【နိုင်ငံတကာဆောင်းပါး】အာကာသမှာ တရုတ်နိုင်ငံ၏ ပထမဆုံးလမ်းလျှောက်ပြီး ဆယ်နှစ်အကြာ

【နိုင်ငံတကာဆောင်းပါး】အာကာသမှာ တရုတ်နိုင်ငံ၏ ပထမဆုံးလမ်းလျှောက်ပြီး ဆယ်နှစ်အကြာ

လွန်ခဲ့တဲ့ ၁၀ နှစ်တွင် တရုတ်အာကာသမှူးဖြစ်တဲ့ ဒိုင်ဇီကန်းဟာ အာကာသယာဉ်ဖြစ်တဲ့ Shenzhou-7 ထဲကနေ ထွက်လာခဲ့ပြီး အာကာသမှာ ပထမဦးဆုံး လမ်းလျှောက်နိုင်ခဲ့သော တရုတ်အာကာသယာဉ်မှူးဖြစ်လာခဲ့ပါတယ်။

၂၀၀၈ စက်တင်ဘာလ ၂၇ ရက်နေ့နောက်ပိုင်း ၁၀ နှစ်အကြာတွင် China Astronaut Research and Training Center ဟာ ပြင်းပြင်းထန်ထန် လေ့ကျင့်မှုများ ပြုလုပ်ပေးနေပြီး ဆွဲငင်အား သုညသာရှိသော အာကာသ အတိုင်း လေ့ကျင့်ရေးနေရာတွင် သင်တန်းများပေးနေပါတယ်။ ဒါဟာ တရုတ်၏ အနာဂတ်မစ်ရှင်များအတွက် ပြင်ဆင်မှုများစွာ လုပ်နေကြောင်းကို သက်သေပြနေပြီး အနာဂတ်မစ်ရှင်များအတွက် ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်ပါတယ်။

လက်ရှိ တရုတ်အာကာသစခန်းတစ်ခုဖြစ်တဲ့ Tiangong-2 ဟာ ပတ်လမ်းတွင် ရှိနေတာ ၂ နှစ်ရှိပြီ ဖြစ်ပါတယ်။ သို့သော်လည်း ဒါဟာ ရေရှည်စခန်းအတွက် ပြုလုပ်ထားခြင်းမရှိပဲ နည်းပညာစမ်းသပ်မှုအတွက်သာ စေလွှတ်ခဲ့တာဖြစ်ပါတယ်၊ ဒါကို လာမယ့်နှစ်တွင် ပြန်လည်တာဝန်မှ ရပ်စဲရန် စီစဉ်ထားပါတယ်။

တရုတ်ဟာ ပိုမိုကြီးမားပြီး သက်တမ်းကြာရှည်အသုံးပြုနိုင်မည့် အာကာသစခန်း ဆောက်လုပ်ရန် စီမံနေပါတယ်။ ဒိုင်ရဲ့ အာကာသလမ်းလျှောက်မှုဟာ ၁၉ မိနစ်နှင့် ၄၀ စက္ကန့်ကြာခဲ့ပါတယ်။ သို့သော်လည်း တရုတ်ရဲ့ အနာဂတ်မစ်ရှင်များအတွက်တော့ အာကာသလမ်းလျှောက်မှုဟာ မကြာခဏဖြစ်လာမည်ဖြစ်ပြီး ပိုမိုရှုပ်ထွေးလာတော့မည်ဖြစ်ပါတယ်။ Astronaut Center ကတော့ ဒီကဏ္ဍအတွက်ပဲ သီးသန့် သင်တန်းပေးနေတာဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ အနာဂတ် အာကာသစခန်းနဲ့ပတ်သက်ပြီး လက်ရှိ စီမံချက်အရ အာကာသပေါ်တွင်လမ်းလျှောက်ခြင်းဟာ ၆ နာရီခန့်အထိ ကြာမြင့်လာနိုင်ပါတယ်။ ဒါကြောင့် အလုပ်တွေက ပိုများလာနိုင်ပြီးတော့ အာကာသယာဉ်မှူးများအတွက် ခက်ခဲသော မစ်ရှင်များ ဖြစ်လာနိုင်ပါတယ်” ဟု Astronaut Center for China တွင် ဒုတိယတာဝန်ရှိသူဖြစ်တဲ့  ယင်ရူက ပြောပါတယ်။

ဒါကြောင့် တရုတ်အာကာသမှူးများဟာ မစ်ရှင်အတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်မှုများ ပြုလုပ်နေပါတယ်။

“ရွေ့လျားမှုတိုင်းဟာ ချို့ယွင်းချက်မရှိ ကောင်းမွန်ဖို့လိုတယ်။ ရွေ့လျားမှုတိုင်းကို အကြိမ်ထောင်ပေါင်းများစွာ ကျွန်တော်တို့လေ့ကျင့်ကြတယ်။ ဒါမှသာ ရွေ့လျားမှုတိုင်းကို အောင်မြင်စွာ ပြုလုပ်နိုင်မှာ” ဟု Shenzhou-11 မစ်ရှင်တွင် တာဝန်ထမ်းဆောင်ခဲ့ကာ Tiangong-2 စခန်းတွင် ၁ လ ကြာနေခဲ့ဖူးသော အာကာသယာဉ်မှူး ချဲန်တုန်က ပြောပါတယ်။

