အမြန်လမ်းတွင် ရပ်ထားသည့် Express ယာဉ်အား ကုန်တင်ယာဉ်ဝင်တိုက်၊ ၁ ဦးသေဆုံးပြီး ၂ ဦး စိုးရိမ်ရသည့် ဒဏ်ရာများရရှိ

အမြန်လမ်းတွင် ရပ်ထားသည့် Express ယာဉ်အား ကုန်တင်ယာဉ်ဝင်တိုက်၊ ၁ ဦးသေဆုံးပြီး ၂ ဦး စိုးရိမ်ရသည့် ဒဏ်ရာများရရှိ

ရန်ကုန်- မန္တလေး အမြန်လမ်းတွင် ဇွန်လ ၂၈ ရက်နေ့က ရပ်ထားသည့် Express ယာဉ်အား ကုန်တင်ယာဉ် ဝင်တိုက်မှုကြောင့် ၁ ဦးသေဆုံးပြီး ၂ ဦး စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ ၂၈ ရက် ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၄/၁-၃၁၄/၂ အကြားတွင် ယာဉ်မောင်း ကိုထွန်းထွန်းဝင်း မောင်းနှင်လာသည့်1E/---- ရွှေစင်ရတနာခ ရီးသည် Express ယာဉ်သည် ဘီးပေါက်သဖြင့် မြေသားလမ်းပေါ်ရပ်ကာ ဘီးလဲလှယ်နေစဉ် လာရားတူနောက်မှ ယာဉ်မောင်း ကိုဉာဏ်စိန် မောင်းနှင်လာသည့် (၆) ဘီး ကုန်တင်ယာဉ်သည် Express ယာဉ်၏ ဝဲဘက်နောက်အား ဝင်ရောက်တိုက်မိခဲ့ပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ၆ ဘီး ကုန်တင်ယာဉ်မောင်း ကိုဉာဏ်စိန် သည် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး Express ယာဉ်မှ အမျိုးသား (၂) ဦး စိုးရိမ်ရသည့် ဒဏ်ရာများရရှိပါတယ်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ပြင်စည်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များမှ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇွန် - ၂၉

( Zawgyi )

ရန္ကုန္- မႏၲေလး အျမန္လမ္းတြင္ ဇြန္လ ၂၈ ရက္ေန႔က ရပ္ထားသည့္ Express ယာဥ္အား ကုန္တင္ယာဥ္ ဝင္တိုက္မႈေၾကာင့္ ၁ ဦးေသဆုံးၿပီး ၂ ဦး စိုးရိမ္ရသည့္ ဒဏ္ရာမ်ား ရရွိခဲ့တယ္လို႔ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ဇြန္လ ၂၈ ရက္ ည ၁၁ နာရီ ၄၅ မိနစ္အခ်ိန္ခန႔္တြင္ ရန္ကုန္-မႏၲေလး အျမန္လမ္း မိုင္တိုင္ ၃၁၄/၁-၃၁၄/၂ အၾကားတြင္ ယာဥ္ေမာင္း ကိုထြန္းထြန္းဝင္း ေမာင္းႏွင္လာသည့္1E/---- ေ႐ႊစင္ရတနာခ ရီးသည္ Express ယာဥ္သည္ ဘီးေပါက္သျဖင့္ ေျမသားလမ္းေပၚရပ္ကာ ဘီးလဲလွယ္ေနစဥ္ လာရားတူေနာက္မွ ယာဥ္ေမာင္း ကိုဉာဏ္စိန္ ေမာင္းႏွင္လာသည့္ (၆) ဘီး ကုန္တင္ယာဥ္သည္ Express ယာဥ္၏ ဝဲဘက္ေနာက္အား ဝင္ေရာက္တိုက္မိခဲ့ပါတယ္။

ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ၆ ဘီး ကုန္တင္ယာဥ္ေမာင္း ကိုဉာဏ္စိန္ သည္ အခင္းျဖစ္ေနရာတြင္ ေသဆုံးခဲ့ၿပီး Express ယာဥ္မွ အမ်ိဳးသား (၂) ဦး စိုးရိမ္ရသည့္ ဒဏ္ရာမ်ားရရွိပါတယ္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕ ျပင္စည္စခန္းမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ အေထာက္အကူျပဳအဖြဲ႕မ်ားမွ ကူညီေဆာင္႐ြက္ေပးခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဇြန္ - ၂၉