【နိုင်ငံတကာဆောင်းပါး】နှစ်၁၁၀ အတွင်း တိုးတက်ခဲ့သော တရုတ်၏လေယာဉ်ထုတ်လုပ်မှုသမိုင်း

【နိုင်ငံတကာဆောင်းပါး】နှစ်၁၁၀ အတွင်း တိုးတက်ခဲ့သော တရုတ်၏လေယာဉ်ထုတ်လုပ်မှုသမိုင်း

သင်အံ့ဩကောင်း အံ့ဩနိုင်ပါတယ်။ ဒါပေမယ့် တရုတ်ဟာ ပြည်တွင်းထုတ် လေယာဉ်ပျံသန်းရန် ရိုက်ညီအစ်ကိုတို့ ကမ္ဘာ့ပထမဆုံးလေယာဉ်ပျံကို ၁၉၀၃ တွင် တီထွင်ခဲ့ပြီး ၆ နှစ်အကြာမှာပဲ တရုတ်ကလည်း ပြည်တွင်းမှာ လေယာဉ် ထုတ်လုပ်ပျံသန်းနိုင်ခဲ့ပါတယ်။

၁၉၀၉ စက်တင်ဘာလ ၂၁ ရက်နေ့တွင်  လေယာဉ်ကို ပထမဦးဆုံး လေ့လာသူဖြစ်တဲ့ တရုတ်နိုင်ငံသား ဖဲန်ရုဟာ ကယ်လီဖိုးနီးယားတွင်ရှိသော သူ့ရဲ့ ကုမ္ပဏီဖြစ်တဲ့ Feng Ru 1 ဟာ လေယာဉ်ကို တည်ဆောက်ခဲ့ပြီး ပထမဆုံး ပျံသန်းနိုင်ခဲ့ပါတယ်။

ဖဲန်ကတော့ သူ့ရဲ့ လေယာဉ်ကို သူ့ရဲ့ မိခင်နိုင်ငံတွင် လာရောက်မိတ်ဆက်ခဲ့ပါတယ်။ ထိုအချိန်ကစပြီး တရုတ်နိုင်ငံတွင် လေကြောင်းလုပ်ငန်း စတင်ထွန်းကားလာခဲ့ပါတယ်။ ခုတော့ ဖဲန်ကို တရုတ်နိုင်ငံ၏ လေကြောင်းလုပ်ငန်းဖခင်ဟု တင် စားကြပါတယ်။

၁၁၀ နှစ်အကြာမှာတော့ တရုတ်ရဲ့ လေကြောင်းလုပ်ငန်းများဟာ အတက်အကျများစွာနဲ့ ရင်ဆိုင်လာရပါတယ်။ တရုတ်ဟာ အမေရိကန်နိုင်ငံကို မကြာခင်မှာ လေကြောင်းလုပ်ငန်းတွင် ကျော်တက်လာရန်ရှိပြီး ၂၀၂၅ ခန့်တွင် ကမ္ဘာ့အကြီးဆုံး လေကြောင်းလုပ်ငန်းဖြစ်လာရန် ရှိပါတယ်၊ တရုတ်နိုင်ငံ၏ လေကြောင်းလုပ်ငန်းများကလည်း တိုးတက်မှုအားကောင်းလာခဲ့ပါတယ်။

၂၀၂၃ တွင် စတင်ပျံသန်းသည့် CR929 လေယာဉ်

C929 လေယာဉ်ကို Commercial Aircraft Corporation of China နှင့် ရုရှားနိုင်ငံက United Aircraft Corporation တို့ရဲ့ ဦးဆောင်မှုအောက်တွင် ထုတ်လုပ်နေပြီး ၂၀၂၃ ခုနှစ်တွင် စတင်ပျံသန်းရန် ခန့်မှန်းထားပါတယ်။

