【နိုင်ငံတကာဆောင်းပါး】လေထုညစ်ညမ်းမှုလျှော့ချပြီး အထွက်နှုန်းတိုးစေသည့် စမ်းသပ်မှု

【နိုင်ငံတကာဆောင်းပါး】လေထုညစ်ညမ်းမှုလျှော့ချပြီး အထွက်နှုန်းတိုးစေသည့် စမ်းသပ်မှု

တရုတ်နိုင်ငံရှိ သန်းနှင့်ချီသော လယ်သမားများနှင့် စိုက်ပျိုးရေးသုတေသီများပါဝင်သည့် ဆယ်စုနှစ်ကြာ စီမံကိန်းသည် ဓာတ်မြေသြဇာအသုံးပြုမှုကို လျှော့ချနိုင်ခဲ့ပြီး ဒေါ်လာဘီလီယံပေါင်းများစွာ သက်သာစေခဲ့ကာ သီးနှံအထွက်နှုန်းတိုးစေပြီး နိုက်ထရိုဂျင်ညစ်ညမ်းမှုကို လျှော့ချပေးနိုင်ခဲ့သည်။ 
၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း သုတေသနသမား ၁၁၅၂ဦးသည် ခရိုင် ၄၅၂ မှ အသေးစားလယ်ယာ လုပ်ငန်းရှင် ၂၀.၉သန်းကျော်ထံသို့ ဒေသအလိုက်ရရှိနိုင်သော အရင်းအမြစ်များကို အသုံးပြု၍ အကောင်းဆုံး စိုက်ပျိုးရေးအလေ့ အကျင့်များကို မိတ်ဆက်ပေးရန် ရောက်ရှိလာခဲ့သည်။
 
ပေကျင်းရှိ တရုတ်စိုက်ပျိုးရေးတက္ကသိုလ်မှ Cui Zhenling ဦးဆောင်သော သုတေသနပရောဂျက်သည် ပညာရှင် ၄၅ ဦးနှင့်အတူ နိုက်ထရိုဂျင်ဓာတ်သုံးစွဲမှုကို ၁၄.၇ မှ ၁၈.၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်။
သုတေသီများသည် နိုက်ထရိုဂျင်ဓာတ် တန်ချိန် ၁.၂ သန်းကို ပေါင်းစည်းထားသော မြေဆီလွှာ သီးနှံစီမံ ခန့်ခွဲမှုစနစ် (ISSM) ကို အသုံးချခဲ့သည်။
ယင်းစနစ်ကြောင့် ဓာတ်မြေသြဇာ သုံးစွဲမှု လျော့ကျသွားသော်လည်း “ပြောင်း၊ စပါးနှင့် ဂျုံ၏ ပျမ်းမျှ အထွက်နှုန်းမှာ ၁၀.၈ မှ ၁၁.၅ ရာခိုင်နှုန်း တိုးလာပြီး အသားတင် သီးနှံအထွက်နှုန်း တန်ချိန် ၃၃ သန်းတိုး လာခဲ့သည်။စပါးအထွက်တိုးမှုနှင့် နိုက်ထရိုဂျင်ဓာတ်မြေသြဇာသုံးစွဲမှု ကျဆင်းမှုသည် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၂ ဘီလီယံနှင့် ညီမျှပြီး”  သုတေသီများက  “သန်းနှင့်ချီသော တောင်သူလယ်သမားများနှင့်အတူ ရေရှည်တည်တံ့သော ကုန်ထုတ်စွမ်းအားကို လိုက်နာခြင်း” ခေါင်းစဉ်အောက်တွင် လေ့လာမှုကို ထိန်းသိမ်း ထားသည်။
 
သုတေသီများက နိုင်ငံတစ်ဝန်း ပြောင်း၊ စပါးနှင့် ဂျုံစိုက်ခင်းပေါင်း ၁၃,၁၂၃ တွင် ကွင်းဆင်းစမ်းသပ်မှု အတွင်း မတူညီသော သီးနှံမျိုးများ၊ စိုက်ပျိုးရာသီ၊ ဓာတ်မြေသြဇာနှင့် ရေအသုံးပြုမှုတို့ကြောင့် အထွက်နှုန်း မည်ကဲ့သို့ ကွာခြားသည်ကို စမ်းသပ်ခဲ့သည်။
နေရောင်ခြည်နှင့် သီးနှံအထွက်နှုန်းအပေါ် ၎င်း၏ အကျိုးသက်ရောက်မှုကိုလည်း လေ့လာခဲ့ကြသည်။
 
