【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း အလုပ်များနေသလို ဘာကိစ္စမဆိုမပြီးပြတ်ဘဲ တန်းလန်းဖြစ်နေလို့ သင်စိတ်ပျက်နေတတ်ပါလိမ့်မယ်။စိတ်ကအတွေးများပြီး ဆုံးဖြတ်ရခက်တတ်တဲ့အတွက် ဘာကိစ္စပေါ်ပေါ် ခေါင်းကိုအေးအေးထားပြီး ဆုံးဖြတ်ရမယ့်အချိန်ကာလပါ။ငွေကြေးကံ နည်းနည်းညံ့နေပေမယ့် စိတ်မောလူမောဖြစ်နေရတဲ့အတွက် ကျန်းမာရေးပါ ညံ့နေတတ်ပါတယ်။ကူညီဆောင်မမယ့်သူကတော့ ရှိနေပါတယ်။ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် တနင်္လာ သားသမီးတွေနဲ့ တိုင်ပင်ဆောင်ရွက်ပါ။အခုချိန်မှာ လူမျိုးခြားနဲ့တွဲလုပ်တဲ့အလုပ်တွေ အောင်မြင်မှုရရှိတတ်တဲ့အခါဖြစ်နေလို့ စပ်တူလုပ်ရတဲ့အလုပ်လည်း အောင်မြင်တဲ့ကာလပါ။
တနင်္ဂနွေနံပစ္စည်းတွေ ဝင်တတ်သလို အလုပ်တွေလည်း အောင်မြင်တတ်ပါတယ်။ပညာရေးကိစ္စမှာတော့ အတတ်ပညာသင်သူတွေ အောင်မြင်မှုရှိနေတဲ့ အချိန်အခါပါ။ကျန်းမာရေးကတော့ ထိခိုက်ဒဏ်ရာရတာတွေ၊ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ပြန်ဖြစ်တတ်ပါတယ်။အိမ်ထောင်သည်တွေ အဆင်မပြေသလိုလိုနဲ့ ပြေလည်မှာဖြစ်သလို ငယ်ရွယ်သူတွေကတော့  ကြားလူကြောင့် အ‌နှောင့်အယှက်ဖြစ်မယ့်ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား သီကုံးထားသည့် ခရေပန်းကုံးဖြစ်စေ၊ ခရေပန်းကို ပန်းကန်ဖြင့်ထည့်ကာဖြစ်စေ ကပ်လှူကာ ရှင်သီဝလီဂါထာကို သက်စေ့ရွတ်ဆိုပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ အပတ်စဉ် ဆွမ်းဆန်ကြွသည့် သီလရှင်ဆရာလေးများကို ထီး၊ ဖိနပ် လှူပါလေ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တနင်္လာနံ ဘုရားစေတီတွင် ပန်းပေါင်းထဲ ဆီးခက်ပါအောင်ထည့်ကာ ကပ်လှူပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထဲရှိ စနေနံပစ္စည်းအပျက်၊ ရွှေရောင်ပစ္စည်းအဟောင်းများကို စွန့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားအား ရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များတွင် အမှိုက်များကောက်ခြင်းအား ပြုလုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဈေးထဲတွင် ရေသတ္တဝါအရှင်များတွေ့ပါက ဝယ်ပြီး ဇိဝိတဒါနအဖြစ် လွှတ်ပေးပါ။  

ထီကံကောင်းလိုသူများ ။     ။ တွန်းလှည်းဖြင့်ရောင်းသည့် ထီဆိုင်တွေ့ပါက ၂/၅ ဂဏန်းများများပါသော ထီကိုထိုးပါ။

( Zawgyi )

ဒီရက္ပိုင္းအတြင္း အလုပ္မ်ားေနသလို ဘာကိစၥမဆိုမၿပီးျပတ္ဘဲ တန္းလန္းျဖစ္ေနလို႔ သင္စိတ္ပ်က္ေနတတ္ပါလိမ့္မယ္။စိတ္ကအေတြးမ်ားၿပီး ဆုံးျဖတ္ရခက္တတ္တဲ့အတြက္ ဘာကိစၥေပၚေပၚ ေခါင္းကိုေအးေအးထားၿပီး ဆုံးျဖတ္ရမယ့္အခ်ိန္ကာလပါ။ေငြေၾကးကံ နည္းနည္းညံ့ေနေပမယ့္ စိတ္ေမာလူေမာျဖစ္ေနရတဲ့အတြက္ က်န္းမာေရးပါ ညံ့ေနတတ္ပါတယ္။ကူညီေဆာင္မမယ့္သူကေတာ့ ရွိေနပါတယ္။ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနလၤာ သားသမီးေတြနဲ႔ တိုင္ပင္ေဆာင္႐ြက္ပါ။အခုခ်ိန္မွာ လူမ်ိဳးျခားနဲ႔တြဲလုပ္တဲ့အလုပ္ေတြ ေအာင္ျမင္မႈရရွိတတ္တဲ့အခါျဖစ္ေနလို႔ စပ္တူလုပ္ရတဲ့အလုပ္လည္း ေအာင္ျမင္တဲ့ကာလပါ။
တနဂၤေႏြနံပစၥည္းေတြ ဝင္တတ္သလို အလုပ္ေတြလည္း ေအာင္ျမင္တတ္ပါတယ္။ပညာေရးကိစၥမွာေတာ့ အတတ္ပညာသင္သူေတြ ေအာင္ျမင္မႈရွိေနတဲ့ အခ်ိန္အခါပါ။က်န္းမာေရးကေတာ့ ထိခိုက္ဒဏ္ရာရတာေတြ၊ ႏွလုံးနဲ႔ပတ္သက္တဲ့ေရာဂါေတြ ျပန္ျဖစ္တတ္ပါတယ္။အိမ္ေထာင္သည္ေတြ အဆင္မေျပသလိုလိုနဲ႔ ေျပလည္မွာျဖစ္သလို ငယ္႐ြယ္သူေတြကေတာ့  ၾကားလူေၾကာင့္ အ‌ေႏွာင့္အယွက္ျဖစ္မယ့္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား သီကုံးထားသည့္ ခေရပန္းကုံးျဖစ္ေစ၊ ခေရပန္းကို ပန္းကန္ျဖင့္ထည့္ကာျဖစ္ေစ ကပ္လႉကာ ရွင္သီဝလီဂါထာကို သက္ေစ့႐ြတ္ဆိုေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ အပတ္စဥ္ ဆြမ္းဆန္ႂကြသည့္ သီလရွင္ဆရာေလးမ်ားကို ထီး၊ ဖိနပ္ လႉပါေလ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ တနလၤာနံ ဘုရားေစတီတြင္ ပန္းေပါင္းထဲ ဆီးခက္ပါေအာင္ထည့္ကာ ကပ္လႉေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ထဲရွိ စေနနံပစၥည္းအပ်က္၊ ေ႐ႊေရာင္ပစၥည္းအေဟာင္းမ်ားကို စြန႔္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားအား ေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားေကာက္ျခင္းအား ျပဳလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေဈးထဲတြင္ ေရသတၱဝါအရွင္မ်ားေတြ႕ပါက ဝယ္ၿပီး ဇိဝိတဒါနအျဖစ္ လႊတ္ေပးပါ။  

ထီကံေကာင္းလိုသူမ်ား ။     ။ တြန္းလွည္းျဖင့္ေရာင္းသည့္ ထီဆိုင္ေတြ႕ပါက ၂/၅ ဂဏန္းမ်ားမ်ားပါေသာ ထီကိုထိုးပါ။