COVID ဥပဒေနဲ့ အရေးယူခံရတဲ့ ငှက်ပျောသီး အပြင်ပြန်ရောက်

COVID ဥပဒေနဲ့ အရေးယူခံရတဲ့ ငှက်ပျောသီး အပြင်ပြန်ရောက်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မင်းဝန်ကျေးရွာက မွေးနေ့ပွဲမှာ ဖျော်ဖြေခဲ့တာကြောင့် COVID ဥပဒေနဲ့ အရေးယူခံရတဲ့ ခြိမ့်ကေကို (ခေါ်) Banana ဟာ ဇန်နဝါရီ ၁၁ ရက်က အာမခံနဲ့ပြန်ထွက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုအခြေအနေနဲ့ပတ်သက်ပြီး လူရွှင်တော်အသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ ကိုဒိန်းဒေါင် က “ငှက်ပျောသီး အပြင်ပြန်ရောက်ပါပြီ။တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ” လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ထိုကိစ္စနဲ့ပတ်သက်ပြီး ၎င်းက “ဒီကလေး အပြင်ပြန်ရောက်လာပါတယ်၊ ဖေ့စ်ဘွတ်မှာ ကျွန်တော်တင်ထားတဲ့အတိုင်းပါပဲ၊ တာဝန်ရှိတဲ့သူတွေအနေနဲ့ ငဲ့ညှာပေးတယ်လို့ပဲ ပြောရမှာပါ၊ တခြားတော့ ဘာမှထပ်မပြောချင်ဘူး၊ ဒီကလေးက ကျွန်တော့်ရဲ့သားသမီးလိုဖြစ်နေတာ၊ သူ့အကြောင်းသိချင်ရင် ကျွန်တော့်ကိုမေးပါ၊ တခြားသူကိုသွားမေးစရာမလိုဘူး၊ သူဖမ်းခံရကတည်းက တစ်ချိန်လုံး သူ့အမေနဲ့ဖုန်းအဆက်အသွယ်အမြဲရှိပါတယ်၊ ပြောချင်တာတစ်ခုက ကျွန်တော်က သူ့ကို ပြဿနာရှောင်နေမယ့်အစား သွားရှင်းခိုင်းတာပါ၊ ဟုတ်တယ်လေ၊ နောက်မှရှင်းမယ်ဆိုရင် ဒီကောင်မဟုတ်တာလုပ်လို့ပဲ၊ အဲ့လိုသွားရှင်းတာကို ဖမ်းခံလိုက်ရတာ၊ ကျွန်တော်က သွားပြီးအဖမ်းခံပါလို့ ပြောတာမဟုတ်ပါဘူး၊ အခုလည်း မှန်မှန်ကန်ကန်ဖြစ်မယ်လို့ ယုံကြည်ပါတယ်၊ တာဝန်ရှိတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်၊ ဒီကလေးက တကယ့်ကို အရိုးခံကလေးတစ်ယောက်ပါပဲ” လို့ ရှင်းပြခဲ့ပါတယ်။

ခြိမ့်ကေကို (ခေါ်) Banana ဟာ လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃ ရက်က မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မင်းဝန်ကျေးရွာရှိ မွေးနေ့ပွဲမှာ လူဦးရေ ၅၀ ခန့်ဖိတ်ကြားကာ တီးဝိုင်းတွေနဲ့ ဖျော်ဖြေတင်ဆက်တာကြောင့် ဦးဆောင်သူနဲ့ ၎င်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူရန်၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနဲ့ အချိန်မီသတင်းပေးပို့တင်ပြနိုင်မှုမရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို သတိပေးမှတ်တမ်း လက်မှတ်ရေးထိုးစေတာတွေကိုလည်း ကျောက်ဆည်ခရိုင်အုပ်ချုပ်ရေးမှူးက တိုင်ကြားလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ခြိမ့်ကေကို (ခေါ်) Banana ကို Myanmar Idol တေးသီချင်းဆိုပြိုင်ပွဲ ဝင်ပြိုင်စဉ် ဒိုင်ဖြစ်သူ မြန်မာပြည်သိန်းတန် က ကျီစယ်ရင်း ငှက်ပျောသီးကျွေးခဲ့ရာကနေ သတိထားမိသူများလာခဲ့ကြောင်း၊ အခုဆိုရင် သူ့ကိုဖိတ်ကြားလာတဲ့ ပွဲတွေမှာလည်း တက်ရောက်ခဲ့သလို သူဝါသနာပါတဲ့ တေးသီချင်းတွေအတွက် Live လွှင့်ပြီး သီဆိုပြတာတွေ၊ TikTok တွေနဲ့ ဖျော်ဖြေပြတာတွေကိုလည်း လုပ်ဆောင်ခဲ့ကြောင်း၊ သူ့ကိုဝေဖန်သူတွေလည်းများစွာရှိသလို အားပေးသူတွေလည်း ရှိလာခဲ့တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ - ၁၂

( Zawgyi )

မႏၲေလးတိုင္းေဒသႀကီး၊ ျမစ္သားၿမိဳ႕နယ္၊ မင္းဝန္ေက်း႐ြာက ေမြးေန႔ပြဲမွာ ေဖ်ာ္ေျဖခဲ့တာေၾကာင့္ COVID ဥပေဒနဲ႔ အေရးယူခံရတဲ့ ၿခိမ့္ေကကို (ေခၚ) Banana ဟာ ဇန္နဝါရီ ၁၁ ရက္က အာမခံနဲ႔ျပန္ထြက္ခဲ့တယ္လို႔ သိရပါတယ္။

