နေလောင်ခြင်း

နေလောင်ခြင်း
 
ယခုရက်ပိုင်း အလွန်ပူပြင်းသော နွေရာသီကာလအတွင်းရောက်ရှိလာပြီဖြစ်တယ်။နွေရာသီ၏ ပြင်းထန်လှသော အပူရှိန်ကြောင့် လူကြီးများရော
လူငယ်များပါ နေလောင်ခြင်းကိုသတိထားကာကွယ်သင့်ပါတယ်။
 
 နေကထွက်လာတဲ့ အလင်းတန်းတွေထဲမှာ သာမန် မျက်စိနဲ့ မြင်နိုင်တဲ့ အလင်းရောင် (visible light)၊ အနီအောက်ရောင်ခြည် (infrared radiation)နဲ့
ခရမ်းလွန်ရောင်ခြည် (ultraviolet radiation)ဆိုပြီး သုံးမျိုးပါဝင်တယ်။ အနီအောက်ရောင်ခြည် ၅၀ရာခိုင်နှုန်း၊ မျက်စိနဲ့မြင်နိုင်တဲ့ အလင်းရောင် ၄၀ရာခိုင်နှုန်း၊
ခရမ်းလွန်ရောင်ခြည် ၁၀ရာခိုင်နှုန်းပါဝင်ပါတယ်။ သိပ္ပံနည်းကျတွေးကြည့်ရင် နေရောင်ခြည်မှာ ပါဝင်တဲ့အချိုးအစားအရ အလင်းရောင်ပိုမိုစူးရှလေ၊သို့တည်းမဟုတ်
နေရောင်ပိုမိုပူပြင်းလေ ခရမ်းလွန်ရောင်ခြည်ပါဝင်မှု မြင့်မားနေမယ်လို့ သိရှိနိုင်တယ်။
 
ခရမ်းလွန်ရောင်ခြည် သုံးမျိုးအနက် UVC ကို ကမ္ဘာ့အိုဇုန်းလွှာက ကာကွယ်ပေးထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် UVA နဲ့ UVB အမျိုးအစားနှစ်ခုသာ
ခန္ဓာကိုယ်ပေါ် ကျရောက်နိုင်တော့တယ်။ UVAတွေ အရေပြားအတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတယ်။
UVB တွေက နေလောင်ခြင်းနဲ့ အရေပြား ကင်ဆာကို ဖြစ်ပေါ်ပါတယ်။  နေလောင်ကာလိမ်းဆေးအများစုဟာ UVA နဲ့ UVB အမျိုးအစားနှစ်မျိုးလုံးကို ကာကွယ်ပေးတယ်။ 
 
နေလောင်ကာလိမ်းဆေး တွေကို SPF  ညွှန်းကိန်းတွေနဲ့ တွက်ချက်ပါတယ်။ SPF(sun protection factor) ဆိုတာ အသားအရေပျက်ဆီးစေမယ့် UVB အမျိုးအစားကို
ကာကွယ်ပေးတဲ့ အချိန် ပမာဏကို ဖော်ပြတာဖြစ်တယ်။ SPF 15 ဆိုတာ နေလောင်ခြင်းကို (၁၅)ဆ ကာကွယ်ပေးမယ့်သဘော ဖြစ်ပါတယ်။ သာမန် လူတစ်ယောက်ဟာ
နေပူထဲမှာ မိနစ် (၂၀)လောက်နေတာနဲ့ အသားအရေပူစပ်ပူလောင် ဖြစ်လာတယ်ဆိုပါစို့။ SPF 15 ကို သုံးခြင်းအားဖြင့် နေလောင်ခြင်းကို မိနစ်(၃၀၀) ကြာထိ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ 
 
