【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်း အဖက်ဖက်က အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာတတ်ပါတယ်။ကံတရားက ကိုယ့်ဘက်မှာ ရှိနေတဲ့အတွက် ဒီအချိန်မှာ ကိုယ်ရည်ရွယ်ထားတဲ့လုပ်ငန်းတွေ ကိစ္စတွေကို စတင်တိုးချဲ့ ဆောင်ရွက်လုပ်ကိုင်သင့်တဲ့အချိန်ပါ။ယခုတစ်ပတ် လူမှုရေး၊စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် ကြာသပတေး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ကိုယ့်အောင်မြင်မှုကြောင့် မနာလိုကာ အပြိုင်အဆိုင်များတတ်တဲ့ အချိန်ကာလဖြစ်တဲ့အတွက် သတိထားလုပ်ကိုင် နေထိုင်သင့်ပါတယ်။ကျန်းမာရေးက စီးပွားရေးတက်ရင်တက်သလောက် ဂရုစိုက်ရပါမယ်။အဓိကကတော့ ဆီးနဲ့ပတ်သက်တဲ့ရောဂါနဲ့ မျက်စိရောဂါတွေ ဖြစ်တတ်ပါတယ်။ပြည်တွင်း ပြည်ပခရီး စိတ်အကြံပေါက်သလောက် ရောက်မယ့်အချိန်အခါပါ။ပညာရေးကံကောင်းနေပြီး ကြိုးစားလေ ပိုခရီးရောက်လေဖြစ်မယ့် အချိန်အခါပေမယ့် အပေါင်းအသင်းမက်တာကြောင့် မျှော်မှန်းထားသလို မဖြစ်ဘဲနေတတ်ပါတယ်။အိမ်ထောင်သည်တွေ၊ ချစ်သူတွေအတွက် မတည့်အတူနေကာလပါ။

 

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ခုနှစ်ရက်တိတိ ကြသပတေးနေ့နံ ပန်း၊အညွှန့်၊ သစ်သီးတို့ဖြင့် ပူဇော်ဆက်ကပ်ပါ။

 

ပြည်ပထွက်ခွာလိုသူများ ။ ။ ယခုတစ်ပတ် နေ့စဉ် နံနက်စောစောထကာ သံဃာများကို တန်းဆွမ်းလောင်း လှူပေးပါ။

 

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ နေအိမ်အနီးရှိ စေတီတွင် မေမြို့ပန်းကိုးပွင့်တိတိဖြင့် နံနက်ကိုးနာရီတိတိ ပူဇော်ပေးပါ။

 

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်တွင်းရှိ သင့်အိမ်ထောင်ဘက်၏ နေ့နံပစ္စည်း အဟောင်းများကို အိမ်ခြံဝင်း အပြင်ဘက်ရောက်အောင် ရှာကြံကာလွှင့်ပစ်ပါ။

 

လူမှုရေးအတိုက်အခံများသူများ ။ ။ သမ္ဗုဒ္ဓေဂါထာက သင့်ကိုအကာကွယ်ပေးပါလိမ့်မယ်။သင်သတိရတိုင်း ရွတ်ဆိုပေးပါ။

 

ကျန်းမာရေးမကောင်းသူများ ။ ။ လမ်းသွားရင်း ခွေး၊ ကျီး စသည့်သတ္တဝါများကို အစာကျွေးပါ။

 

ထီကံကောင်းလိုသူများ ။ ။ ကြာသပတေးနာမည်ပါ ထီဆိုင်တွင် ၄/၅ ဂဏန်း များများပါအောင် ထိုးပါ။

 

( Zawgyi )

 

ဒီရက္ပိုင္း အဖက္ဖက္က အခြင့္အလမ္းေကာင္းေတြ ေပၚထြက္လာတတ္ပါတယ္။ကံတရားက ကိုယ့္ဘက္မွာ ရွိေနတဲ့အတြက္ ဒီအခ်ိန္မွာ ကိုယ္ရည္႐ြယ္ထားတဲ့လုပ္ငန္းေတြ ကိစၥေတြကို စတင္တိုးခ်ဲ႕ ေဆာင္႐ြက္လုပ္ကိုင္သင့္တဲ့အခ်ိန္ပါ။ယခုတစ္ပတ္ လူမႈေရး၊စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ၾကာသပေတး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ကိုယ့္ေအာင္ျမင္မႈေၾကာင့္ မနာလိုကာ အၿပိဳင္အဆိုင္မ်ားတတ္တဲ့ အခ်ိန္ကာလျဖစ္တဲ့အတြက္ သတိထားလုပ္ကိုင္ ေနထိုင္သင့္ပါတယ္။က်န္းမာေရးက စီးပြားေရးတက္ရင္တက္သေလာက္ ဂ႐ုစိုက္ရပါမယ္။အဓိကကေတာ့ ဆီးနဲ႔ပတ္သက္တဲ့ေရာဂါနဲ႔ မ်က္စိေရာဂါေတြ ျဖစ္တတ္ပါတယ္။ျပည္တြင္း ျပည္ပခရီး စိတ္အႀကံေပါက္သေလာက္ ေရာက္မယ့္အခ်ိန္အခါပါ။ပညာေရးကံေကာင္းေနၿပီး ႀကိဳးစားေလ ပိုခရီးေရာက္ေလျဖစ္မယ့္ အခ်ိန္အခါေပမယ့္ အေပါင္းအသင္းမက္တာေၾကာင့္ ေမွ်ာ္မွန္းထားသလို မျဖစ္ဘဲေနတတ္ပါတယ္။အိမ္ေထာင္သည္ေတြ၊ ခ်စ္သူေတြအတြက္ မတည့္အတူေနကာလပါ။

 

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ခုႏွစ္ရက္တိတိ ၾကသပေတးေန႔နံ ပန္း၊အၫႊန႔္၊ သစ္သီးတို႔ျဖင့္ ပူေဇာ္ဆက္ကပ္ပါ။

 

ျပည္ပထြက္ခြာလိုသူမ်ား ။ ။ ယခုတစ္ပတ္ ေန႔စဥ္ နံနက္ေစာေစာထကာ သံဃာမ်ားကို တန္းဆြမ္းေလာင္း လႉေပးပါ။

 

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ေနအိမ္အနီးရွိ ေစတီတြင္ ေမၿမိဳ႕ပန္းကိုးပြင့္တိတိျဖင့္ နံနက္ကိုးနာရီတိတိ ပူေဇာ္ေပးပါ။

 

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္တြင္းရွိ သင့္အိမ္ေထာင္ဘက္၏ ေန႔နံပစၥည္း အေဟာင္းမ်ားကို အိမ္ၿခံဝင္း အျပင္ဘက္ေရာက္ေအာင္ ရွာႀကံကာလႊင့္ပစ္ပါ။

 

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ သမၺဳေဒၶဂါထာက သင့္ကိုအကာကြယ္ေပးပါလိမ့္မယ္။သင္သတိရတိုင္း ႐ြတ္ဆိုေပးပါ။

 

က်န္းမာေရးမေကာင္းသူမ်ား ။ ။ လမ္းသြားရင္း ေခြး၊ က်ီး စသည့္သတၱဝါမ်ားကို အစာေကြၽးပါ။

 

ထီကံေကာင္းလိုသူမ်ား ။ ။ ၾကာသပေတးနာမည္ပါ ထီဆိုင္တြင္ ၄/၅ ဂဏန္း မ်ားမ်ားပါေအာင္ ထိုးပါ။