အဲ့ဒီလိုအေျခအေနနဲ႔ပတ္သက္ၿပီး လူ႐ႊင္ေတာ္အသင္းရဲ႕ ဥကၠ႒ျဖစ္သူ ကိုဒိန္းေဒါင္ က “ငွက္ေပ်ာသီး အျပင္ျပန္ေရာက္ပါၿပီ။တာဝန္ရွိသူမ်ားအားလုံးကို အထူးေက်းဇူးတင္ပါတယ္ခင္ဗ်ာ” လို႔ လူမႈကြန္ရက္မွာ ေရးသားခဲ့ပါတယ္။

ထိုကိစၥနဲ႔ပတ္သက္ၿပီး ၎က “ဒီကေလး အျပင္ျပန္ေရာက္လာပါတယ္၊ ေဖ့စ္ဘြတ္မွာ ကြၽန္ေတာ္တင္ထားတဲ့အတိုင္းပါပဲ၊ တာဝန္ရွိတဲ့သူေတြအေနနဲ႔ ငဲ့ညႇာေပးတယ္လို႔ပဲ ေျပာရမွာပါ၊ တျခားေတာ့ ဘာမွထပ္မေျပာခ်င္ဘူး၊ ဒီကေလးက ကြၽန္ေတာ့္ရဲ႕သားသမီးလိုျဖစ္ေနတာ၊ သူ႔အေၾကာင္းသိခ်င္ရင္ ကြၽန္ေတာ့္ကိုေမးပါ၊ တျခားသူကိုသြားေမးစရာမလိုဘူး၊ သူဖမ္းခံရကတည္းက တစ္ခ်ိန္လုံး သူ႔အေမနဲ႔ဖုန္းအဆက္အသြယ္အၿမဲရွိပါတယ္၊ ေျပာခ်င္တာတစ္ခုက ကြၽန္ေတာ္က သူ႔ကို ျပႆနာေရွာင္ေနမယ့္အစား သြားရွင္းခိုင္းတာပါ၊ ဟုတ္တယ္ေလ၊ ေနာက္မွရွင္းမယ္ဆိုရင္ ဒီေကာင္မဟုတ္တာလုပ္လို႔ပဲ၊ အဲ့လိုသြားရွင္းတာကို ဖမ္းခံလိုက္ရတာ၊ ကြၽန္ေတာ္က သြားၿပီးအဖမ္းခံပါလို႔ ေျပာတာမဟုတ္ပါဘူး၊ အခုလည္း မွန္မွန္ကန္ကန္ျဖစ္မယ္လို႔ ယုံၾကည္ပါတယ္၊ တာဝန္ရွိတဲ့သူေတြကိုလည္း ေက်းဇူးတင္ပါတယ္၊ ဒီကေလးက တကယ့္ကို အ႐ိုးခံကေလးတစ္ေယာက္ပါပဲ” လို႔ ရွင္းျပခဲ့ပါတယ္။

ၿခိမ့္ေကကို (ေခၚ) Banana ဟာ လြန္ခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္ ဒီဇင္ဘာ ၃ ရက္က မႏၲေလးတိုင္းေဒသႀကီး၊ ျမစ္သားၿမိဳ႕နယ္၊ မင္းဝန္ေက်း႐ြာရွိ ေမြးေန႔ပြဲမွာ လူဦးေရ ၅၀ ခန႔္ဖိတ္ၾကားကာ တီးဝိုင္းေတြနဲ႔ ေဖ်ာ္ေျဖတင္ဆက္တာေၾကာင့္ ဦးေဆာင္သူနဲ႔ ၎တို႔ကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒျဖင့္ အေရးယူရန္၊ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမႉးနဲ႔ အခ်ိန္မီသတင္းေပးပို႔တင္ျပႏိုင္မႈမရွိတဲ့ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးတို႔ကို သတိေပးမွတ္တမ္း လက္မွတ္ေရးထိုးေစတာေတြကိုလည္း ေက်ာက္ဆည္ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးက တိုင္ၾကားလုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါ ၿခိမ့္ေကကို (ေခၚ) Banana ကို Myanmar Idol ေတးသီခ်င္းဆိုၿပိဳင္ပြဲ ဝင္ၿပိဳင္စဥ္ ဒိုင္ျဖစ္သူ ျမန္မာျပည္သိန္းတန္ က က်ီစယ္ရင္း ငွက္ေပ်ာသီးေကြၽးခဲ့ရာကေန သတိထားမိသူမ်ားလာခဲ့ေၾကာင္း၊ အခုဆိုရင္ သူ႔ကိုဖိတ္ၾကားလာတဲ့ ပြဲေတြမွာလည္း တက္ေရာက္ခဲ့သလို သူဝါသနာပါတဲ့ ေတးသီခ်င္းေတြအတြက္ Live လႊင့္ၿပီး သီဆိုျပတာေတြ၊ TikTok ေတြနဲ႔ ေဖ်ာ္ေျဖျပတာေတြကိုလည္း လုပ္ေဆာင္ခဲ့ေၾကာင္း၊ သူ႔ကိုေဝဖန္သူေတြလည္းမ်ားစြာရွိသလို အားေပးသူေတြလည္း ရွိလာခဲ့တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ - ၁၂