SPF လိမ်းဆေးတွေကြောင့် ခန္ဓာကိုယ်တွင်း ခရမ်းလွန်ရောင်ခြည် ထိုးဖောက်ဝင်ရောက်မှု သိသိသာသာ လျှော့နည်းစေတယ်။ SPF 15 က ခရမ်းလွန်ရောင်ခြည်
၉၃ ရာခိုင်နှုန်းကို ကာကွယ်ပေးပြီး SPF 30 က ခရမ်းလွန်ရောင်ခြည်ရဲ့ ၉၇ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်တယ်။ SPF 50 ကတော့ UVB ရဲ့ ၉၈ ရာခိုင်နှုန်းထိ
ကာကွယ်ပေးနိုင်ပါတယ်။ အခြေခံကြည့်ရင် SPF များလေ နေလောင်ခြင်းကို ပိုမို ကြာကြာခံနိုင်လေဖြစ်ပါတယ်။
 
UVA အမျိုးအစားကို ကာကွယ်ပေးတာကို PA (protection grade of UVA) လို့ခေါ်တယ်။ကိုရီးယားနဲ့ ဂျပန်လူမျိုးတွေ အသုံးများတဲ့ ညွှန်းကိန်းတွေဖြစ်ပြီး
US FDA က သုံးလေ့မရှိပါ။ UVAကာကွယ်နိုင်စွမ်းကို PA+ အပေါင်းလက္ခဏာအရေအတွက်နဲ့ တိုင်းတာပါတယ်။ လိမ်းဆေးမှာ PA+ ရေးထားရင် အသင့်အတင့်။
PA++ ဆိုရင် အလယ်အလတ်၊ PA+++ ဆိုရင် UVA ကာကွယ်နိုင်စွမ်း အကောင်းဆုံးလို့ ဆိုလိုတာဖြစ်ပါတယ်။ SPF 15 PA++ ဆိုတာ နေလောင်ခြင်း(UVB)ကို
၁၅ ဆ ကာကွယ်ပေးပြီး UVA ကာကွယ်နိုင်စွမ်း အလယ်အလတ်အဆင့်ရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အကယ်၍ လိမ်းဆေးမှာ broad spectrum လို့ ပါရင်
UVA နဲ့ UVB နှစ်မျိုးလုံးကို ကာကွယ်တယ်လို့ သိနိုင်တယ်။
 
နေလောင်ကာလိမ်းဆေးတွေထဲမှာ physical sunscreenနဲ့ chemical sunscreen ဆိုပြီး နှစ်မျိုး ရှိပါတယ်။ titanium dioxide နဲ့ zinc oxide က physical sunscreen
အမျိုးအစားဖြစ်ပြီး အရေပြားပေါ် အလွှာပါးတစ်ခုအနေနဲ့ ကာကွယ်ပေးမှာ ဖြစ်တယ်။ chemical sunscreen တွေကတော့ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူလိုက်တာဖြစ်တယ်။
မကောင်းတာက ရေရှည်မှာ အရေပြားပူလောင်လာတာဖြစ်ပါတယ်။ PABA , salicylates, cinnamates (octylmethoxycinnamate , cinoxate) benzophenones
(oxybenzone, sulisobenzone, avobenzone) တွေကို chemical sunscreen ခေါ်ပါတယ်။
 
ဒီနေ့ဈေးကွက်မှာရှိတဲ့ နေလောင်ကာအများစုဟာ chemical နဲ့ physical sunscreen တွေကို အချိုးကျကျ ရောစပ်ထားတာ ဖြစ်ပါတယ်။ 
 
