ဒီတစ်ပတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် ကြာသပတေး သားသမီးတွေကိုတိုင်ပင်တာ သင့်အတွက်အကောင်းဆုံးပါဘဲ။ယခုရက်ပိုင်း အလွဲလွဲအချော်ချော်နဲ့ ထင်ထားသလိုမဖြစ်တတ်တာတွေ ကြုံရတတ်ပါတယ်။စိတ်မတင်မကျကိစ္စတွေ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ ဖြစ်တတ်ပါတယ်။စာချုပ်စာတမ်းကိစ္စတွေ၊ စပ်တူရှယ်ယာအလုပ်တွေ ကောင်းပါတယ်။နိုင်ငံရပ်ခြားကနေအကူအညီ မမျှော်လင့်ဘဲရတတ်ပါတယ်။ဒီရက်ပိုင်း မနေတတ်မထိုင်တတ်ရင် သူများပြဿနာ၊ ကိုယ့်ပြဿနာ ဖြစ်တတ်ပါတယ်။သူတစ်ပါးကိစ္စ ဝင်အာမခံတတ်သူများ ဒီရက်ပိုင်းအမှုအခင်းမြင်ပါတယ်။ငွေကံကတော့ညံ့ပါတယ်။အလုပ်နဲ့ပတ်သက်ပြီး ခရီးထွက်စရာပေါ်ရင် မရှောင်ပါနဲ့၊ လိုက်သွားပါ။သင့်အတွက် အခွင့်အလမ်းပေါ်လာပါလိမ့်မယ်။ကောင်းတတ်ပါတယ်။ကျန်းမာရေးမှာသိပ်မကောင်းပါဘူး။ဝမ်းမကောင်းတာတွေ၊ အစာစားတာမမှန်လို့ အစာအိမ်ရောဂါဖြစ်တတ်ပါတယ်။ပညာရေးကံကတော့ အကောင်းဆုံးဖြစ်နေပါတယ်။အိမ်ထောင်ရှင်တွေ မပြေလည်မှုတွေ နိဂုံးချုပ်သွားပေမယ့် ချစ်သူတွေအတွက်ကတော့ ကျဉ်းထဲကျပ်ထဲရောက်မယ့် အချိန်ကာလပါ။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ယခုတစ်ပတ် ကြာသပတေးနံ ပန်းပေါင်းစုံဖြင့်ပူဇော်ပြီး ဒိဝါတပတိဂါထာ ပုတီးစိပ်ပါ။
ပြည်ပထွက်ခွာလိုသူများ ။ ။ ကိုယ်နှင့်နီးရာ စေတီတစ်ဆူသို့သွား၍ အဓိဋ္ဌာန်ပြုကာ တဟိ့ ံ တဟိ့ ံ ဂါထာကို သက်စေ့ရွတ်ဆိုပူဇော်ပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ဘုရားသွား၍ ကိုယ့်နေ့နံထောင့်ရှိ ဘုရားအား ကြာသပတေးနံပန်း ကပ်လှူကာ ရေသပ္ပယ်ပေးပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ထဲက ပုလင်းခွံ၊ ဗူးခွံအကွဲတွေ မှန်အကွဲတွေ မထားပါနှင့်။
လူမှုရေးအတိုက်အခံများသူများ ။ ။ နံနက်စောစောထကာ လမ်းကို နိုင်သလောက်ရေဖြန်းကာ တံမြက်စည်းလှည်း၍ မေတ္တာသုတ်ရွတ်ဆိုပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ လမ်းထဲ ကျန်းမာရေးချို့တဲ့သည့် သက်ကြီးရွယ်အိုများကို ဆေးဝါးဓာတ်စာ ကုသိုလ်ပြုပေးပါ။
ထီကံကောင်းလိုသူများ ။ ။ အိမ်ရှေ့လာသည့် ထီဆိုင်မှ ၅ အစ ၆ အဆုံး ထီလက်မှတ်ကိုထိုးပါ။
( Zawgyi )