【 နည်းပညာ 】iPhone 14 မျိုးဆက်မှာ ပျောက်ကွယ်သွားဖွယ်ရှိနေတဲ့ iPhone Mini မော်ဒယ်လ်

【 နည်းပညာ 】iPhone 14 မျိုးဆက်မှာ ပျောက်ကွယ်သွားဖွယ်ရှိနေတဲ့ iPhone Mini မော်ဒယ်လ်

Apple ကုမ္ပဏီမှ လာမယ့် iPhone 14 series မျိုးဆက်သစ်မှာ iPhone 14 Max အမည်ရ မော်ဒယ်လ်သစ်ကို မိတ်ဆက်ရန် ပြင်ဆင်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။

ဒီသတင်းသာ မှန်ကန်ခဲ့မယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ iPhone Mini မော်ဒယ်လ်များကို နှုတ်ဆက်ဖို့ အချိန်တန်လာတော့မှာဖြစ်ပါတယ်။

တရုတ်လူမှုကွန်ရက် Weibo မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံအရ Apple ကုမ္ပဏီဟာ အရွယ်အစားနှစ်မျိုးနဲ့ ဖုန်းလေးမျိုးကို ထုတ်ပေးဖွယ်ရှိနေပါတယ်။ယခင်က iPhone သတင်းများကို ဖော်ထုတ်လေ့ရှိသူ Ming-Chi Kuo ပြောကြားခဲ့တဲ့အတိုင်း ၆.၁ လက်မနဲ့ ၆.၇ လက်မ အရွယ်အစားနှစ်မျိုး ပါဝင်လာဖို့ မျှော်လင့်ရပါတယ်။

ပေါက်ကြားလာခဲ့တဲ့ ဓာတ်ပုံမှာ iPhone မော်ဒယ်လ်လေးမျိုးလုံးဟာ iPhone 13 မော်ဒယ်လ်များနဲ့ ဒီဇိုင်းဆင်တူတာကို မြင်တွေ့ရပါတယ်။ iPhone မော်ဒယ်လ်နှစ်မျိုးမှာတော့ ကင်မရာနှစ်လုံးသာ ပါဝင်ပြီး၊ နောက်မော်ဒယ်လ်နှစ်မျိုးမှာတော့ ကင်မရာသုံးလုံးပါဝင်မှာဖြစ်ပါတယ်။

Weibo အသုံးပြုသူများကတော့ iPhone 14 ‌မျိုးဆက်မှာ ‌notch အကွက် ဆက်လက်ပါဝင်ဖို့ရှိတယ်လို့ ဆိုကြပြီး၊ Display Supply Chain Consultants Ross Young ကတော့ "hole + phill" ဒီဇိုင်းဖြစ်ဖွယ်ရှိတယ်လို့ ရည်ညွှန်းထားပါတယ်။

iPhone မျိုးဆက်အသစ် ထွက်ရှိလာတိုင်း ကင်မရာအဆင့်မြှင့်တင်မှုကို ပြုလုပ်လေ့ရှိတဲ့အတွက် iPhone 14 ကင်မရာများဟာလည်း iPhone 13 ကင်မရာထက် ပိုမိုကြီးမားပြီး စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာဖို့ရှိနေပါတယ်။

iPhone Mini မျိုးဆက်များဟာ Apple ဘက်က ထုတ်လုပ်မှုလျှော့ချရသည်အထိ ရောင်းအားကျဆင်းခဲ့ရတာဖြစ်ပါတယ်။ Apple ပရိတ်သတ်များကလည်း iPhone Mini စမတ်ဖုန်းများဟာ ပျောက်ကွယ်သွားဖွယ်ရှိနေတယ်လို့ ယူဆလျက်ရှိနေပါတယ်။

Apple ရဲ့ သတင်းများကို ဖော်ထုတ်ရာမှာ ယုံကြည်ရသူများကတော့ iPhone 14 မျိုးဆက်သစ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

Damien
Ref - Laptopmag
နယူးယောက်၊ ဧပြီ ၂၀