ဘယ်အရွယ်တွေမှာ sun screen စတင် သုံးစွဲရမလဲ
 အသက် (၆)လကျော်တာနဲ့ လူတိုင်းသုံးစွဲသင့်ပါတယ်။ အသက်(၆)လအောက် ကလေးတွေမှာ  အရေပြားနူးညံ့တဲ့အတွက် နေလောင်ကာလိမ်းဆေးတွေ မသုံးသင့်ပါ။
 နေရောင်နဲ့ မထိခင် နာရီဝက် ကြိုလိမ်းရတယ်။ ၂ နာရီ တစ်ခါ ထပ်လိမ်းပေးဖို့ လိုပါတယ်။ ရေချိုးပြီးတဲ့အခါ တခါထပ်လိမ်းဖို့ လိုပါတယ်။
ို 
နိဂုံးချုပ်အနေနဲ့သတိပေးချင်တာကတော့ 
နေလောင်ကာလိမ်းဆေးတွေလိမ်းပြီး အဆောင်းအကာမပါဘဲ နေပူထဲ ထွက်တာမျိုးထည်း မလုပ်သင့်ပါဘူး၊ ဘာ့ကြောင့်လဲဆိုတော့ နေလောင်ကာလိမ်းဆေးတွေကို
နေရောင်ကို အပြည့်အဝကာကွယ်မပေးနိုင်လို့ ဖြစ်ပါတယ်။တကယ်တမ်းနေလောင်ခြင်းကို ကာကွယ်ချင်တယ်ဆိုရင် နေလောင်ကာလိမ်းဆေးတွေသာမက
အဆောင်းအကာတမျိုးမျိုး သုံးဖို့ လိုအပ်ပါတယ်။
 
ကျန်းမာလှပကြပါစေ။
 
ဇီဝက ဆေး(၁)

ေနေလာင္ျခင္း
 
ယခုရက္ပိုင္း အလြန္ပူျပင္းေသာ ေႏြရာသီကာလအတြင္းေရာက္ရွိလာၿပီျဖစ္တယ္။ေႏြရာသီ၏ ျပင္းထန္လွေသာ အပူရွိန္ေၾကာင့္ လူႀကီးမ်ားေရာ
လူငယ္မ်ားပါ ေနေလာင္ျခင္းကိုသတိထားကာကြယ္သင့္ပါတယ္။
 
 ေနကထြက္လာတဲ့ အလင္းတန္းေတြထဲမွာ သာမန္ မ်က္စိနဲ႔ ျမင္ႏိုင္တဲ့ အလင္းေရာင္ (visible light)၊ အနီေအာက္ေရာင္ျခည္ (infrared radiation)နဲ႔
ခရမ္းလြန္ေရာင္ျခည္ (ultraviolet radiation)ဆိုၿပီး သုံးမ်ိဳးပါဝင္တယ္။ အနီေအာက္ေရာင္ျခည္ ၅၀ရာခိုင္ႏႈန္း၊ မ်က္စိနဲ႔ျမင္ႏိုင္တဲ့ အလင္းေရာင္ ၄၀ရာခိုင္ႏႈန္း၊
ခရမ္းလြန္ေရာင္ျခည္ ၁၀ရာခိုင္ႏႈန္းပါဝင္ပါတယ္။ သိပၸံနည္းက်ေတြးၾကည့္ရင္ ေနေရာင္ျခည္မွာ ပါဝင္တဲ့အခ်ိဳးအစားအရ အလင္းေရာင္ပိုမိုစူးရွေလ၊သို႔တည္းမဟုတ္ ေ
နေရာင္ပိုမိုပူျပင္းေလ ခရမ္းလြန္ေရာင္ျခည္ပါဝင္မႈ ျမင့္မားေနမယ္လို႔ သိရွိႏိုင္တယ္။
 
ခရမ္းလြန္ေရာင္ျခည္ သုံးမ်ိဳးအနက္ UVC ကို ကမာၻ႔အိုဇုန္းလႊာက ကာကြယ္ေပးထားၿပီး ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ UVA နဲ႔ UVB အမ်ိဳးအစားႏွစ္ခုသာ ခႏၶာကိုယ္ေပၚ
က်ေရာက္ႏိုင္ေတာ့တယ္။ UVAေတြ အေရျပားအတြင္းပိုင္းထိ ထိုးေဖာက္ဝင္ေရာက္ၿပီး အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းကို ျဖစ္ေစတယ္။ UVB ေတြက ေနေလာင္ျခင္းနဲ
႔ အေရျပား ကင္ဆာကို ျဖစ္ေပၚပါတယ္။  ေနေလာင္ကာလိမ္းေဆးအမ်ားစုဟာ UVA နဲ႔ UVB အမ်ိဳးအစားႏွစ္မ်ိဳးလုံးကို ကာကြယ္ေပးတယ္။ 
 