“မှားယွင်းမှုတွက် မျဉ်းရှိပါတယ်၊ အာကာသအင်ဂျင်နီယာများဟာ ကျွန်တော်တို့အတွက် အမှားနဲ့ပတ်သက်ပြီး မျဉ်းသားပေးထားတယ်။ ဒါပေမယ့် ထိုစည်းကို လေ့ကျင့်ချိန်တွင် ကျွန်တော်တို့ လျှော့ချလိုက်တယ်” ဟု သူက ဆက်ပြောပါတယ်။

ဒါပေမယ့်‌ လေ့ကျင့်ချိန်များလာလေလေ မိသားစုအတွက် အချိန်ပေးရတာ ပိုနည်းလာလေလေ ဖြစ်ပါတယ်။ တရုတ်ဟာ အာကာသယာဉ်မှူးများ ရွေးချယ်ရာတွင် အလွန်တင်းကျပ်သော စည်းကမ်းများဖြင့် ရွေးချယ်ပါတယ်။သင်တန်းပေးရာတွင်လည်း အလွန်ပြင်းထန်စွာ သင်တန်းပေးနေပါတယ်။ ချဲန်ကလည်း သူ့ရဲ့ ပထမဆုံး မစ်ရှင်မတိုင်ခင် ၆ နှစ်ကြာ လေ့ကျင့်မှုပြုလုပ်ခဲ့ပါတယ်။

“တစ်ကြိမ်ဆိုတာ အကန့်အသတ်နဲ့သာရှိပါတယ်။ အာကာသယာဉ်မှူးတိုင်းဟာ စတေးမှုတချို့ကတော့ လုပ်ရတယ်ထင်ပါတယ်။ သင်တန်းကာလ ၆ နှစ်အတွင်း မိသားစုနဲ့ အချိန်ခဏလေးသာ ဖြုန်းခဲ့ပါတယ်။ မိသားစု ရဲ့ တာဝန်များအားလုံးကို ကျွန်တော့်ရဲ့ဇနီးကပဲ တာဝန်ယူခဲ့ပါတယ်။ အာကာသယာဉ်မှူးများရဲ့ မိသားစုတိုင်းကလည်း စတေးမှုတချို့ကို လုပ်နေရတယ်လို့ ထင်ပါတယ်၊ သူတို့ရဲ့ အားပေးထောက်ပံ့မှုကလည်း တရုတ်နိုင်ငံ၏ အာကာသစီမံကိန်းတွင် အလွန်အရေးကြီးတယ်လို့ ထင်ပါတယ်” ဟု သူက ဆက်ပြောပါတယ်။

တရုတ်၏ မောင်းသူပါ အာကာသစီမံချက်များကြောင့် အာကာသပေါ်တွင် လမ်းလျှောက်နိုင်ခြင်းမှာ ကြီးမားသော တိုးတက်မှု ရှိလာခဲ့ပါတယ်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် မောင်းသူမဲ့ အာကာသယာဉ်ဖြစ်တဲ့ Shenzhou-8 ဟာ ပစ်မှတ်အာကာသယာဉ်ဖြစ်တဲ့ Tiangong-1 နဲ့ ပထမဆုံး ချိတ်ဆက်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။ နောက်တစ်နှစ်အကြားမှာတော့ Shenzhou-9 ဟာ ပထမဆုံး လူလိုက်ပါ အာကာသစခန်းနဲ့ ချိတ်ဆက်မှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။

၂၀၁၃  ခုနှစ်တွင် Shenzhou-19 အာကာသယာဉ်မှူးများဟာ Tiangong-1 ပေါ်တွင် ခေတ္တနေခဲ့ကြပြီး စမ်းသပ်မှုပေါင်း ၂၇ ခုကို ပြုလုပ်ခဲ့ကြပါတယ်။ ၂၀၁၆ စက်တင်ဘာလတွင် တရုတ်ဟာ ပထမဆုံး အာကာသစခန်း ယာဉ်ဖြစ်တဲ့ Tiangong-2 ကို စေလွှတ်ခဲ့ပြီး တစ်လအကြာမှာတော့ Shenzhou-11 ဟာ အာကာသစခန်းနဲ့ချိတ်ဆက်နိုင်ခဲ့ပြီး ထိုထဲတွင် အာကာသမှူးဖြစ်တဲ့ ဂျင်ဟိုင်ပဲန် နှင့်ချဲန်တုန်တို့ပါဝင်ခဲ့ကြပြီး သူတို့နှစ်ဦးကတော့ အာကာသယာဉ်ပေါ်တွင် စမ်းသပ်မှုများ တစ်လခန့် ပြုလုပ်ခဲ့ကြပါတယ်။

Naing

Ref:CMG|Ten years after its first spacewalk, China aims more ambitious space mission