【 အလှအပနှင့်ကျန်းမာရေး 】မှဲ့ကင်ဆာ (melanoma)

【 အလှအပနှင့်ကျန်းမာရေး 】မှဲ့ကင်ဆာ (melanoma)

အရေပြားကရောင်ခြယ်ဆဲလ်ထုတ်ပေးတဲ့ (melanin) ဆဲလ်မှာ ကင်ဆာဖြစ်ခြင်းကို မှဲ့ကင်ဆာလို့ ခေါ်ကြတာဖြစ်ပါတယ်။

မှဲ့ကနေကင်ဆာအဖြစ်ပြောင်းသွားတာမျိုးရှိသလို မှဲ့မဟုတ်တဲ့အရေပြားဆဲလ်ကနေ မှဲ့ကင်ဆာဖြစ်တာမျိုးလဲရှိပါတယ်။

မှဲ့ကင်ဆာရဲ့ရောဂါလက္ခဏာတွေကတော့

  • မှဲ့မျက်နှာပြင်မညီမညာဖြစ်ခြင်း
  • မှဲ့အနားသားများမညီခြင်း
  • မှဲ့အရောင်ပြောင်းခြင်း
  • မှဲ့အရွယ်အစားကြီးလာခြင်း
  • မှဲ့ပုံသဏ္ဌာန်ပြောင်းလာခြင်း
  • ခန္ဓာကိုယ်တွင်ပုံမှန်မဟုတ်သော မှဲ့များဖြစ်ခြင်းစတဲ့လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

ဘယ်လိုနေရာတွေမှာမှဲ့ကင်ဆာဖြစ်နိုင်လဲ?

  • ခန္ဓာကိုယ်အရေပြားမြင်သာ‌တဲ့ နေရာတွေမှာ မှဲ့ကင်ဆာဖြစ်နိုင်သလို
  • မျက်လုံး
  • လက်သည်းအောက်ဖက်
  • လိင်အင်္ဂါ၊ ဆီးလမ်းကြောင်း
  • ပါးစပ်၊ အစာအိမ်လမ်းကြောင်း စတဲ့နေရာတွေမှာလည်း မှဲ့ကင်ဆာဖြစ်နိုင်ပါတယ်။

ဘယ်လိုသူတွေမှာမှဲ့ကင်ဆာဖြစ်နိုင်ချေပိုများသလဲ?

  • နေရောင်ခြည်ထိတွေ့မှုများသူများ
  • အသားရောင်ဖျော့သူများ
  • မွေးရာပါဆံပင်အရောင် ဖျော့သူများ၊နီသူများ
  • မွေးရာပါ မျက်လုံးအရောင် အပြာရှိသူများ
  • ကိုယ်ခံအားနည်းသူများ
  • မိသားစုမျိုးရိုးထဲတွင်မှဲ့ကင်ဆာရှိသူများ
  • ခန္ဓာကိုယ်တွင်မှဲ့အလွန်များသူများ၊ ပုံမှန်မဟုတ်သောမှဲ့ပုံစံရှိသူများ စတဲ့သူတွေမှာ မှဲ့ကင်ဆာ ဖြစ်နိုင်ချေ ပိုများပါတယ်။

မှဲ့ကင်ဆာကိုဘယ်လိုကုသရမလဲ?

  • ခွဲစိတ်ကုသခြင်း
  • ဓါတ်ရောင်ခြည်ကုထုံးဖြင့်ကုသခြင်း
  • ကင်ဆာဆေးသွင်းကုသခြင်း စတဲ့ နည်းလမ်းများနဲ့ကုသနိုင်ပါတယ်။

မှဲ့ကင်ဆာမဖြစ်အောင်ဘယ်လိုကာကွယ်နိုင်ပါသလဲ?

  • နေရောင်ခြည်ထိတွေ့မှုကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။
  • နေရောင်အောက်သွားလာရမည်ဆိုပါက ထီး၊ဖိနပ်၊ ဦးထုတ်၊ဝတ်ဆင်ပါ။ နေရောင်ခံ လိမ်းဆေး ( အနည်းဆုံး SPF 30)ပါသည့် နေလောင်ဒဏ်ကာကွယ်သော လိမ်းဆေးကိုအသုံးပြုပါ။
  • မိမိခန္ဓာကိုယ်အရေပြားကိုနေ့စဉ်စစ်ဆေးပါ။ (ပုံမှန်မဟုတ်သော မှဲ့၊ အရွယ်အစားကြီးလာသောမှဲ့၊မှဲ့အရောင်ပြောင်းလာခြင်း ရှိမရှိကိုစစ်ဆေးပါ)
  • မှဲ့ကင်ဆာဟာ စောစောသိရှိမယ်ဆိုရင် ကုသပျောက်ကင်းနိုင်ပါတယ်။
  • ဒါပေမယ့်နောက်ကျမှသိမယ်ဆိုရင်တော့ အသက်အန္တရာယ်ပါထိခိုက်နိုင်တဲ့ရောဂါဖြစ်ပါတယ်။
  • မိမိမှာမှဲ့ကင်ဆာဖြစ်နေတယ်လို့ သံသယရှိပါက တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံသွားရောက် စစ်ဆေးပြီး လိုအပ်ပါက ကုသမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။

Dr.Phyu

Photo credit - freepik