ေနေလာင္ကာလိမ္းေဆး ေတြကို SPF  ၫႊန္းကိန္းေတြနဲ႔ တြက္ခ်က္ပါတယ္။ SPF(sun protection factor) ဆိုတာ အသားအေရပ်က္ဆီးေစမယ့္ UVB အမ်ိဳးအစားကို
ကာကြယ္ေပးတဲ့ အခ်ိန္ ပမာဏကို ေဖာ္ျပတာျဖစ္တယ္။ SPF 15 ဆိုတာ ေနေလာင္ျခင္းကို (၁၅)ဆ ကာကြယ္ေပးမယ့္သေဘာ ျဖစ္ပါတယ္။ သာမန္ လူတစ္ေယာက္ဟာ
ေနပူထဲမွာ မိနစ္ (၂၀)ေလာက္ေနတာနဲ႔ အသားအေရပူစပ္ပူေလာင္ ျဖစ္လာတယ္ဆိုပါစို႔။ SPF 15 ကို သုံးျခင္းအားျဖင့္ ေနေလာင္ျခင္းကို မိနစ္(၃၀၀) ၾကာထိ ကာကြယ္ေပးမွာ ျဖစ္ပါတယ္။ 
 
SPF လိမ္းေဆးေတြေၾကာင့္ ခႏၶာကိုယ္တြင္း ခရမ္းလြန္ေရာင္ျခည္ ထိုးေဖာက္ဝင္ေရာက္မႈ သိသိသာသာ ေလွ်ာ့နည္းေစတယ္။ SPF 15 က ခရမ္းလြန္ေရာင္ျခည္
၉၃ ရာခိုင္ႏႈန္းကို ကာကြယ္ေပးၿပီး SPF 30 က ခရမ္းလြန္ေရာင္ျခည္ရဲ႕ ၉၇ ရာခိုင္ႏႈန္းထိ ကာကြယ္ေပးႏိုင္တယ္။ SPF 50 ကေတာ့ UVB ရဲ႕ ၉၈ ရာခိုင္ႏႈန္းထိ ကာကြယ္ေပးႏိုင္ပါတယ္။
အေျခခံၾကည့္ရင္ SPF မ်ားေလ ေနေလာင္ျခင္းကို ပိုမို ၾကာၾကာခံႏိုင္ေလျဖစ္ပါတယ္။
 
UVA အမ်ိဳးအစားကို ကာကြယ္ေပးတာကို PA (protection grade of UVA) လို႔ေခၚတယ္။ကိုရီးယားနဲ႔ ဂ်ပန္လူမ်ိဳးေတြ အသုံးမ်ားတဲ့ ၫႊန္းကိန္းေတြျဖစ္ၿပီး US FDA က သုံးေလ့မရွိပါ။
UVAကာကြယ္ႏိုင္စြမ္းကို PA+ အေပါင္းလကၡဏာအေရအတြက္နဲ႔ တိုင္းတာပါတယ္။ လိမ္းေဆးမွာ PA+ ေရးထားရင္ အသင့္အတင့္။ PA++ ဆိုရင္ အလယ္အလတ္၊
PA+++ ဆိုရင္ UVA ကာကြယ္ႏိုင္စြမ္း အေကာင္းဆုံးလို႔ ဆိုလိုတာျဖစ္ပါတယ္။ SPF 15 PA++ ဆိုတာ ေနေလာင္ျခင္း(UVB)ကို ၁၅ ဆ ကာကြယ္ေပးၿပီး UVA
ကာကြယ္ႏိုင္စြမ္း အလယ္အလတ္အဆင့္ရွိတယ္လို႔ ဆိုလိုတာျဖစ္ပါတယ္။ အကယ္၍ လိမ္းေဆးမွာ broad spectrum လို႔ ပါရင္ UVA နဲ႔ UVB ႏွစ္မ်ိဳးလုံးကို ကာကြယ္တယ္လို႔ သိႏိုင္တယ္။
 
