【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုကာလအတွင်း ထွက်နေတဲ့ ငွေတွေ၊ ပစ္စည်းတွေ ပြန်ဝင်တတ်သလို ဆုံးရှုံးမလိုဖြစ်နေတဲ့ အခွင့်အရေးတွေ ပြန်ရတတ်ပါတယ်။ကွဲကွာနေတဲ့ သူငယ်ချင်းမိတ်ဆွေ၊ ရင်းနှီးချစ်ကျွမ်းသူတွေနဲ့ ပြန်ဆုံရတတ်သလို ရက်ပိုင်းအတွင်း ဆွေမျိုးသူငယ်ချင်းတစ်ဦးဦးရဲ့ သတင်းကောင်းကိုကြားရတတ်ပါတယ်။ဒီကာလမှာ အတွေးသစ်အကြံသစ်တွေရှိနေတတ်သလို ရည်မှန်းချက်အသစ်တွေ ထားရှိတတ်ပါတယ်။ဒါကောင်းတဲ့ကိစ္စပါ။တစ်ခုရှိတာက အဆိုပါအတွေးသစ်တွေကို လက်တွေ့အကောင်အထည်ဖော်မှ သင့်ဘ၀အချိုးအကွေ့ကိုကြုံရမှာဖြစ်သလို သင့်အတွက်လည်း အကျိုးကျေးဇူးကို ခံစားရမှာဖြစ်ပါတယ်။ခေါင်းကိုအေးအေးထားပြီး အလုပ်ကိုဂရုတစိုက်လုပ်ရမယ့် အချိန်ကာလပါ။ငွေကြေးကံရှိနေသလို ကူညီဆောင်မမယ့်သူတွေလည်း ရှိနေပါတယ်။စာချုပ်စာတမ်းကိစ္စတွေ၊ စပ်တူရှယ်ယာအလုပ်တွေ ကောင်းပါတယ်။နိုင်ငံရပ်ခြားကနေ အကူအညီမမျှော်လင့်ဘဲရတတ်ပါတယ်။ဒီတစ်ပတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် သောကြာ သားသမီးတွေကို တိုင်ပင်တာ သင့်အတွက် အကောင်းဆုံးပါဘဲ။ခရီးထွက်စရာရှိရင် နှောင့်နှေးကြန့်ကြာတတ်ပါတယ်။ကျန်းမာရေးမှာ သိပ်မကောင်းပါဘူး။ဝမ်းမကောင်းတာတွေ၊ အစာစားတာမမှန်လို့ အစာအိမ်ရောဂါဖြစ်တတ်ပါတယ်။ပညာရေးကံကတော့ အကောင်းဆုံးဖြစ်နေပါတယ်။အိမ်ထောင်ရှင်တွေ မပြေလည်မှုတွေ နိဂုံးချုပ်သွားပေမယ့် ချစ်သူတွေအတွက်ကတော့ ကျဉ်းထဲကျပ်ထဲရောက်မယ့် အချိန်ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား ဇီးယိုဖြင့် ဆွမ်းကပ်လှူဒါန်းပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ တဟိ့ ံ တဟိ့ ံ ဘုရားရှိခိုးဂါထာကို အဓိဋ္ဌာန်ဖြင့် သက်စေ့ရွတ်ပါလေ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အရပ်မှ အင်္ဂါနံအရပ်ရှိ ဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ လမ်းသွားရင်း ခို၊ ကျီး၊ ခွေး စသည်တို့ကို အစာကျွေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှ စတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည့်အောင် မေတ္တာသုတ်ဆိုကာ ရေသပ္ပါယ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ငါးလိပ် စသည့် ရေသတ္တဝါများကို မွေးနေ့တွင် အစာကျွေးပါ။  

ထီကံကောင်းလိုသူများ ။     ။ လမ်းသွားရင်းတွေ့သည့် ထီဆိုင်တွင် ၃/၆ ဂဏန်းများများပါသည့် ထီနံပါတ်ကိုရှာထိုးပါ။

( Zawgyi )

