【 အလှအပနှင့်ကျန်းမာရေး 】နားပြည်ယိုခြင်း/နားကိုက်ခြင်း

【 အလှအပနှင့်ကျန်းမာရေး 】နားပြည်ယိုခြင်း/နားကိုက်ခြင်း

နားပြည်ယိုခြင်းရောဂါဟာ နားအတွင်းသို့ရောဂါပိုးဝင်ရောက်ခြင်းကြောင့် ခံစားရတဲ့ရောဂါဖြစ်ပါတယ်။

နားပြည်ယိုခြင်းဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး ကလေးငယ်များမှာ အဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေကတော့

  • နားကိုက်ခြင်း
  • နားအူခြင်း
  • အသံကောင်းစွာမကြားရခြင်း
  • နားအတွင်းမှ ပြည်၊အရည်များထွက်ခြင်း
  • ကိုယ်အပူချိန်တက်ခြင်း
  • ခေါင်းကိုက်ခြင်း စတဲ့ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ဘယ်လိုအချက်တွေကြောင့် နားပြည်ယိုခြင်းဖြစ်နိုင်ချေပိုများသလဲ?

  • ကလေးသူငယ်များ
  • မိသားစုမျိုးရိုးထဲတွင်နားပြည်ယိုခြင်းရောဂါရှိသူများ
  • အအေးမိခြင်း၊ဖျားနာခြင်း
  • လေထုညစ်ညမ်းခြင်း
  • နားကိုမကြာခဏ ကလော်ခြင်းစတာတွေကြောင့် နားကိုရောဂါပိုးဝင်ရောက်နိုင်ချေပိုများပြီး နားပြည်ယိုခြင်းရောဂါဖြစ်နိုင်ချေပိုများပါတယ်။

နားပြည်ယိုခြင်းကြောင့်ခံစားရနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့

  • နားအကြားအာရုံထိခိုက်ခြင်း
  • နားမှရောဂါပိုးပျံ့နှံ့ပြီး ဦးနှောက်အမြှေးပါးရောင်ခြင်း
  • နားစည်ပေါက်ခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

နားပြည်ယိုခြင်းရောဂါမဖြစ်ဖို့ဘယ်လိုကာကွယ်နိုင်ပါသလဲ?

  • အအေးမိ၊ဖျားနာခြင်းမဖြစ်အောင် ဂရုစိုက်ပါ။
  • ကလေးငယ်များတွင်အအေးမိ၊ဖျားနာခြင်းမဖြစ်အောင်ဂရုစိုက်ပါ၊လိုအပ်ပါက ကာကွယ်ဆေးများထိုးနှံပေးပါ။
  • ကလေးငယ်များအနီးတွင် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
  • နားအတွင်းသို့မည်သည့် အရာဝတ္ထု၊အရည်မှ မထည့်ပါနှင့်။
  • နားကလော်ခြင်းကိုရှောင်ကြဉ်ပါ။
  • ပတ်ဝန်းကျင်လေထုညစ်ညမ်းခြင်းကိုလျော့ချပါ။

နားကိုက်ခြင်း၊နားပြည်ယိုခြင်းခံစားရပါက တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ထံ သွားရောက်ပြသပြီး ကုသမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။

 

Dr.Phyu

Photo credit -freepik