းမႈကိုရေစပါတယ္”လို႔ သူမက ဆက္လက္ရွင္းျပပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- ကိုႏိုင္ NG)
ရန္ကုန္၊ ႏိုဝင္ဘာ ၁