【 အလှအပနှင့် ကျန်းမာရေး 】 ခါးရိုးအဆစ်ပြားကျွံခြင်း

【 အလှအပနှင့် ကျန်းမာရေး 】 ခါးရိုးအဆစ်ပြားကျွံခြင်း

ကျွန်မတို့ခန္ဓာကိုယ်‌ ကျောရိုးအဆစ် တစ်ခုနဲ့ တစ်ခုကြားမှာ အရိုးအဆစ်အဝိုင်းပြားလေးတွေရှိပါတယ်။ဒီအဆစ်အဝိုင်းပြားလေးတွေက ကျောရိုးလှုပ်ရှားမှု အဆင်ပြေဖို့ ကူညီပေးပါတယ်။

ဒီအဆစ်အဝိုင်းပြားလေးတွေက ပုံမှန်နေရာမှာမရှိဘဲ ကျွံထွက်လာခြင်းကို အရိုးအဆစ်ပြားကျွံတယ်လို့ခေါ်တာဖြစ်ပါတယ်။အရိုးအဆစ်ပြားကျွံခြင်းဟာ ကျောရိုး မည်သည့်အဆစ်မှာမဆို ဖြစ်နိုင်ပါတယ်။အရိုးအဆစ်ပြားကျွံခြင်းဟာ ခါးရိုးအဆစ်မှာ ဖြစ်လေ့ရှိပြီး အမျိုးသားများမှာ အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ်။

ခါးရိုးအဆစ်ပြားကျွံခြင်းကြောင့် ခံစားရနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ -

      ၁ - ခါးနာခြင်း
      ၂ - ခြေထောက်နာခြင်း
      ၃ - ခြေထောက်၊ခြေချောင်းများထုံကျဉ်ခြင်း
      ၄ - ခြေထောက်ကြွက်သားများအားမရှိခြင်း စတဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ဘယ်အချက်တွေကြောင့် ခါးရိုးအဆစ်ပြားကျွံခြင်း ဖြစ်နိုင်သလဲ ?

-    အသက်အရွယ်ကြီးသူများ
-    ကိုယ်အလေးချိန်များခြင်း
-    အလေးအပင်မခြင်း
-    ခါးရိုးပုံသဏ္ဍာန်မမှန်ဘဲ ပစ္စည်းများမခြင်း
-    မကြာခဏခါးလှုပ်ရှားမှုပြုလုပ်ရသော အားကစား၊
    လေ့ကျင့်ခန်းများပြုလုပ်ခြင်း
-    ဆေးလိပ်သောက်ခြင်း
-    အထိုင်များခြင်း (ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း)
ဥပမာ - ကားကြာရှည်စွာမောင်းနှင်ခြင်း စတဲ့ အချက်တွေကြောင့် ခါးရိုးဆစ်ပြားကျွံခြင်း ဖြစ်နိုင်ခြေ ပိုများပါတယ်။

ခါးရိုးဆစ်ပြားကျွံခြင်းကို ဘယ်လိုကုသနိုင်ပါသလဲ ?

ခါးရိုးဆစ်ပြားကျွံခြင်းကို

-    ဆေးဝါးများဖြင့်ကုသခြင်း
-    လေ့ကျင့်ခန်းပြုလုပ်ခြင်း
-    ခွဲစိတ်ကုသခြင်း စတဲ့ နည်းလမ်းများနဲ့ ကုသနိုင်ပါတယ်။

ခါးရိုးဆစ်ပြားကျွံခြင်းကြောင့် ခံစားရနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ -

-    ခါးရိုးအဆစ်ပြားကျွံခြင်းကနေ ကျောအာရုံကြောမကြီးကို ဖိမိပါက

      ၁ - ဆီးမထိန်းနိုင်ခြင်း၊ ဆီးသွားရခက်ခဲခြင်း
      ၂ - ဝမ်းမထိန်းနိုင်ခြင်း၊ဝမ်းသွားရခက်ခဲခြင်း
      ၃ -‌ ခြေထောက်နှင့် စအိုတစ်ဝိုက်တွင် ထိတွေ့မှုအာရုံ ပျက်စီးခြင်း
      ၄ - လမ်းလျှောက်ရခက်ခဲခြင်း
စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

ခါးရိုးဆစ်ပြားကျွံခြင်း မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့

      ၁ - ကျောရိုးကြွက်သားများ သန်မာအောင် နည်းစနစ်ကျကျ လေ့ကျင့်ခန်းများ ပြုလုပ်ပါ။
      ၂ - ပစ္စည်းများမတင်ခြင်း၊ ကြမ်းပြင်ရှိ အရာဝတ္ထုများအား လှမ်းယူခြင်း စတဲ့ လှုပ်ရှားမှုများတွင် ခါးကိုတည့်မတ်စွာထားပါ။အရာဝတ္ထုများကို ခါးကိုင်း၍ ကောက်ခြင်း၊ မတင်ခြင်း စတဲ့ လှုပ်ရှားမှုမျိုးကို ရှောင်ကြဉ်ပါ။
      ၃ - အဝမလွန်အောင်ထိန်းသိမ်းပါ။
      ၄ - လမ်းလျှောက်ခြင်း၊ ထိုင်ခြင်း၊ အိပ်ခြင်း စတဲ့ အခြေအနေတွေမှာ ခါးကို ဒဏ်မဖြစ်စေဖို့ ခါးကို တည့်မတ်စွာထားဖို့ လိုပါတယ်။
      ၅ - အချိန်ကြာမြင့်စွာထိုင်ခြင်းကို လျှော့ချပါ။ခါးကြွက်သားများအတွက် (Stretching) လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။
      ၆ - ဆေးလိပ်သောက်ပါက ဆေးလိပ်ဖြတ်ပါ။

Dr.Phyu
Photo Credit - freepik