ယခုကာလအတြင္း ထြက္ေနတဲ့ ေငြေတြ၊ ပစၥည္းေတြ ျပန္ဝင္တတ္သလို ဆုံးရႈံးမလိုျဖစ္ေနတဲ့ အခြင့္အေရးေတြ ျပန္ရတတ္ပါတယ္။ကြဲကြာေနတဲ့ သူငယ္ခ်င္းမိတ္ေဆြ၊ ရင္းႏွီးခ်စ္ကြၽမ္းသူေတြနဲ႔ ျပန္ဆုံရတတ္သလို ရက္ပိုင္းအတြင္း ေဆြမ်ိဳးသူငယ္ခ်င္းတစ္ဦးဦးရဲ႕ သတင္းေကာင္းကိုၾကားရတတ္ပါတယ္။ဒီကာလမွာ အေတြးသစ္အႀကံသစ္ေတြရွိေနတတ္သလို ရည္မွန္းခ်က္အသစ္ေတြ ထားရွိတတ္ပါတယ္။ဒါေကာင္းတဲ့ကိစၥပါ။တစ္ခုရွိတာက အဆိုပါအေတြးသစ္ေတြကို လက္ေတြ႕အေကာင္အထည္ေဖာ္မွ သင့္ဘ၀အခ်ိဳးအေကြ႕ကိုႀကဳံရမွာျဖစ္သလို သင့္အတြက္လည္း အက်ိဳးေက်းဇူးကို ခံစားရမွာျဖစ္ပါတယ္။ေခါင္းကိုေအးေအးထားၿပီး အလုပ္ကိုဂ႐ုတစိုက္လုပ္ရမယ့္ အခ်ိန္ကာလပါ။ေငြေၾကးကံရွိေနသလို ကူညီေဆာင္မမယ့္သူေတြလည္း ရွိေနပါတယ္။စာခ်ဳပ္စာတမ္းကိစၥေတြ၊ စပ္တူရွယ္ယာအလုပ္ေတြ ေကာင္းပါတယ္။ႏိုင္ငံရပ္ျခားကေန အကူအညီမေမွ်ာ္လင့္ဘဲရတတ္ပါတယ္။ဒီတစ္ပတ္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ ေသာၾကာ သားသမီးေတြကို တိုင္ပင္တာ သင့္အတြက္ အေကာင္းဆုံးပါဘဲ။ခရီးထြက္စရာရွိရင္ ေႏွာင့္ေႏွးၾကန႔္ၾကာတတ္ပါတယ္။က်န္းမာေရးမွာ သိပ္မေကာင္းပါဘူး။ဝမ္းမေကာင္းတာေတြ၊ အစာစားတာမမွန္လို႔ အစာအိမ္ေရာဂါျဖစ္တတ္ပါတယ္။ပညာေရးကံကေတာ့ အေကာင္းဆုံးျဖစ္ေနပါတယ္။အိမ္ေထာင္ရွင္ေတြ မေျပလည္မႈေတြ နိဂုံးခ်ဳပ္သြားေပမယ့္ ခ်စ္သူေတြအတြက္ကေတာ့ က်ဥ္းထဲက်ပ္ထဲေရာက္မယ့္ အခ်ိန္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား ဇီးယိုျဖင့္ ဆြမ္းကပ္လႉဒါန္းေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ တဟိ့ ံ တဟိ့ ံ ဘုရားရွိခိုးဂါထာကို အဓိ႒ာန္ျဖင့္ သက္ေစ့႐ြတ္ပါေလ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္အရပ္မွ အဂၤါနံအရပ္ရွိ ဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ လမ္းသြားရင္း ခို၊ က်ီး၊ ေခြး စသည္တို႔ကို အစာေကြၽးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွ စတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည့္ေအာင္ ေမတၱာသုတ္ဆိုကာ ေရသပၸါယ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ငါးလိပ္ စသည့္ ေရသတၱဝါမ်ားကို ေမြးေန႔တြင္ အစာေကြၽးပါ။  

ထီကံေကာင္းလိုသူမ်ား ။     ။ လမ္းသြားရင္းေတြ႕သည့္ ထီဆိုင္တြင္ ၃/၆ ဂဏန္းမ်ားမ်ားပါသည့္ ထီနံပါတ္ကိုရွာထိုးပါ။