ေနေလာင္ကာလိမ္းေဆးေတြထဲမွာ physical sunscreenနဲ႔ chemical sunscreen ဆိုၿပီး ႏွစ္မ်ိဳး ရွိပါတယ္။ titanium dioxide နဲ႔ zinc oxide က physical sunscreen
အမ်ိဳးအစားျဖစ္ၿပီး အေရျပားေပၚ အလႊာပါးတစ္ခုအေနနဲ႔ ကာကြယ္ေပးမွာ ျဖစ္တယ္။ chemical sunscreen ေတြကေတာ့ ခရမ္းလြန္ေရာင္ျခည္ကို စုပ္ယူလိုက္တာျဖစ္တယ္။
မေကာင္းတာက ေရရွည္မွာ အေရျပားပူေလာင္လာတာျဖစ္ပါတယ္။ PABA , salicylates, cinnamates (octylmethoxycinnamate , cinoxate) benzophenones
(oxybenzone, sulisobenzone, avobenzone) ေတြကို chemical sunscreen ေခၚပါတယ္။
 
ဒီေန႔ေဈးကြက္မွာရွိတဲ့ ေနေလာင္ကာအမ်ားစုဟာ chemical နဲ႔ physical sunscreen ေတြကို အခ်ိဳးက်က် ေရာစပ္ထားတာ ျဖစ္ပါတယ္။ 
 
ဘယ္အ႐ြယ္ေတြမွာ sun screen စတင္ သုံးစြဲရမလဲ
 အသက္ (၆)လေက်ာ္တာနဲ႔ လူတိုင္းသုံးစြဲသင့္ပါတယ္။ အသက္(၆)လေအာက္ ကေလးေတြမွာ  အေရျပားႏူးညံ့တဲ့အတြက္ ေနေလာင္ကာလိမ္းေဆးေတြ မသုံးသင့္ပါ။
 ေနေရာင္နဲ႔ မထိခင္ နာရီဝက္ ႀကိဳလိမ္းရတယ္။ ၂ နာရီ တစ္ခါ ထပ္လိမ္းေပးဖို႔ လိုပါတယ္။ ေရခ်ိဳးၿပီးတဲ့အခါ တခါထပ္လိမ္းဖို႔ လိုပါတယ္။
ို 
နိဂုံးခ်ဳပ္အေနနဲ႔သတိေပးခ်င္တာကေတာ့ 
ေနေလာင္ကာလိမ္းေဆးေတြလိမ္းၿပီး အေဆာင္းအကာမပါဘဲ ေနပူထဲ ထြက္တာမ်ိဳးထည္း မလုပ္သင့္ပါဘူး၊ ဘာ့ေၾကာင့္လဲဆိုေတာ့ ေနေလာင္ကာလိမ္းေဆးေတြကို ေ
နေရာင္ကို အျပည့္အဝကာကြယ္မေပးႏိုင္လို႔ ျဖစ္ပါတယ္။တကယ္တမ္းေနေလာင္ျခင္းကို ကာကြယ္ခ်င္တယ္ဆိုရင္ ေနေလာင္ကာလိမ္းေဆးေတြသာမက
အေဆာင္းအကာတမ်ိဳးမ်ိဳး သုံးဖို႔ လိုအပ္ပါတယ္။
 
က်န္းမာလွပၾကပါေစ။
 
ဇီ၀က ေဆး(၁)