၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရှစ်လကျော် ကာလအတွင်း ပြည်ပမှ ကုန်ပစ္စည်း ကန်ဒေါ်လာ ၁၃ ဘီလျံကျော် တင်သွင်းထား

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရှစ်လကျော် ကာလအတွင်း ပြည်ပမှ ကုန်ပစ္စည်း ကန်ဒေါ်လာ ၁၃ ဘီလျံကျော် တင်သွင်းထား

ကုန်သွယ်ရေးဦးစီးဌာနက ဇွန်လအတွင်း ထုတ်ပြန်သည့် ကာလတူ ပုံမှန်/နယ်စပ် ပြည်ပသွင်းကုန် အုပ်စုအလိုက် နှိုင်းယှဉ်တင်ပြခြင်း (ပြည်ပသွင်းကုန် အုပ်စုအလိုက် ကာလတူ နှိုင်းယှဉ်တင်ပြခြင်း စာရင်းများ) အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အောက်တိုဘာ ၁ ရက်မှ ဇွန် ၂၁ ရက်အထိ ရှစ်လတာ ကာလအတွင်း ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှု တန်ဖိုးမှာ ကန်ဒေါ်လာ ၁၃ ဘီလျံကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

ထိုသို့ တင်သွင်းရာတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၄၃၀၅ ဒသမ ၄၈၄ သန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း အမေရိကန်ဒေါ်လာ ၄၉၇၂ ဒသမ ၆၃၈ သန်း၊ လူသုံးကုန်ပစ္စည်း အမေရိကန်ဒေါ်လာ  ၂၂၃၈ ဒသမ ၅၆၉ သန်းဖိုးနှင့် CMP မှ အမေရိကန်ဒေါ်လာ ၁၇၂၇ ဒသမ ၄၈၇ သန်းဖိုး တင်သွင်းခဲ့တယ် ဆိုပါတယ်။

အဆိုပါစာရင်းအချက်အလက်များအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်သစ် ရှစ်လကျော်ကာလအတွင်း ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုမှာ ကန်ဒေါ်လာ ၁၃ ဘီလျံကျော် (၁၃၂၄၄ ဒသမ ၁၇၈ သန်း) ရှိလာပြီး မေ ၁၁ ရက် မှ ဇွန်၂၁ ရက်အထိ ကုန်ပစ္စည်းတင်သွင်းမှုမှာ ကန်ဒေါ်လာ ၂၁၉၂ ဒသမ ၂၄၃ သန်းရှိကြောင်း သိရပါတယ်။

ယခုတင်သွင်းသည့် ပမာဏမှာ ယခင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကာလတူ တင်သွင်းခဲ့သည့်ပမာဏ အမေရိကန်ဒေါ်လာ ၁၄၁၆၀  ဒသမ ၄၀၉ သန်းထက် အမေရိကန်ဒေါ်လာ ၉၁၆ ဒသမ ၂၃၁ သန်းကျော် လျော့နည်းတင်သွင်းထားပြီး အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတင်သွင်းမှုတွင် ယခင်ကာလတူထက် အမေရိကန်ဒေါ်လာ ၆၂၅ ဒသမ ၆၄၀ သန်း လျော့နည်းတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ယခုဘဏ္ဍာနှစ် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း ဒေါ်လာ ၄၃၀၅ ဒသမ ၄၈၄ သန်းတွင်  နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၇၁၀ ဒသမ ၇၅၇ သန်း၊ ပုဂ္ဂလိကပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၃၅၉၄ ဒသမ ၇၂၇သန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း အမေရိကန်ဒေါ်လာ ၄၉၇၂ ဒသမ ၆၃၈ သန်းတွင် နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၃၁ ဒသမ ၆၃၂ သန်း၊ ပုဂ္ဂလိကပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၄၈၄၁ ဒသမ ၀၀၆ သန်း၊ လူသုံးကုန်ပစ္စည်း အမေရိကန်ဒေါ်လာ  ၂၂၃၈ ဒသမ ၅၆၉ သန်းတွင် နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၇၂၆ သန်း၊ ပုဂ္ဂလိကပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ၂၂၀၃ ဒသမ ၈၄၃ သန်း၊ CMP မှ အမေရိကန်ဒေါ်လာ ၁၇၂၇ ဒသမ ၄၈၇ သန်းတွင် ပုဂ္ဂလိကကဏ္ဍမှသာ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

PWA
Photo Credit : mitt.com.mm
ရန်ကုန်၊ ဇွန် - ၂၉

( Zawgyi )

