Music Video သီချင်းလေးထဲ သရုပ်ဆောင်ထားတဲ့ မိတ်ကပ်ဖန်တီးရှင် Gucci Aung

Music Video သီချင်းလေးထဲ သရုပ်ဆောင်ထားတဲ့ မိတ်ကပ်ဖန်တီးရှင် Gucci Aung

မိတ်ကပ်အလှဖန်တီးရှင်တစ်ဦးလည်းဖြစ်တဲ့အပြင် လူမှုကွန်ရက်မှာ TikTok လေးတွေ အမြဲဆော့ကစားနေပြီး သရုပ်ဆောင် ထွန်းအိန္ဒြာဗိုနဲ့ ဆင်တူတယ်လို့ ပရိသတ်ပြောနေကြတဲ့ Gucci Aung ဟာ Music Video သီချင်းလေးထဲ ပါဝင်သရုပ်ဆောင်ကာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

“ခေတ်နဲ့အညီ ပျော်ပျော်ရွှင်ရွှင်သီချင်းလေးပါ၊ ကိုယ်နဲ့အဆင်ပြေလို့ရှိရင်တော့ ရိုက်ဖြစ်မှာပါ၊ မိတ်ကပ်ပိုင်းရော သရုပ်ဆောင်တာရော Live လွှင့်ပြီး ဟင်းချက်တာတွေရော လုပ်ပါတယ်၊ ဒီသီချင်းထဲမှာက “ဒီး” နဲ့ “ရွှေ” တို့နဲ့အတူ Gucci က ပါဝင်သရုပ်ဆောင်ထားပါတယ်၊ “ရှ” လို့ နာမည်ရတဲ့ သီချင်းလေးပါ၊ သီချင်းလေးထွက်တဲ့အခါကျရင် အားပေးကြပါဦးနော်၊ ချစ်တဲ့မျက်စိနဲ့ကြည့်ရင် အရာအားလုံးက အိုကေပါတယ်၊ မျော်လင့်မထားတဲ့ result နဲ့အတူ လာခဲ့ပါ့မယ်” လို့လည်း ၎င်းက ပြောပြခဲ့ပါတယ်။

အဆိုပါသီချင်းဟာ တေးသံရှင် မေခလာရဲ့ သီချင်းလည်းဖြစ်သလို Facebook Cele တွေဖြစ်တဲ့ “ဒီး” နဲ့ “ရွှေ” တို့နဲ့အတူ Gucci က ပါဝင်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာလည်း ခန္ဓာကိုယ်အလှအပကို ထိန်းသိမ်းရင်းနဲ့ နေထိုင်နေသလို သူ့ကိုချစ်တဲ့သူတွေအတွက်လည်း ပျော်ရွှင်စရာ TikTok လေးတွေလုပ်ပြီး ဖျော်ဖြေခဲ့သလို ဆက်လက်ပြီးလည်း ဖျော်ဖြေပြသသွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

“Gucci က စွာတော့ စွာတယ်၊ အဓိက က အားလုံးကိုပျော်စေချင်တယ်၊ ဒီလိုကာလမှာ စိတ်ညစ်နေကြတော့ စိတ်မညစ်ရအောင် ပျော်ရွှင်စေဖို့ အပျော်လေးတွေကိုလည်း မျှဝေတာဖြစ်ပါတယ်၊ အားပေးကြည့်ရှုနေသူတွေကိုလည်း ချစ်ပါတယ်” လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

၎င်းဟာ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုရဲ့ သီချင်းနဲ့အတူ လူမှုကွန်ရက်ကနေ ဖျော်ဖြေတာတွေကို မကြာခဏလုပ်ခဲ့သလို အားပေးကြည့်ရှုသူတွေဟာ ပိုမိုများလာခဲ့တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ ဇန်နဝါရီ - ၁၂

( Zawgyi )