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အဆိုအရ အဓိက ဓာတ်မြေသြဇာသုံးမျိုး၏ တစ်ကမ္ဘာလုံးသုံးစွဲမှုမှာ ၂၀၁၅မှ ၂၀၂၀အထိ နှစ်စဉ်၁.၅ ရာခိုင်နူန်း၂.၄ မှရာခိုင်နူန်းအထိတိုးလာမည်ဟု ခန့်မှန်း ထားသည်။
နိုက်ထရိုဂျင်ဓာတ်ကို လွန်ကဲစွာအသုံးပြုခြင်းကြောင့် မြေဆီလွှာအက်ဆစ်ဓာတ် များပြားခြင်း၊ ရေထုညစ်ညမ်းမှု မြင့်တက်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို အထောက်အကူဖြစ်စေသော ဖန်လုံအိမ်ဓာတ်ငွေ့ (GHG) များ အလွန်အကျွံထုတ်လွှတ်မှု ဖြစ်ပေါ်စေသည်။
 
ရလဒ်အနေဖြင့် ပြီးခဲ့သော ဆယ်စုနှစ် အနည်းငယ်အတွင်း မြစ်များနှင့် မြေဆီလွှာများ အပါအဝင် ရေများသည် အဆိုးရွားဆုံး ညစ်ညမ်းမှုအဆင့်ကို ကြုံတွေ့ခဲ့ရသည်။
တရုတ်နိုင်ငံတွင် လယ်သမားတစ်ဦးသည် နိုက်ထရိုဂျင်အခြေခံမြေသြဇာ ၃၀၅ ကီလိုဂရမ်နီးပါးကို အသုံးပြုပြီး ကမ္ဘာ့ပျမ်းမျှ သုံးနူန်းသည် ၇၄ ကီလိုဂရမ်သာရှိကြောင်း သုတေသီများက ထောက်ပြသည်။
"ရေရှည်တည်တံ့သော စားနပ်ရိက္ခာ လုံခြုံသောအနာဂတ်အတွက် တရုတ်နိုင်ငံသည် အထွက်နှုန်း မြင့်မားပြီး မြင့်မားသော ထိရောက်မှုရရှိရန် သိသိသာသာ လျှော့ချထားသော သဘာဝပတ်ဝန်းကျင်အဆင့်ကို ရရှိ ရန် ‘ကြီးမားသော ဟန်ချက်ညီမှု’လိုအပ်သည်"ဟု  ဆိုပြီး ထိုလေ့လာမှုကို ဆက်ထိန်းထားသည်။
 
FAO ၏ လေ့လာသတိပေးချက်အရ ကမ္ဘာ့နိုက်ထရိုဂျင် ညစ်ညမ်းမှု၏ ထက်ဝက်နီးပါးကို ပံ့ပိုးပေးသည့် အာရှနိုင်ငံများ၏နိုက်ထရိုဂျင်ထိန်းချုပ်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကို  နီးကပ်လာပြီဖြစ်သည်။
 
“အာရှနိုင်ငံတွေထဲမှာ ကမ္ဘာ့နိုက်ထရိုဂျင်လိုအပ်ချက်တိုးလာမှု အများစုသည် တရုတ်နိုင်ငံက (၁၈ ရာခိုင် နှုန်း) နဲ့ အိန္ဒိယ (၁၇ ရာခိုင်နှုန်း)၊ နောက်မှာတော့ အင်ဒိုနီးရှား (၆ ရာခိုင်နှုန်း)” လို့ လေ့လာမှုက ဆိုသည်။
လယ်သမားများကို လေ့ကျင့်သင်ကြားရန် သုတေသီများ၏ ကြိုးပမ်းအားထုတ်မှုများသည် လယ်ယာ စိုက်ပျိုးမှုတွက် နိုက်ထရိုဂျင် လျှော့ချရေးတွင် အရေးပါသော မူဝါဒဆိုင်ရာ အထောက်အပံ့ကို ရရှိခဲ့သည်။
၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) ၏ ပထမအကြိမ် အစည်းအဝေးတွင် အမိုးနီးယား နိုက်ထရိုဂျင် ထုတ်လွှတ်မှုကို နှစ်ရာခိုင်နှုန်း လျှော့ချရန် တရုတ်ဝန်ကြီးချုပ် က ကြေညာခဲ့သည်။
“ဒီဓာတု အောက်ဆီဂျင် လိုအပ်ချက်နဲ့ အမိုးနီးယား နိုက်ထရိုဂျင် ထုတ်လွှတ်မှုကို နှစ်ရာခိုင်နှုန်း လျှော့ ချမယ်” ဟု လီက ပြောခဲ့သည်။
 
စိုးနိုင်ထွန်း 
 
Ref: CMG|China's decade-long farm experiment cuts pollution, boosts yield