ဒီလေယာဉ်ကတော့ ထိုင်ခုံ ၂၅၀ ကနေ ၃၂၀ အထိ ရှိမှာဖြစ်ပြီး Airbus နှင့် Boeing အစရှိတဲ့ လေကြောင်းလိုင်းတို့ရဲ့ ပြိုင်ဘက်ဖြစ်လာမှာဖြစ်ပါတယ်။ ဒီလေယာဉ်ကို ၂၀၂၁ ခုနှစ်တွင် စတင်တည်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၂၃ တွင် စမ်းသပ်ပျံသန်းကာ ၂၀၂၅ ခုနှစ်မှာတော့ မှာယူထားသော လေယာဉ်များကို စတင်ပို့ဆောင်တော့မှာဖြစ်ပါတယ်။

၂၀၂၁ တွင် စတင်အသုံးပြုခဲ့သည့် C919 လေယာဉ်

C919 လေယာဉ်ဟာ တရုတ်ပြည်တွင်းထုတ် ပထမဆုံးလေယာဉ်ဖြစ်ပါတယ်။ နိုင်ငံပိုင်လေကြောင်း အာဏာပိုင်ထံကနေ အသိအမှတ်ပြု လက်မှတ်ရရှိမှာဖြစ်ပြီး ၂၀၂၁ခုနှစ်တွင် စတင်အသုံးပြုနိုင်ရန် မျှော်လင့်ထားတယ်လို့ COMAC ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဒီလေယာဉ်ကတော့ ခရီးသည်ပေါင်း ၁၅၆ ကနေ ၁၆၈ ဦးအထိ သယ်ဆောင်နိုင်မှာဖြစ်ပြီး ကီလိုမီတာ ၅၅၅၅ အထိ ပျံသန်းနိုင်သော လေယာဉ်ဖြစ်ပါတယ်။ ဒီစီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၇ မတ်လ ၅ ရက်နေ့တွင် C919 လေယာဉ်များဟာ စမ်းသပ်ပျံသန်းမှု များစွာကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။

စတင်ပြေးဆွဲနေပြီဖြစ်သော ARJ 21 လေယာဉ်

ARJ21 ဟာ တရုတ်ပြည်တွင်းတွင် ထုတ်လုပ်ထားသော လေယာဉ်ဖြစ်ပြီး ယခုတော့ စီးပွားဖြစ် ပျံသန်းပြေးဆွဲနေပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံက Genghis Khan Airlines ကလည်း ARJ21 ၂၅ စင်းကို လာမယ့် ၅ နှစ် အတွင်း မှာယူပြေးဆွဲမည်ဖြစ်ပါတယ်။

ဒီလေယာဉ်ကို COMAC က ဦးဆောင်ထုတ်လုပ်နေပြီး ARJ21 ဟာ ထိုင်ခုံ ၇၈ ကနေ ၉၀ ဆန့်သော လေယာဉ်ဖြစ်ပြီး ကီလိုမီတာ ၃၇၀၀ အထိ ပျံသန်းနိုင်သော လေယာဉ်ဖြစ်ပါတယ်။

စျေးကွက်ထဲ ဝင်ရောက်နေသည့် MA700 လေယာဉ်

တရုတ်နိုင်ငံတွင် ထုတ်လုပ်သော MA700 လေယာဉ်ဟာ ၂၀၂၁ တွင် လေကြောင်းလိုင်းစျေးကွက်ထဲသို့ စတင်ဝင်ရောက်လာရန် မျှော်လင့်ထားတယ်လို့ Aviation Industry Corporation of China က ပြောပါတယ်။ MA700 လေယာဉ်များဟာ တတိယအကြိမ်မြောက် စမ်းသပ်ထုတ်လုပ်မှုနှင့် ပျံသန်းမှုအဆင့်တွင် ရှိနေပြီဖြစ်ပါ တယ်။

တစ်နာရီကို ကီလိုမီတာပေါင်း ၆၃၇ နှုန်းဖြင့် ပျံသန်းနိုင်ပြီး မီတာပေါင်း ၅၄၀၀ အမြင့်တွင် ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။လက်ရှိအချိန်အထိတော့ ဝယ်ယူသူပေါင်း ၁၁ ကုမ္ပဏီမှ လေယာဉ်အစင်းရေပေါင်း ၂၈၅ စင်းမှာနေပြီ ဖြစ်ပါတယ်။

Naing

Ref:CMG|110 years on, China picks up pace in civil aircraft development