【 အလှအပနှင့်ကျန်းမာရေး 】အရေပြားမှိုရောဂါ(ညှင်းပေါက်ခြင်း)

【 အလှအပနှင့်ကျန်းမာရေး 】အရေပြားမှိုရောဂါ(ညှင်းပေါက်ခြင်း)

အရေပြားမှိုရောဂါတစ်မျိုးဖြစ်တဲ့ညှင်းလို့မြန်မာလို‌‌ခေါ်ကြတဲ့ရောဂါကတော့အဖြစ်များတဲ့ အရေပြားရောဂါတစ်ခုဖြစ်ပါတယ်။

ဘာကြောင့်အ‌ရေပြားမှို(ညှင်းရောဂါ)ဖြစ်ရတာလဲ?

ညှင်းရောဂါက မည်သူမဆိုဖြစ်နိုင်ပါတယ်။ ညှင်းရောဂါဖြစ်ရတဲ့အကြောင်းအရင်းကတော့

  • ရာသီဥတုပူ‌နွေးစိုထိုင်းမှုများခြင်း
  • အဆီပြန်သောအသားအရည်ရှိခြင်း
  • ချွေးထွက်များခြင်း
  • ကိုယ်ခံအားနည်းခြင်း
  • ဆီးချိုရောဂါရှိခြင်း
  • ပိုးသတ်ဆေးများကိုရေရှည်သောက်သုံးခြင်း
  • အဝလွန်ခြင်း
  • ကလေးငယ်များတွင်Diaper၊အနှီးစတာတွေ ကိုအလဲအလှယ်မလုပ်ဘဲ အချိန်ကြာမြင့်စွာထားခြင်းစတဲ့အခြေအနေတွေမှာတော့ မှိုရောဂါဖြစ်နိုင်ချေပိုများပါတယ်။

အရေပြားမှာညှင်းဖြစ်တဲ့အခါဘယ်လိုလက္ခဏာတွေခံစားရမလဲ?

  • ခန္ဓာကိုယ်ပုံမှန်အသားရောင်နဲ့မတူဘဲ ဖျော့သော (သို့)ရင့်သော အကွက်များဖြစ်ခြင်း
  • ယားယံခြင်း
  • အရေခွံများကွာခြင်း စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

အရေပြားမှာညှင်းပေါက်တဲ့အခါဘယ်လိုကုသနိုင်ပါသလဲ?

  • မှိုသတ်ဆေးလိမ်းဆေးများဖြင့်ကုသခြင်း
  • မှိုပိုးသေစေသော ခေါင်းလျှော်ရည်များအသုံးပြုခြင်း
  • လိမ်းဆေးများနဲ့မသက်သာပါက မှိုပိုးသတ်ဆေးသောက်ဆေး အသုံးပြု၍ကုသနိုင်ပါတယ်။

အရေပြားမှာညှင်းရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ?

  • တစ်ကိုယ်ရေသန့်ရှင်းရေးကိုနေ့စဉ်ပြုလုပ်ပါ။
  • အရေပြားကို သန့်ရှင်းခြောက်သွေ့နေအောင်ထားပါ။
  • ကြပ်လွန်းသောအဝတ်အစားများဝတ်ဆင်ခြင်းကိုရှောင်ကြဉ်ပါ။
  • ပွပွချောင်ချောင် အဝတ်အထည်များကိုဝတ်ဆင်ပါ။

Dr.Phyu 

Photo credit -freepik