ကုန္သြယ္ေရးဦးစီးဌာနက ဇြန္လအတြင္း ထုတ္ျပန္သည့္ ကာလတူ ပုံမွန္/နယ္စပ္ ျပည္ပသြင္းကုန္ အုပ္စုအလိုက္ ႏႈိင္းယွဥ္တင္ျပျခင္း (ျပည္ပသြင္းကုန္ အုပ္စုအလိုက္ ကာလတူ ႏႈိင္းယွဥ္တင္ျပျခင္း စာရင္းမ်ား) အရ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ေအာက္တိုဘာ ၁ ရက္မွ ဇြန္ ၂၁ ရက္အထိ ရွစ္လတာ ကာလအတြင္း ျပည္ပမွ ကုန္ပစၥည္းတင္သြင္းမႈ တန္ဖိုးမွာ ကန္ေဒၚလာ ၁၃ ဘီလ်ံေက်ာ္ တင္ပို႔ခဲ့တယ္လို႔ သိရပါတယ္။

ထိုသို႔ တင္သြင္းရာတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ ကုန္ပစၥည္း အေမရိကန္ေဒၚလာ ၄၃၀၅ ဒသမ ၄၈၄ သန္း၊ လုပ္ငန္းသုံး ကုန္ၾကမ္းပစၥည္း အေမရိကန္ေဒၚလာ ၄၉၇၂ ဒသမ ၆၃၈ သန္း၊ လူသုံးကုန္ပစၥည္း အေမရိကန္ေဒၚလာ  ၂၂၃၈ ဒသမ ၅၆၉ သန္းဖိုးႏွင့္ CMP မွ အေမရိကန္ေဒၚလာ ၁၇၂၇ ဒသမ ၄၈၇ သန္းဖိုး တင္သြင္းခဲ့တယ္ ဆိုပါတယ္။

အဆိုပါစာရင္းအခ်က္အလက္မ်ားအရ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္သစ္ ရွစ္လေက်ာ္ကာလအတြင္း ျပည္ပမွ ကုန္ပစၥည္းတင္သြင္းမႈမွာ ကန္ေဒၚလာ ၁၃ ဘီလ်ံေက်ာ္ (၁၃၂၄၄ ဒသမ ၁၇၈ သန္း) ရွိလာၿပီး ေမ ၁၁ ရက္ မွ ဇြန္၂၁ ရက္အထိ ကုန္ပစၥည္းတင္သြင္းမႈမွာ ကန္ေဒၚလာ ၂၁၉၂ ဒသမ ၂၄၃ သန္းရွိေၾကာင္း သိရပါတယ္။

ယခုတင္သြင္းသည့္ ပမာဏမွာ ယခင္ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္ ကာလတူ တင္သြင္းခဲ့သည့္ပမာဏ အေမရိကန္ေဒၚလာ ၁၄၁၆၀  ဒသမ ၄၀၉ သန္းထက္ အေမရိကန္ေဒၚလာ ၉၁၆ ဒသမ ၂၃၁ သန္းေက်ာ္ ေလ်ာ့နည္းတင္သြင္းထားၿပီး အထူးသျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ ကုန္ပစၥည္းတင္သြင္းမႈတြင္ ယခင္ကာလတူထက္ အေမရိကန္ေဒၚလာ ၆၂၅ ဒသမ ၆၄၀ သန္း ေလ်ာ့နည္းတင္သြင္းခဲ့တယ္လို႔ သိရပါတယ္။

ယခုဘ႑ာႏွစ္ ျပည္ပမွ ကုန္ပစၥည္းတင္သြင္းမႈတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈကုန္ပစၥည္း ေဒၚလာ ၄၃၀၅ ဒသမ ၄၈၄ သန္းတြင္  ႏိုင္ငံပိုင္က႑မွ အေမရိကန္ေဒၚလာ ၇၁၀ ဒသမ ၇၅၇ သန္း၊ ပုဂၢလိကပိုင္က႑မွ အေမရိကန္ေဒၚလာ ၃၅၉၄ ဒသမ ၇၂၇သန္း၊ လုပ္ငန္းသုံး ကုန္ၾကမ္းပစၥည္း အေမရိကန္ေဒၚလာ ၄၉၇၂ ဒသမ ၆၃၈ သန္းတြင္ ႏိုင္ငံပိုင္က႑မွ အေမရိကန္ေဒၚလာ ၁၃၁ ဒသမ ၆၃၂ သန္း၊ ပုဂၢလိကပိုင္က႑မွ အေမရိကန္ေဒၚလာ ၄၈၄၁ ဒသမ ၀၀၆ သန္း၊ လူသုံးကုန္ပစၥည္း အေမရိကန္ေဒၚလာ  ၂၂၃၈ ဒသမ ၅၆၉ သန္းတြင္ ႏိုင္ငံပိုင္က႑မွ အေမရိကန္ေဒၚလာ ၃၄ ဒသမ ၇၂၆ သန္း၊ ပုဂၢလိကပိုင္က႑မွ အေမရိကန္ေဒၚလာ၂၂၀၃ ဒသမ ၈၄၃ သန္း၊ CMP မွ အေမရိကန္ေဒၚလာ ၁၇၂၇ ဒသမ ၄၈၇ သန္းတြင္ ပုဂၢလိကက႑မွသာ တင္သြင္းခဲ့တယ္လို႔ သိရပါတယ္။

PWA
Photo Credit : mitt.com.mm
ရန္ကုန္၊ ဇြန္ - ၂၉