မိတ္ကပ္အလွဖန္တီးရွင္တစ္ဦးလည္းျဖစ္တဲ့အျပင္ လူမႈကြန္ရက္မွာ TikTok ေလးေတြ အၿမဲေဆာ့ကစားေနၿပီး သ႐ုပ္ေဆာင္ ထြန္းအိျႏၵာဗိုနဲ႔ ဆင္တူတယ္လို႔ ပရိသတ္ေျပာေနၾကတဲ့ Gucci Aung ဟာ Music Video သီခ်င္းေလးထဲ ပါဝင္သ႐ုပ္ေဆာင္ကာ ႐ိုက္ကူးေနတယ္လို႔ သိရပါတယ္။

“ေခတ္နဲ႔အညီ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္သီခ်င္းေလးပါ၊ ကိုယ္နဲ႔အဆင္ေျပလို႔ရွိရင္ေတာ့ ႐ိုက္ျဖစ္မွာပါ၊ မိတ္ကပ္ပိုင္းေရာ သ႐ုပ္ေဆာင္တာေရာ Live လႊင့္ၿပီး ဟင္းခ်က္တာေတြေရာ လုပ္ပါတယ္၊ ဒီသီခ်င္းထဲမွာက “ဒီး” နဲ႔ “ေ႐ႊ” တို႔နဲ႔အတူ Gucci က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္၊ “ရွ” လို႔ နာမည္ရတဲ့ သီခ်င္းေလးပါ၊ သီခ်င္းေလးထြက္တဲ့အခါက်ရင္ အားေပးၾကပါဦးေနာ္၊ ခ်စ္တဲ့မ်က္စိနဲ႔ၾကည့္ရင္ အရာအားလုံးက အိုေကပါတယ္၊ ေမ်ာ္လင့္မထားတဲ့ result နဲ႔အတူ လာခဲ့ပါ့မယ္” လို႔လည္း ၎က ေျပာျပခဲ့ပါတယ္။

အဆိုပါသီခ်င္းဟာ ေတးသံရွင္ ေမခလာရဲ႕ သီခ်င္းလည္းျဖစ္သလို Facebook Cele ေတြျဖစ္တဲ့ “ဒီး” နဲ႔ “ေ႐ႊ” တို႔နဲ႔အတူ Gucci က ပါဝင္ခဲ့တာျဖစ္ပါတယ္။လက္ရွိမွာလည္း ခႏၶာကိုယ္အလွအပကို ထိန္းသိမ္းရင္းနဲ႔ ေနထိုင္ေနသလို သူ႔ကိုခ်စ္တဲ့သူေတြအတြက္လည္း ေပ်ာ္႐ႊင္စရာ TikTok ေလးေတြလုပ္ၿပီး ေဖ်ာ္ေျဖခဲ့သလို ဆက္လက္ၿပီးလည္း ေဖ်ာ္ေျဖျပသသြားဖို႔ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။

“Gucci က စြာေတာ့ စြာတယ္၊ အဓိက က အားလုံးကိုေပ်ာ္ေစခ်င္တယ္၊ ဒီလိုကာလမွာ စိတ္ညစ္ေနၾကေတာ့ စိတ္မညစ္ရေအာင္ ေပ်ာ္႐ႊင္ေစဖို႔ အေပ်ာ္ေလးေတြကိုလည္း မွ်ေဝတာျဖစ္ပါတယ္၊ အားေပးၾကည့္ရႈေနသူေတြကိုလည္း ခ်စ္ပါတယ္” လို႔ ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

၎ဟာ သ႐ုပ္ေဆာင္ ထြန္းအိျႏၵာဗိုရဲ႕ သီခ်င္းနဲ႔အတူ လူမႈကြန္ရက္ကေန ေဖ်ာ္ေျဖတာေတြကို မၾကာခဏလုပ္ခဲ့သလို အားေပးၾကည့္ရႈသူေတြဟာ ပိုမိုမ်ားလာခဲ့တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - ကိုႏိုင္ NG)
ရန္ကုန္၊ ဇန္နဝါရီ - ၁၂